ဘယ်စာကို ဘယ်နှဝါမောင်သင်မတုံး



ရွှေသီးရေ . . . .တစ်ရက်က အဝေးသင် ပထမနှစ်တက်မယ့် သားက ပိုက်ဆံတောင်းတယ်ကွ။ အမြဲတမ်းကတော့ ဖေဖေမုန့်ဖိုး ဘယ်လောက်ပေးပါ၊ ဘာဖိုးဘယ်လောက်ပေးပါဆိုပြီးတောင်းနေ ကျပဲ။ ဒီတစ်ခါတောင်းတာက ထူးဆန်းနေတယ်။ စာစဉ်အဖြေလွှာ ဖိုးပေးပါတဲ့။ သူတောင်းတဲ့ ခေါင်းစဉ်ကို ငါလည်း တစ်ခါမျှ မကြားဖူးလေတော့ ဘာကိုပြောတာလဲ ဆိုပြီး ပြန်မေးယူရတယ်။ သူ့ စကားကြားမှ ငါလည်း ဒုက္ခလှလှတွေ့တော့တာပဲ။

ခက်တော့လည်း ခက်တယ် ရွှေသီးရေ။ တို့နိုင်ငံရဲ့ အပြောင်းအလဲကာလမှာ စာရေးဆရာတွေ၊ ပညာရှင်တွေ၊ မီဒီ ယာသမားတွေက နိုင်ငံ့အရေးအရာနဲ့ ပတ်သက်ပြီး ဝေဖန်ကြ၊ ထောက်ပြရေးသား ကြတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲရေးက ဟန်တပြင်ပြင် အဆင့်ပဲရှိသေးတယ်မို့လား။ အဲဒီ လိုဟန်တပြင်ပြင်နဲ့ လှုပ်မလိုလို၊ ရွေ့မလိုလိုထဲမှာ ပညာရေးက ထိပ်ဆုံးကပါနေတာကွ။

ခုလည်း သားက ငါ့ဆီမှာ လက်ဖြန့်နေပြီ။ သူတောင်းတဲ့ ပိုက်ဆံက တန်ဖိုးမများပေမယ့် ငါကတော့ လက်တွန့်သွားတယ်။ ပိုက်ဆံကို ပေးသင့်၊ မပေးသင့် ပေါ့ကွာ။ မင်းနားရှုပ်သွားလား။ ဒီလိုကွ၊ သားက အဝေးသင်တက္က သိုလ်မှာ ဥပဒေဘာသာတွဲနဲ့ ပထ မနှစ်တက်မယ်။ ကျောင်းတွေဘာတွေအပ်ပြီး သင်ရိုးစာအုပ်တွေ၊ လေ့လာမှု လမ်းညွှန်စာအုပ်တွေတောင် ကျောင်းကနေ အထုပ်လိုက် သယ်လာပြီးပြီ။ ခုတော့ ပထမနှစ်ဝက်စာစဉ်တင်ရမယ် တဲ့။ မေလနောက်ဆုံးတဲ့လေ။

ငါလည်း ပညာရေးနဲ့ ဝေးခဲ့ တာကြာပြီမို့ သူကျောင်းတက် တော့မယ်ဆိုကာမှ အဝေးသင် ပညာရေးစနစ်ကို စပ်စုမိတော့ တယ်။ ကျောင်းက ပထမနှစ်ဝက် (First Semester) စာစဉ် မေးခွန်းစာအုပ်လေးတွေ၊ ထုတ်ပေးတယ်။ သင်ရိုးတွေ၊ လေ့လာမှုလမ်းညွှန်တွေကို သေချာဖတ်၊ သေချာ လေ့လာ၊ ပြီးရင် မေး ခွန်းတွေကို ဖြေပြီး ကျောင်းကိုပြန်ပို့ပေါ့။

အဲဒီစာစဉ်တွေကို ဖြေဆို စေခြင်းရည်ရွယ်ချက်က ‘‘ဘာသာရပ်များကို လေ့လာရာတွင် ကျောင်းသားများ မည်မျှနားလည် သဘောပေါက်သည်ကို သိရှိရန် လိုအပ်ခြင်း။ စာမေးပွဲနီးမှ ဘာသာရပ်ကို လေ့လာ ကျက်မှတ် သင်ယူခြင်းထက်၊ စဉ်ဆက်မပြတ်လေ့လာမှုကို ဆောင်ရွက်စေလို ခြင်းဖြစ်သည်’’လို့ ရေး ထားတော့။ တယ်ကောင်းတဲ့ ရည်ရွယ်ချက် ပါလားလို့ ချီးကျူးမိတယ်။

ယေဘုယျအားဖြင့် အဝေး သင်ပညာရေးစနစ်ဟာ ကိုယ် တိုင်လေ့လာသင်ယူတဲ့ စနစ် (Self- Study) ကို အဓိကထား ပုံရတယ်။ ဒါဟာ သိပ်ကောင်းတဲ့ ပညာရေးစနစ်ပေါ့။

ကျောင်းသားတွေ ကိုယ် တိုင်ဖတ်ရှု၊ ကိုယ်တိုင်လေ့လာ သင်ယူစေလိုတဲ့အတွက် အလွတ် ကျက်ဖြေဆိုတဲ့ စနစ်ထက် စာရင် စူးစမ်းလိုစိတ်၊ ခွဲခြမ်းစိတ်ဖြာတွေးတောလိုစိတ်တွေ ရင့်သန်လာ နိုင်တာပေါ့။ ဒါပေမဲ့ ပြဿနာက ကျောင်းသားတွေ ဘက်က အခြေ အနေပဲ။ ပထမနှစ်တက္ကသိုလ် ကျောင်းသား တစ်ယောက်အနေ နဲ့ဆိုရင် လက်ရှိပြဋ္ဌာန်းထားတဲ့ စာအုပ်နဲ့ လက်ရှိမေးထားတဲ့ မေး ခွန်းအခြေအနေက သင့်လျော်ပါ တယ်။ ဒါပေမဲ့ အဲဒီလိုကိုယ်တိုင် ဖတ်ရှုလေ့လာဖြေဆိုနိုင်အောင် အဲဒီလိုစနစ်မျိုးနဲ့ ကလေးတွေ ကို အကျွမ်းဝင်အောင်လုပ်ခဲ့ကြပြီး ပြီလားလို့ မေးရတော့မှာပဲ။

ရွှေသီးရေ . . . ဘယ်လို စနစ်မျိုးကို ကျင့်သုံး၊ ကျင့်သုံး စနစ်တစ်ခုနဲ့ အကျွမ်းဝင်စေမယ့် နည်းလမ်းတွေကို ကြိုတင်ထိတွေ့ခွင့်ပေးထားရတယ်။ ကလေးတွေ ကျောင်းကြီးလို့ ခေါ်တဲ့ မူလတန်း မတက်ခင်မှာ ကျောင်း ဆိုတာနဲ့၊ ဆရာ၊ ဆရာမဆိုတာနဲ့ ရင်းနှီး လာအောင် Pre-School ဆိုတဲ့ မူကြိုထားသလိုပေါ့။ Pre လို့ခေါ် တဲ့ အကြိုထိတွေ့မှုဟာ အလွန် အရေးကြီးတဲ့ မဖြစ်မနေအဆင့် ပါပဲ။ ဒါမှသာ စနစ်အသစ်တစ်ခု နဲ့ နဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်ရတဲ့ အခါမှာ အစိမ်းသက်သက်ယောင် နနတွေ မဖြစ်တော့မှာပေါ့။

ခုတော့ ပထမနှစ်မတက်မီ သူတို့တွေ့ခဲ့ရတဲ့ စနစ်က ဘယ် လိုစနစ်မျိုးလဲ။ ပြဋ္ဌာန်းစာတွေကို အလွတ် ကျက်နိုင်လေလေ၊ အမှတ်များများနဲ့ အောင်မြင်လေ လေဆိုတဲ့ စနစ်မဟုတ်လား။ ဘယ်ဘာသာရပ်ကို ကိုယ်တိုင် ဆည်းပူးပြီး ဖြေဆိုခဲ့ရလို့လဲ။ လွတ်လပ်စွာ ဖြေဆိုနိုင်ပါတယ် ဆိုတဲ့ မြန်မာစာ စာစီစာကုံးနဲ့ အင်္ဂ လိပ်စာ Essay တွေမှာတောင် ကျောင်းမှာ ဆရာ၊ ဆရာမတွေ က ကျောင်းသား ကိုယ်တိုင်တွေး ခေါ်ကြံ ဆနိုင်အောင် သင်ပေးခဲ့ ကြလို့လား။ အချိန်ကုန်၊လူသက်သာရင်ပြီး ရောကျောက်သင်ပုန်းပေါ်မှာရေးပြ၊ ပြီးရင်ကူးရေး၊ အလွတ်ကျက်နဲ့ပဲ ကြီးပြင်းလာခဲ့တဲ့ ကလေးတွေကို ပထမနှစ်ကျမှ ဗြုန်းဆို ကိုယ်တိုင်လေ့ လာဖတ်ရှု ဖြေဆိုရမယ့် စနစ်ထဲပစ်ချလိုက် တာဟာ ရေမကူးတတ်တဲ့ ကလေးကို ရေကန်ထဲ ကန်ချလိုက် တာ မျိုးပဲဖြစ်မှာပေါ့။ တို့ငယ်ငယ်က ကြားဖူးခဲ့သလို ရေမကူးတတ်ရင် ရေထဲသာကန်ချလိုက်။ ကြောက်
အားလန့်အားနဲ့ အလိုလိုရေကူးတတ်သွားမယ်ဆိုတဲ့ အတွေးမျိုး နဲ့ပဲ လုပ်လေသလား . . . ရွှေသီးရေ။ တကယ်တော့ ရေထဲတွန်းချလို့ ရေကူးတတ်တဲ့ လူဆိုတာတစ်ရာခိုင်နှုန်းရှိမယ် မထင်ဘူး။ အားလုံးလို လိုကတော့ ရေနစ်ပြီး ကိုယ်ကျိုးနည်းဖို့ပဲရှိတယ်။

ခုပဲ ပထမနှစ်ဝက်စာစဉ် ဖြေဖို့တဲ့။ ငါ့သားက ငါ့ဆီက ပိုက် ဆံတောင်းနေပြီ။ ဘာစာစဉ်ဖိုးလဲ ဆိုတော့ အဝေးသင်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအတွက် အ ဖြေလွှာတွေအဆင့်သင့်ရောင်း တာရှိတယ်တဲ့။ အဲဒီအဖြေလွှာ တွေ ၀ယ်ကူးပြီး ပို့လိုက်ရုံပဲတဲ့။ ငါလည်း စိတ်ပေါက်ပေါက်နဲ့ ပြ ဋ္ဌာန်းစာအုပ်တွေ၊ လမ်းညွှန်ချက် တွေကို ဖတ်ပြီး ကိုယ့်ဘာသာ ကိုယ်ဖြေပါလားဆိုတော့ ဖေဖေ ပဲ အရင်ဖတ်ကြည့်ဦး တဲ့လေ။

ရွှေသီးရေ . . . ငါလည်း လူ တတ်ကြီးလုပ်ပြီးတော့ သူ့ပြဋ္ဌာန်း စာအုပ်တွေ ကောက်လှန်လိုက် တော့ မြန် မာစာကလွဲရင် ကျန်တဲ့ ဘာသာတွေ အားလုံးအင်္ဂလိပ် လိုရေးထားလေရဲ့။ ဆယ်တန်း အောင်ပြီးစ ကလေး တိုင်းကို ဘို လိုဖတ်တတ်လိမ့်မယ်လို့ ယူဆ ထားကြလေသလားပဲ။ ငါလည်း ဘယ်လျှော့လိုက်လေမလဲ။ မင်းပို့ ချချက်စီဒီခွေတွေ ကြည့်ပြီးပြီ လားဆိုပြီး စီဒီကို ဖွင့်တော့တာ ပေါ့။

ပို့ချတဲ့ ဆရာမကြီးက ရှေ့ကအင်္ဂလိပ်လိုပြောလိုက်၊ မြန်မာလို ပြန်ပြလိုက်နဲ့ ဂျောင်းဂျောင်းပြေး သွား တာ ပြဋ္ဌာန်းစာအုပ်ကြီးကိုင် ပြီး ငါ့မှာ မနည်းနောက်ကလိုက် ရတော့တယ်။ ငါကိုယ်တိုင် သင်ခန်းစာပို့ချ ချက်လည်းနားထောင်

ပြီးရော သားကို သူတောင်းတဲ့ ပိုက်ဆံထုတ်ပေးလိုက်ရတော့ တာပါပဲ။

ကဲ . . .ရွှေသီး၊ မင်းဘယ်လို သဘောရသလဲ။ သူတို့ကို ပေးတဲ့ Assignment ဖြေဆိုခြင်းနဲ့ ပတ် သက်တဲ့ စည်းကမ်းချက်ထဲမှာ ‘‘မိမိကိုယ်ပိုင်ဉာဏ်ထုတ်နုတ်၍ ကြိုးစားအားထုတ်ဖြေဆိုနိုင်ရန် စာစဉ်ဖြေနည်း လမ်းညွှန်ကိုပါ တစ်ပါတည်း ထုတ်ပေးထားသဖြင့် ပြင်ပရောင်းတမ်းအသင့် ဖြေဆိုပြီး အဖြေများ ကိုဖြစ်စေ။ ကျောင်းသုံးစာအုပ်နှင့် လမ်းညွှန်စာအုပ်မှ တိုက်ရိုက်ကူးယူ ဖြေဆိုခြင်းဖြစ်စေ၊ စစ်ဆေးတွေ့ရှိပါ က အမှတ်လျှော့မည်(သို့) ပယ်ဖျက်နိုင်သည်’’လို့ တိတိကျကျ သတ်မှတ်ထား တာတွေ့ရတယ်။ ဒါပေမဲ့ ဘယ်ကလေးမှ အဲဒီစည်းကမ်းချက်ကို လိုက်နာမယ် မထင်ဘူး။ ငါက အားလုံးကိုသိမ်းကျုံး ပြီး အပြစ်ဆိုချင် တာမဟုတ်ဘူး။ ပြဋ္ဌာန်းထားတဲ့ သင်ရိုးစနစ်တွေ ဘယ်လို ပဲကောင်းကောင်း အဲဒီ စနစ်ကို အကောင် အထည်ဖော် မယ့် နည်းဗျူဟာလုပ်ထုံးလုပ် နည်းတွေက အရေးကြီးတယ်လေ။ ရည်ရွယ်ချက်တွေ က ကောင်းပါရဲ့ ဒါပေမဲ့ အကောင်အ ထည်ဖော်ပုံကတော့ ဟန်ရေးပြ သက်သက်သာဖြစ်နေတယ်။ တကယ့် တကယ်ကလေးတွေကို ပြဋ္ဌာန်းစာအုပ်တွေ တကယ်လေ့ လာဖြစ်အောင် ကိုယ်တိုင်ကိုယ် ကျဖြေဖြစ်အောင် သူတို့နားလည် လွယ်မယ့်၊ စိတ်ပါစေမယ့် သင် ကြားရေးစနစ်တွေ ဘယ်လို အသုံး ပြုရ မလဲဆိုတာ ၀ိုင်းဝန်းစဉ်းစား အဖြေရှာသင့်တယ်။

ခုတော့ အဝေးသင်တက္က သိုလ်တက်တဲ့ ကလေးတွေဟာ တစ်ခါတစ်ခါပြဋ္ဌာန်းစာအုပ်တွေ ကို ကျောင်းက ထုတ်ပေးလိုက်တဲ့ အတိုင်း ပလတ်စတစ်ကြိုးတောင် မဖြေဘဲ ဘွဲ့ရသွားကြသတဲ့။ တစ်နှစ်ကို အနီးကပ် ၁၀ ရက် တက်၊ ကျူရှင်တွေ ကမန်းကတန်းပြေးတက်ပြီး ငါးနှစ်ကြာတဲ့ အခါ ဥပဒေဘွဲ့ တစ်ခုလက်ထဲ ကို ရောက်။ အဲဒီကလေးတွေကပဲ ဥပဒေလောကထဲ အလုပ်ဝင်ဆိုရင် တို့မြန်မာ့ဥပဒေလောက ကြီးက ကျွမ်းထိုးမှောက်ခုံဖြစ်ဖို့ပဲ ရှိတော့မပေါ့။ ဒီလိုပဲ ဘယ်ဘာသာရပ်တိုင်းမဆို ဒီအတိုင်းပဲ သွားကြမယ်ဆိုရင် တို့ဘယ်လူငယ် တွေကို အားကိုးကြရမှာလဲ။

ကလေးတွေ ကိုယ်တိုင်ကြိုး စားမှုက အရေးပါတယ်လို့ပြော ရင်တော့ စာအုပ်ဖတ်လည်း နား မလည်၊ ပို့ချချက်ဖွင့်ကြည့်တော့ လည်း ဘာမှန်းမသိတဲ့ ကလေး တွေက စာစဉ်ကို ကူးရေးတာဟာ စည်းကမ်း ကို ဖောက်ဖျက်တာ၊ ကျင့်ဝတ်ကို မလိုက်နာတာဆို တာ သတိတောင်ထားမိပုံမပေါ် ဘူးလေ။ ဒီလိုပုံအတိုင်း အဝေး သင်ကို ဆက်ခရီးနှင်နေကြရင်ဖြင့် ဘယ်စာကို ဘယ်နှဝါမောင်သင် မတုံးလို့ မေးရတော့မှာပဲ။ ဘယ် နှဝါပဲသင်သင်တတ်မှာမှ မဟုတ်ဘဲကိုး။။

7Day Daily
No.361 Sunday, April 27,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...