အာကာသကလာတဲ့ ဗီတာမင်



နာဆာမှ သိပ္ပံ ပညာရှင်များဟာ ဗီတာမင် ဘီ (၃) (Vitamin B3) ဆိုတဲ့ ဓါတ်ဟာ ကာဗွန်ဒြပ်ပေါင်းများစွာ ပါဝင်တဲ့ ဥက္ကာခဲ၊ ဥက္ကာပျံများမှ တဆင့် ရရှိတယ်လို့ ဆိုလိုက်ပါပြီ..။ ဒါဟာ ကမ္ဘာဦး သက်ရှိများရဲ့ ဖြစ်ပေါ် မှုမှာ အာကာသမှလာသော အထောက်အကူများစွာ ပါရှိခဲ့တယ်ဆိုတဲ့ အချက်ကို ပိုမိုခိုင်မာစေပါတယ်..။

နိုင်ယာဆင် (ခ) ဗီတာမင် ဘီ (၃) ဟာ ခန္ဓာ ကိုယ်ဖွဲ့စည်းတည်ဆောက်မှုမှာ များစွာအရေးပါတဲ့ အာဟာရ ဓါတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီ ဓါတ်ကို ဥက္ကာခဲတွေမှာ ရှာတွေ့ခဲ့တာ ယခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က အမေရိကန်နိုင်ငံ အယ်ရဇိုးနား တက္ကသိုလ်မှ အဖွဲ့တစ်ဖွဲ့ဟာ Tagish Lake ဆိုတဲ့ ဥက္ကာခဲကို သုတေသနပြုလုပ်ပြီး ဒီလိုဒြပ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ဖူးပါတယ်။

ပင်လယ်၊ သမုဒ္ဒရာ ထဲသို့ ကျရောက်ခဲ့တဲ့ ဥက္ကာခဲတွေမှာတော့ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဓါတ်သတု ပါဝင်မှုဟာလည်း ရေတိုက်စားမှုနှင့်အတူ ပြောင်းလဲ ပျောက်ကွယ်လို့ သွားကြပါတယ်။ ဒါပေမယ့် ရေခဲပြင်လို နေရာမျိုးကို ကျရောက်ခဲ့တဲ့ ဥက္ကာခဲတွေမှာတော့ နှစ်ပေါင်းများစွာကြာသည့်တိုင် ဓါတ် အာနိသင် မပြောင်းလဲဘဲ ရှိနေနိုင်ပါတယ်။ နောက်ပြီး အချို့ အာနိသင်များဟာ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ.. ကမ္ဘာမြေကြီးနဲ့ ရောနှောသွားပြီး ဓါတုဗေဒ ပြောင်းလဲမှုများမှတဆင့် ယခုလို ဗီတာမင်မျိုး ရရှိခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ သုတေသနပညာရှင်များဟာ ပိုမိုတိကျတဲ့ အဖြေတစ်ခုကို ဖော်ပြပေးနိုင်ဖို့ ဆက်လက် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိနေပါတော့တယ်..။

အာကာသနှင့် စကြ၀ဠာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...