ချစ်သူရည်းစား စုံတွဲလေးတွေမှာ ဒါအဖြစ်ပျက်တွေက သွေးထွက်အောင် မှန်တယ်မှတ်လား
pic… google
(၁) ကိုယ့်ချစ်သူ နဲ့ ကိုယ်နဲ့ လျှောက်လည်ကြတဲ့ အချိန်မျိုးမှာဆိုရင် လူတွေကြားထဲရောက် ရင် ကောင်မလေးဆိုရင်လည်း သူ့ချစ်သူကောင်လေးလက်ကို ကောက်တွဲပစ်လိုက်တာပဲဖြစ်ဖြစ် ..
ကောင်လေးဆိုရင်လည်း ကောင်မလေးပခုံးကို လှမ်းဖက်လိုက်တာပဲဖြစ်ဖြစ် အဲ့လိုလေးတော့ လုပ်တတ်ကြတယ် မှတ်လား ?? (အဲ့ဒါ လူကြားထဲမှာ ငါသည်သာ သူ့ချစ်သူ ဆိုပြီး ဂုဏ်ယူချင်တဲ့ စိတ်လေးပေါ့ )
(၂) နှစ်ယောက်သားတွေ့တဲ့အချိန်တိုင်းမှာလည်း သူ့ဖုန်းကိုယူယူစစ်တတ်သေးတယ် (message, call list ကအစ gallery ပါမကျန် )
(၃) ကိုယ့်ချစ်သူကိုလာရှိုးတဲ့လူဆိုလည်း အော်တိုမစ်တစ် မျက်စောင်းကဆယ်ခါးထိုး ဘုကြည့်ပါကြည့် ပစ်နေကြ
(၄) တစ်ခါတစ်လေ သူ့ account ကိုဆိုလည်း ဝင်ဝင်မွှေတတ်သေးတယ်
(၅) ကိုယ့်အတွက်ရည်ရွယ်ပြီးရေးထားတဲ့စာလေးများတွေ့ရင် မျက်နှာကြီးကအလိုလိုနေရင်း ပြုံးဖြီးလို့ .. (ဟဲဟဲ မှန်တယ်လို့တွေးနေပြီ မဟုတ်လား သိနေတယ်လေ :D)
(၆) ကိုယ့်ချစ်သူဓါတ်ပုံအောက်က ပေးထားတဲ့Comment ထဲမှာ ကိုယ့်ချစ်သူကို ပြီတီတီ comment များတွေ့လို့ကတော့ auto delete ..
(၇)တစ်ခါတစ်လေ message box ထဲမှာ သူ နဲ့ chat ထားတာတွေတွေ့ရင် ခင်မင်မှုတွေ သူငယ်ချင်းတွေ နားမလည်ဘူး စိတ်ကောင်းဝင်တဲ့အချိန် unfriend စိတ်ဆိုးနေတဲ့အချိန်ဆို လာလေရော့ block list ,, နားကိုအေးရော ( သဝန်တွေတိုမိတာကိုးနော် )
အဲ့လို အဲ့လို အဖြစ်လေးတွေရှိကြတယ်ဟုတ် .. ဒါပေမယ့် ဘယ်လိုပြောရမလဲ
အဲ့ဒါတွေက ချစ်လွန်းလို့ဖြစ်သွားတာပါလို့
ref…မယ်ပိုး ( Poe Thin Zar )
World Myanmar