Notification Bar မှာ နှစ်သက်ရာ Settings များနဲ့ App များကို လျှင်မြန်စွာ အသုံးပြုလို့ရစေမယ့် Notification Toggle

Android Phone များမှာ Notification Bar ကို ဆွဲချကြည့်ရင် Settings များကို အသုံးပြုနိုင်ပါ တယ်။ နှစ်သက်တဲ့ Settings များကို ထပ်ဖြည့်ချင်ရင် Notification Toggle ကို အသုံးပြုနိုင်ပါတယ်။ Notification Toggle က အသုံးပြုနေကျ Settings နဲ့ App များကို Notification Bar မှာ လျှင်မြန်စွာ အသုံးပြုလို့ရအောင် ပြုလုပ်ပေးနိုင်ပါတယ်။
အိုင်ကွန်များ ကို လိုင်း နှစ်လိုင်း မှာ ပြသပေးထားမှာ ဖြစ်ပါတယ်။ နှစ်သက်ရာ Settings နဲ့ App များကို နှစ်သက်ရာ လိုင်း မှာ နေရာချ အသုံးပြုနိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ Settings များထဲမှာ WiFi(network, advanced, tethering), Bluetooth(settings, visibility, tethering), Connectivity, Sound, Music Playback, Display, GPS, Camera, Alarm နဲ့ အခြား Settings များစွာ ရှိပါတယ်။
Notification Toggle ရဲ့ ပုံပန်းသွင်ပြင် ကို နှစ်သက်သလို ပြောင်းလဲနိုင်ပါတယ်။ အိုင်ကွန်များ ကို နှစ်သက်သလို နေရာချနိုင်ပါတယ်။ အိုင်ကွန်များ ကို ရွေးချယ်နိုင်ပြီး အရောင်များ သတ်မှတ်နိုင်ပါတယ်။ အိုင်ကွန်များ ကို ဒေါင်းလုပ် လုပ်နိုင်ပါတယ်။
Premium Version မှာ Apps များထဲမှ စွမ်းဆောင်ချက်များ ကို Shortcut အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဥပမာ အားဖြင့် Contact တစ်ခု ကို တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်တဲ့ Shortcut ၊ Dropbox အတွင်းမှ ဖိုဒါတစ်ခု ကို တိုက်ရိုက် အသုံးပြုနိုင်တဲ့ Shortcut ၊ Music Player ကို တိုက်ရိုက် အသုံးပြုနိုင်တဲ့ Shortcut အပြင် ဖုန်းမှာ အင်စတော လုပ်ထားတဲ့ App ပေါ်မူတည်ပြီး အခြား စွမ်းဆောင်ချက်များ ပါရှိပါတယ်။
Free Version ကို အောက်က လင့် မှာ ရယူနိုင်ပါတယ်။
https://play.google.com/store/apps/details?id=de.j4velin.notificationToggle
သူရ
Myanmar Digital Life Journal