ပျော်ရွှင်ချမ်းမြေ့သည့် အချစ်ရေးကို ဖွင့်ဟခဲ့သည့် အမ်မာစတုန်း

Amazing Spiderman ဇာတ်ကားတွင် အတူတွဲ သရုပ်ဆောင်ရင်း ချစ်သူများ ဖြစ်လာသည့် စုံတွဲသည် (၂၀၁၁)ခုနှစ် ကတည်းက ယနေ့တိုင် ပျော်ရွှင်အေးချမ်းသော ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင်ခဲ့သည်။



သူမ၏ ဘဝတွင် အန်ဒရူး ဂါဖီးလ်သည် အလွန်အရေးပါသူ တစ်ဦးဟု အမ်မာစတုန်းက ချစ်သူအပေါ် ညွှန်းဆို ပြောကြားလိုက်သည်။ Amazing Spiderman ဇာတ်ကားတွင် အတူတွဲ သရုပ်ဆောင်ရင်း ချစ်သူများ ဖြစ်လာသည့် စုံတွဲသည် (၂၀၁၁)ခုနှစ် ကတည်းက ယနေ့တိုင် ပျော်ရွှင်အေးချမ်းသော ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင်ခဲ့သည်။ Vogue မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် အသက်(၂၅)နှစ်အရွယ် မင်းသမီးက သူမ၏ အချစ်ရေး ချမ်းမြေ့မှုကို ပျော်ရွှင်စွာ ဖွင့်ဟသွားခဲ့သည်။ သူမနှင့် အန်ဒရူးတို့သည် Amazing Spiderman ဇာတ်ကားနှစ်ခုတွင် အတူတွဲ သရုပ်ဆောင်ထားပြီး ဖြစ်သည်။ “သူဘေးမှာ ရှိနေတဲ့ အချိန်တွေမှာ ကျွန်မ သင်ယူခွင့် ရလာတာတွေ၊ သိမြင်လာတာတွေ အများကြီးပဲလို့ ခံစားမိတယ်လေ”ဟု အမ်မာက ဆိုသည်။



သူမက “လူတိုင်းလည်း သိကြပါလိမ့်မယ်။ အန်ဒရူးဟာ ကျွန်မအတွက် တကယ့်ကို အရေးပါလှတဲ့ လူတစ်ယောက်ပေါ့။ ကျွန်မတို့ နှစ်ယောက်စလုံး အပြန်အလှန် တန်ဖိုးထားကြတယ်။ Spiderman ဇာတ်ကားတွေ ရိုက်ကူးရင်း အချင်းချင်း အားပေးကူညီခဲ့ကြတယ်။ ဒီဇာတ်ကားတွေက ကျွန်မတို့ချင်း ပိုပြီး နီးစပ်စေခဲ့တယ်။ ပျော်ဖို့လည်း ကောင်းပါတယ်။ ကျွန်မတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် အလုပ်တွဲလုပ်ခွင့် ရခဲ့ကြတယ်။ သူဟာ တခြားလူတစ်ယောက်ဖြစ်စေ၊ မင်းသားတစ်လက်ဖြစ်စေ ကျွန်မကို ပျော်ရွှင်စေနိုင် တယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။



အမ်မာသည် Vogue မဂ္ဂဇင်း၏ မျက်နှာဖုံးရှင်အဖြစ် ဒုတိယအကြိမ်မြောက် ရွေးချယ်ခံရခြင်းလည်း ဖြစ် သည်။ သူမသည် (၂၀၁၂)ခုနှစ်၊ ဇူလိုင်လထုတ် မဂ္ဂဇင်းတွင်လည်း မျက်နှာဖုံးဓာတ်ပုံများ ရိုက်ကူးပေး ခဲ့ဖူးကြောင်း သိရှိရသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...