မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်တစ်စင်း ပျက်ကျ ရှစ်ဦးသေဆုံး



မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းတွင် ဧပြီ ၁၉ ရက်ညပိုင်းက Hawker 800 ဂျက်လေယာဉ် တစ်စင်းပျက်ကျခဲ့ရာ ခရီးသည်ရှစ်ဦး သေဆုံးခဲ့ကြောင်း ကွာဟီးလာပြည်နယ် အစိုးရက ဧပြီ ၂ဝ ရက်တွင် ပြောကြားခဲ့သည်။

၎င်းလေယာဉ်သည် ဆေးတိုင်လိုမြို့မြောက်ဘက် Ramos Arizpe ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ စက်မှုနယ်မြေပေါ်သို့ ပျက်ကျခဲ့ကြောင်း ပြည်နယ်ရှေ့နေ ချုပ်ရုံးမှ ထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထား သည်။ ၎င်းလေယာဉ်သည် Yucantan ကျွန်းဆွယ် အရှေ့ဘက် ကမ်းရိုးတန်းရှိ Mexi-can Caribbean ကျွန်းဆွယ်မှ ထွက်ခွာလာ ခဲ့ကြောင်း ကနဦး စစ်ဆေးချက်အရ သိရသည်။ အဆိုပါ လေယာဉ်ပျက်ကျမှုနှင့် စပ်လျဉ်း၍ အတိအကျ သိရှိနိုင်ရန် အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက် ရှိကြောင်းလည်း သိရသည်။

မြ၀တီ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...