လောကအလှဆင်ခြင်း....

တကယ်တော့ ကောင်းမွန်ပြီးပြည့်စုံတဲ့  ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့ ဆိုတာ
ထင်သလောက်မလွယ်ကူမှန်း သိပြီးမှာပါ...။
ဘယ်လိုဘဝကိုပဲ ပိုင်ဆိုင်ထားကြပါစေ
ဒါဟာ ကိုယ့်ဘဝအတွက်ကောင်းမွန်တဲ့ 
အခြေနေလို့ တွေးရမှာပါပဲ..။
ဘဝမှာတာဝန်ကျေ ဖို့ ပဲလိုတာပါ ....
ကိုယ်ကျင်လည်တဲ့  ဘဝမှာ ...
ကိုယ်ကျင်လည်တဲ့  ပတ်ဝန်းကျင်မှာ...
ရှေးဆောင် လမ်းပြတော့ ဖြစ်သင့်ပါတယ်....။
ဒီလိုသာ အမြဲ နှလုံးသွင်းပြီး
ကိုယ်စီကိုယ်ငှ တာဝန်ကျေအောင်
လုပ်ဆောင်ကြမယ်ဆိုရင် .....
ဒါဟာ လောကကို အလှဆင်နေခြင်း တစ်မျိုးပါပဲ....။
True Man
Myanmar Forward