အီဒင်ဘာ့ခ်ျနာပီရာတက္ကသိုလ်က မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆုချီးမြှင့်မည်


စင်ကာပူပီအက်စ်ဘီ အကယ်ဒမီကျောင်းက သည်နှစ်မှာ အင်္ဂလန်နိုင်ငံ အီဒင့်ဘာ့ခ်ျနာပီရာတက္ကသိုလ် နဲ့ထပ်မံ ပူးပေါင်းချိတ်ဆက်လိုက်ပြီး ပညာသင်ဆု စင်ကာပူဒေါ်လာ ၂၀၀၀ ကိုချီးမြှင့်ပေးသွားမယ်လို့ Myanmar Search International ကသိရပါတယ်။

ဘွဲ့ဒီဂရီတန်းနဲ့ မာစတာတန်းတို့ရဲ့ ဖေဖော်ဝါရီနဲ့ ဇွန်လ ကျောင်းဖွင့်ချိန်တွေအတွက် မြန်မာနိုင်ငံ က ကျောင်းသားတွေကို ချီးမြှင့်မှာဖြစ်ပါတယ်။ အီဒင်ဘာ့ခ်ျနာပီရာ တက္ကသိုလ် (Edinburgh Napier University) ကအရှေ့တောင်အာရှရှိ စင်ကာပူနိုင်ငံ ပီအက်စ်ဘီအကယ်ဒမီနဲ့ ချိတ်ဆက်ပေးပြီး အီဒင်ဘာ့ခ်ျနာပီရာ တက္ကသိုလ်က ဘွဲ့လက်မှတ်တွေကို ပီအက်စ်ဘီအကယ်ဒမီမှာ ကုန်ကျစရိတ် သက်သက်သာသာနဲ့ သင်ယူနိုင်ပါတယ်။

ဘွဲ့ဒီဂရီတန်းအတွက် ဝင်ခွင့်သတ်မှတ်ချက်တွေမှာ ပညာသင်နှစ်ကင်းလွတ်ခွင့်လျှောက်ချင်သူတွေ အတွက် မြန်မာနိုင်ငံက စီးပွားရေးဆိုင်ရာ ဘာသာရပ် နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာ၊ အဆင့်မြင့် ဒီပလိုမာအောင်မြင်ပြီးထားတဲ့ ကျောင်းသားတွေ၊ မြန်မာနိုင်ငံက စီးပွားရေးဆိုင်ရာ ပညာရပ်တွေကို သင်ကြားနေတဲ့ အစိုးရတက္ကသိုလ်နဲ့ ပုဂ္ဂလိကသင်တန်းကျောင်းတွေက ကျောင်းသားတွေက ပညာ သင်နှစ် ကင်းလွတ်ခွင့်တွေနဲ့ အီဒင်ဘာ့ခ်ျတက္ကသိုလ်ရဲ့ ဘွဲ့ဒီဂရီတန်းကို လျှောက်ထားခွင့်ရှိပါတယ်။

ဘွဲ့ဒီဂရီတန်းမှာ ပညာသင်နှစ်ကင်းလွတ်ခွင့်နဲ့အတူ ၁၆ လသာ ဆက်တက်ရမယ့် ကျောင်းသားတွေ အတွက် စင်ကာပူဒေါ်လာ ၂၃၄၉၇.၂၀ ဖြစ်ပြီး Bachelor of Arts (Honours) အတွက် ပညာသင်နှစ် ကင်းလွတ်ခွင့်နဲ့အတူ ၂၄ လသာ ဆက်တက်ရောက်ရမှာဖြစ်ပြီး ကျောင်းလခက စင်ကာပူဒေါ်လာ ၃၅၂၄၅.၈၀ ဖြစ်ပါတယ်။ Master of Science အတွက် မူလကျောင်းလခတွေက စင်ကာပူဒေါ်လာ ၁၉၆၃၄.၅၀ ဖြစ်ပါတယ်။

သင်ယူနိုင်တဲ့ ဘွဲ့ဒီဂရီတွေနဲ့ ဘာသာရပ်တွေက ပွဲတော်နဲ့အခမ်းအနားစီမံခန့်ခွဲမှု၊ ဟိုတယ်နဲ့ ခရီးသွား ဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ်တွေ၊ စီးပွားရေးနဲ့ဆိုင်တဲ့ ဘာသာရပ်တွေ ဖြစ်ပါတယ်။ မာစတာတန်း အတွက် မြန်မာနိုင်ငံက အဝေးသင်ကျောင်းသားတွေဆိုရင် လုပ်ငန်းအတွေ့အကြုံသုံးနှစ်ရှိဖို့ လိုပါ တယ်။ နေ့ကျောင်းတက်တဲ့သူဆိုရင် လုပ်ငန်းအတွေ့အကြုံနှစ်နှစ်ရှိဖို့ လိုပါတယ်။ နေ့ကျောင်းတက်ပြီး ဘွဲ့ရတဲ့သူတွေက လုပ်ငန်းအတွေ့အကြုံမရှိလည်း လျှောက်လို့ရပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၃)၊ ဧပြီလ(၄) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...