လေထုညစ်ညမ်းမှုကြောင့် ၂၀၁၂ ခုနှစ်အတွင်း လူခုနစ်သန်းသေဆုံးခဲ့
လေထုညစ်ညမ်းမှုကြောင့် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှန်း လူခုနစ်သန်းသေဆုံးခဲ့ရပြီး ၎င်းတို့၏ ထက်ဝက်မှာ အိမ်တွင်း မီးဖိုမီးမွှေးခြင်းကြောင့်ဖြစ်ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)့က ထုတ်ပြန် သည့်အစီရင်ခံစာအရသိရသည်။ ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီ၏ အဆိုအရ နှလုံးရော ဂါ၊ လေဖြတ်ဝေဒနာ၊ အဆုတ်ကင်ဆာ နှင့် နာတာရှည်လေပြွန်ကျဉ်းရောဂါတို့သည် လေထုညစ်ညမ်းမှုနှင့် ဆက်နွယ်သည့် သေဆုံးစေတတ်သော အန္တရာယ်များဖြစ်ကြကြောင်း CNN သတင်းဌာနက တင်ပြထား သည်။
၂၀၁၂ ခုနှစ်အတွင်း သေဆုံးခဲ့ သော လူခုနစ်သန်းခန့်အနက် ၂.၈ သန်းသည် အရှေ့အာရှနှင့် ပစိဖိတ် ကျွန်းစွယ်ဒေသတွင်ဖြစ်ပြီး၂.၃သန်းသည် အရှေ့တောင်အာရှတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝှန်း လူဦးရေ သုံးဘီလျံခန့်သည် ထင်း၊ ကျောက်မီးသွေး နှင့် မီးသွေးမီးဖိုတို့ကို အိမ်တွင်းချက်ပြုတ်ရန် အသုံးပြုနေကြဆဲဖြစ်ကြောင်း WHOးကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ “ယနေ့ ကမ္ဘာ့တစ်ဝှန်း ကျန်းမာရေးကို လေထုညစ်ညမ်းမှုလောက် ထိခိုက်စေတဲ့ အရာမရှိပါဘူး။
ယခု တွေ့ရှိချက်တွေအရ ကျွန်တော်တို့ အားလုံးရှူနေတဲ့လေကို သန့်စင်အောင် ဂရုစိုက်ကြဖို့ လိုတယ်ဆို တာ ဖော်ပြနေပါတယ်”ဟု WHO ပြည်သူ့ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး Dr. Maria Neira ကဆိုသည်။
ဇော်ကို
Ref:CNN
- (အရှေ့သို့) အိပ်ချိန်နည်းသည့် ကလေးငယ်များ အ၀လွန်ခြင်းနှင့် ဆက်စပ်နိုင် Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...Susten 100 ကိုယ္ဝန္မွာသံုးတဲ့ေဆးတမ်ိဳးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Acer Aspire E1-510P-2671 Laptop Review ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး' သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) R.I.P.D. The PC Game Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...Susten 100 ကိုယ္ဝန္မွာသံုးတဲ့ေဆးတမ်ိဳးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Acer Aspire E1-510P-2671 Laptop Review ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး' သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း