နိုင်ငံတကာ အာကာသစခန်းအတွက် စက်ရုပ်လူသား



အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ) မှ နည်းပညာအမြင့်ဆုံး ပုံစံဖြင့် ခြေထောက် တပ်ဆင်ထားသော ရိုဘိုနော့ (၂) ( Robonaut 2 (R2)) အမည်ရ စက်ရုပ်တစ်ရုပ်ကို နိုင်ငံတကာ အာကာသစခန်းသို့ ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၅၈ မိနစ်မှာ SpaceX-3 အာကာသယာဉ်နှင့် အတူ စေလွှတ်လိုက်ပြီဖြစ်ပါတယ်။

ဒီ ခြေထောက်ပါတဲ့ စက်ရုပ်ဟာ နိုင်ငံတကာအာကာသစခန်း အတွင်း၊ အပြင် နေရာအားလုံးမှာ ထိန်းချုပ် အသုံးပြု နိုင်မှာဖြစ်ပါတယ်။ ယခင် ထုတ်လုပ်ခဲ့တဲ့ ရိုဘိုနော့ စက်ရုပ်များမှာတော့ ခြေထောက်မပါဝင်ပါဘူး။ ယခု တပ်ဆင်လိုက်တဲ့ ခြေထောက်များမှာ အဆစ် ခုနှစ်ဆစ်ပါရှိပြီး လိုသလို ထိန်းကျောင်းနိုင်ပါတယ်။ ရိုဘိုနော့ဟာ နောက်ပိုင်း အနရာယ်များတဲ့ အာကာသအပြင်ဘက်လုပ်ငန်းဆောင်တာများမှာ လူသားတွေ ကိုယ်စား လုပ်ကိုင်ဆောင်ရွက်ပေးတော့မှာ ဖြစ်ပါတယ်..။

အာကာသနှင့် စကြ၀ဠာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...