စွန်းဝူခုန်း မြန်မာနိုင်ငံ လာမည်


ဝူခုန်းမင်းသား Liu Xiao Ling Tong

ဝူခုန်းကားဟုလူသိများသည့် အနောက်အရပ်သို့ ခရီးသွားခြင်း တရုတ်ဇာတ်လမ်းတွဲ မင်းသား စွန်းဝူခုန်း သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အနေဖြင့် လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနှင့် တရုတ်နိုင်ငံတွင် ဖွဲ့စည်းထားသော တရုတ်-မြန်မာချစ်ကြည်ရေး အသင်းတို့ ပူးပေါင်းပြီး ၀ူခုန်းမင်းသား၏ မြန်မာနိုင်ငံခရီးစဉ်ကို စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ သတင်းရရှိသည်။

ဝူခုန်းမင်းသားအနေဖြင့်လာမည့်မေလနှင့် ဇွန်လတစ်လအတွင်း ရန်ကုန်မြို့ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)သို့ လာရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် မန္တလေးမြို့သို့ပါ တဆက်တည်း ၀င်ရောက်လေ့လာ ရန် အသင်းတာဝန်ရှိသူများ စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးပိုမြင့်ကပြောသည်။

‘‘၀ူခုန်းမင်းသား ဆိုတာကလည်း မြန်မာပရိသတ်တွေနဲ့မစိမ်းတော့ မြန်မာပြည်ကိုလာဖို့ စီစဉ်ကြတာ။ မင်းသားကလည်း လာချင်တာ လိုလိုလားလားပါပဲ။ ရန်ကုန်ကိုတော့ သေချာပေါက် လာဖြစ်မှာ။ မန္တလေး ကိုတော့အဆင်ပြေရင် ၀င်ဖို့လည်း စီစဉ်နေကြတယ်’’ဟု ဦးပိုမြင့်ကပြောသည်။

ဝူခုန်းမင်းသားအနေဖြင့်မြန် မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်စဉ် ပြည်တွင်းရှိ အကူအညီလို အပ်နေသည့် အဖွဲ့အ စည်းများ၊ ကျောင်းများသို့လည်း သွားရောက်တွေ့ဆုံပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ အထောက်အပံ့များပေးရန် အစီအစဉ်လည်း ပါဝင်လာနိုင်ကြောင်း ဦးပိုမြင့်ကပင်သုံးသပ်ပြောကြား သည်။

၂၀၁၂ခုနှစ်အတွင်းက ကမ္ဘာ ကျော်တရုတ်မင်းသားဂျက်ကီချန်းသည် ယူနီဆက်အဖွဲ့ကြီး၏ အစီအ စဉ်ဖြင့် မြန်မာနိုင်ငံသို့လာ ရောက်ခဲ့ဖူးသည်။ ၀ူခုန်းမင်းသား၏ ခရီးစဉ် အမှန်တကယ်ဖြစ်လာ ခဲ့ပါ က မြန်မာနိုင်ငံသို့ လာရောက်ဖူးသည့် ဒုတိယမြောက် တရုတ်မင်းသားဖြစ်လာမည်ဖြစ်သည်။

တရုတ်မင်းသားဂျက်လီကလည်း ၎င်း၏ ကိုယ်ခံတရုတ်သိုင်းပညာများကို မြန်မာနိုင်ငံရှိ အခြေခံ ပညာကျောင်းများမှ သိုင်းပညာ စိတ်ဝင်စားသည့် ကျောင်းသားများအား လာရောက်သင်ပေးမည်ဟု ၂၀၁၃ခုနှစ်အတွင်းက ကမ်း လှမ်းထားခဲ့ဖူးကြောင်းအမှတ်(၂) အခြေခံပညာဦးစီးဌာနမှ သတင်းရရှိသည်။

7Day Daily
No.362 Monday, April 28,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...