အပူဆုံးနေရာ (၅) ခု



ကမ္ဘာပေါ်က အပူပြင်းဆုံးနေရာ (၅) ခုကို ဖော်ပြပေးရလျှင်..

၁။ သေမင်းတမန် တောင်ကြား ၊ ကယ်လီဖိုးနီးယား (Death Valley, California)

နာမည်နှင့်လိုက်တဲ့ နေရာပါဘဲ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အရှေ့တောင်ဘက်မှာ ရှိပါတယ်။ မြောက်အမေရိကတိုက်ရဲ့ အပူဆုံး၊ အခြောက်ကပ်ဆုံး နဲ့ အနိမ့်ဆုံးနေရာပါဘဲ။ အမြင့်ဆုံးအပူချိန် ၅၆.၇ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိပါတယ်။ နေ့အပူချိန် အရမ်းမြင့်ပေမယ့် ည အပူချိန်ကျပြန်တော့ ရေခဲ မှတ်အောက် ရောက်နေပြန်ပါတယ်..။

၂။ အယ်လ်အဇီးဇီးယား ၊ လစ်ဗျား (Al’Aziziyah, Libya)

ပူပြင်းခြောက်သွေ့တဲ့ နေရာတစ်ခုပါဘဲ..။ ၁၉၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က အမြင့်ဆုံးအပူချိန် ၅၇.၈ ဒီဂရီ ဆဲလ်စီးယပ်စ် အထိ ရောက်ရှိခဲ့ပါတယ်။

၃။ ဂူးဒီးမက်စ် ၊ လစ်ဗျား (Ghudamis, Libya)

လစ်ဗျားရဲ့ အပူဆုံးဒေသပါဘဲ..။ လစ်ဗျားနိုင်ငံ အနောက်ပိုင်းမှာ ရှိပြီး အမြင့်ဆုံးအပူချိန် ၅၅ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိပါတယ်။ အိမ်များကို အပူဒဏ်နဲ့ သဲမုန်တိုင်းဒဏ် ကာကွယ်အောင် တည်ဆောက်နေ ထိုင်ကြရပါတယ်..။

၎။ ကီဘီ ၊ တူနီးရှား (Kebili, Tunisia)

အာဖရိကတိုက် တူနီးရှားနိုင်ငံ အလယ်ပိုင်းက အိုအေစစ် မြို့လေးဖြစ်ပါတယ်။ အမြင့်ဆုံးအပူချိန် ၅၅ ဒီဂရီ ဆဲလ်စီးယပ်စ် အထိ ရှိခဲ့ပါတယ်..။

၅။ တင်ဘက်တူ၊ မာလီ ( Timbuktu, Mali )

အာဖရိက အနောက်ပိုင်း မာလီနိုင်ငံမှာရှိတဲ့ ထင်ရှားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အမြင့်ဆုံးအပူချိန် ၅၄.၅ ဒီဂရီ ဆဲလ်စီးယပ်စ် ထိ ရှိနိုင်ပါတယ်။ ထင်ရှားတဲ့ ရှေးဟောင်းဗိသုကာ အဆောက်အအုံများလည်း ရှိပါတယ်။

အာကာသနှင့် စကြ၀ဠာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...