အရက်အမှုန့် ကို အမေရိကန်တွင် ရောင်းချတော့မည်

အရက်အမှုန့် ကို အမေရိကန် အာဏာပိုင်များ က ထုတ်လုပ်ရောင်းချခွင့်ပြုလိုက်ပြီ ဖြစ်သည်။ Palcohol ဟု အမည်ပေးထားပြီး သွားလေရာ အလွယ်တကူ ယူဆောင် အသုံးပြုနိုင်မည် ဖြစ်သည်။ အရက် အမှုန့် ကို ရေ သို့မဟုတ် အခြား ဖျော်ရည်များ ဖြင့် ရောစပ်သောက်သုံးနိုင်မည် ဖြစ်သည်။ Margarita နှင့် Cosmopolitan အပါအ၀င် အရက်အမှုန့် ခုနစ်မျိုး ကို ခွင့်ပြုထားပြီး ဆောင်းရာသီ မတိုင်မီ ရောင်းချမည် ဟု သိရပါသည်။
Palcohol ကို အစားအစာများ တွင် ထည့်သွင်း နိုင်သည် ဟု Company က ပြောပါသည်။ အစားအစာများ နှင့် Palcohol ကို ပေါင်းစပ်ချက်ပြုတ်လျှင် မီးလောင်ကျွမ်းမည် ဖြစ်သဖြင့် အစားအစာများ ချက်ပြုတ်ပြီးမှသာ Palcohol ကို ထည့်သွင်း စားသုံးရမည် ဖြစ်သည်။
အရက်အမှုန့်သည် အလွယ်တကူ ယူဆောင် နိုင်သဖြင့် အသက်မပြည့်သေးသည့် ကလေးငယ်များ သုံးစွဲနိုင်သည့် ပြဿနာများ လည်း ဖြစ်ပေါ်လာနိုင်သည် ဟု ကျွမ်းကျင်သူများ က သုံးသပ်ပါသည်။ သို့သော် အရက်အမှုန့်များ ကို ဂျပန်၊ ဂျာမနီ နိုင်ငံများ တွင် ရောင်းချလျှက်ရှိသည့် အတွက် အမေရိကန် တွင် ရောင်းချလျှင်လည်း ပြဿနာ ဖြစ်ပေါ်မည် မဟုတ်ဟု Company က ပြောပါသည်။
သူရ
Myanmar Digital Life Journal