သက်တမ်းကုန်သော်လည်း ထိန်းသိမ်းစားသောက်နိုင်သည့် အစားအစာများ
အစာသွတ်ဘူး၊ စည်သွတ်ဘူးများ
အစာသွတ်ဘူး၊ စည်သွတ်ဘူးတွေမှာ ပါဝင်တဲ့ သက်တမ်းကုန်ဆုံးရက် (Expiry Date) တွေဟာ အများအားဖြင့် လေးနှစ်သက်တမ်း ရှိပါတယ်။ အကယ်၍ အအေးခန်းတွေ၊ မှောင်တဲ့ နေရာတွေ မှာ သေသေချာချာ ထိန်းသိမ်းနိုင်ရင် သုံးနှစ်ကနေ ခြောက်နှစ်အထိ အထားခံပါတယ်။
အေးခဲနေသော အစာများ
အစာသွတ်ဘူးတွေလိုပဲ ရေခဲရိုက်လို့ အေးခဲနေတဲ့ အစာတွေဟာ သတ်မှတ်ရက်ထက် စနစ်တကျ ထိန်းသိမ်းပြီး စားနိုင်ပါတယ်။
ဥအမျိုးမျိုး
ကြက်ဥ၊ ဘဲဥနဲ့ အခြား ဥအမျိုးမျိုးကို အထားခံ ၊ မခံ စမ်းသပ်နိုင်ပါတယ်။ ကြက်ဥတစ်လုံးကို ရေထည့်ထား တဲ့ ခွက်ထဲ ထည့်လိုက်ပါ။ အကယ်၍ ကြက်ဥဟာ ရေမှာ ပေါ်နေရင် ဒါဟာ ဘက်တီးရီးယား ပေါက်ဖွား မှု မြင့်မားနေတာကို ပြတာ ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေဟာ မကောင်းတဲ့ ဂတ်စ်တွေကို ကြက်ဥထဲမှာ ထုတ်လုပ်နေတာကြောင့် ကြက်ဥ ရေထဲမှာ ပေါ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေထဲ ထည့်ကြည့်လို့ နစ်မသွားဘဲ ပေါ်နေရင် လွှင့်ပစ်သင့်ပါတယ်။
အီတလီခေါက်ဆွဲခြောက်
အီတလီခေါက်ဆွဲခြောက်တွေဟာ စနစ်တကျ ခြောက်သွေ့အောင် ပြုလုပ်ပြီးမှ ထုတ်ပိုးတာကြောင့် ရေ ပါဝင်မှု အလွန်ကို နည်းတဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် အနံ့အသက် ဆိုးဆိုးရွားရွား မထွက်ခင်အထိ သက်တမ်း ကုန်လွန်နေရင်တောင် ဆက်လက် ထိန်းသိမ်းပြီး စားသောက်နိုင်ပါတယ်။
ပေါင်မုန့်များ
ပေါင်မုန့်တွေကို သတ်မှတ်ထားတဲ့ ရက်ထက် ကျော်လွန်ပြီး စားနိုင်ပါတယ်။ တကယ်လို့ ရေခဲသေတ္တာ အအေးခန်းထဲမှာ သေချာ သိမ်းထားမယ်၊ အေးခဲအောင် ပြုလုပ်ထားမယ်ဆိုရင် မှိုစိမ်းစိမ်းတွေ ထွက်မလာခင်အထိ ယုံယုံကြည်ကြည် စားနိုင်ပါတယ်။
ဟင်းသီးဟင်းရွက် သစ်သီးများ
ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေကို အနံ့ခံကြည့်ပါ။ အခြေအနေကို ကြည့်ပြီး မပုပ်မသိုးဘဲ အနံ့အသက် ကောင်းမွန်သေးရင် စားနိုင်ပါတယ်။
အိဖြူ (ဆေးဝါးတက္ကသိုလ်)