ကလေးသူငယ် ဝမ်းသွားလျှင် …….



အစားအစာတွေမှာ ကောင်းတာရှိသလို့ ဆိုးကျိုးဖြစ်စေနိုင်သည့်အစားအစာ များစွာလည်းရှိပါတယ်။ တန်ဆေးလွန်ဘေး ဆိုသည့် မြန်မာ့စကားပုံ သတိဆောင်ရန်လည်းရှိနေပါတယ်။ အသွားမတော် တစ်လှမ်း ၊ အစားမတော် တစ်လုပ် ဆိုပြီး အသိသတိထပ်မံပေးထားပြန်တာလည်း တွေ့ ရပါသည်။ တစ်ချို့  မိခင်ဖြစ်သူတွေမှာ အစားသောက်ကိုမြင်လျှင်ပင် မနေနိုင် စားချင်စိတ်ဖောက်ဖွား စားသောက်တက်ကြပါ သည်။ မိမိရင်သွေးကလေးကိုပင် သတိမထားမိဘဲ စားသောက်လိုက်ပေမဲ့ မိခင်နို့ နှင့် မကင်းကွာဖြစ်သည့် ကလေးငယ်တွင် ဝမ်းနှင့်ပတ်သက်သော ဝေဒနာတစ်ရပ်ဖြစ်ပေါ်လာတက်ပါသည်။ အထူးသတိထား စားသောက်သင့်ပါတယ်လို့ ပြောကြားလို ပါတယ်။

ကလေးငယ်များတွင် ကျန်းမာရေး အသိများ မသိနားမလည်နိုင်ခြင်းကြောင့် တွေ့ တာ အစားသောက်များကို စားတက်ကြပါတယ်။ ပူပြင်းသောရာသီဥတုတွင် စားတက်ကြသည်မှာ သရက်သီးကင် ၊ သရက်သီးသုတ် ၊ မုန်လာချဉ် ၊ ဖရဲသီး ၊ ပိန္နဲသီး ၊ ဝက်သားတုတ်ထိုး ၊ အအေးစိမ့်ထားသည့် နို့  ၊ ရေခဲရေများ နှင့် အခြား ဝမ်းနူးစေတက်သောအစားသောက်ကို စားတက်ကြပါသည် ။ အဲလို ကလေးများ အစားသောက် မှားခြင်းကြောင့် ရက်မခြားဘဲဝမ်းပျက် ဝမ်းလျှောခြင်းဖြစ်ပေါ်လာတက်သည် ။

ကလေးသူငယ်များ ဝမ်းလျှောခြင်းဖြစ်ပေါ်လျှင် ဓာတ်ဆားရည်ကို တိုက်ပေးရမည့်အပြင် အစားသောက်ကို လည်းကျွေးရပါမည် ။ အရည်ကိုလည်း ပိုတိုက်ရပါမည်။ ရေကျက်အေးပြု့ လုပ်ထားသော ရေ ၊ အုန်းစိမ်း ရည် နှင့် သောက်ေ၇သန့် တို့ ကိုလည်း တိုက်ပေးသင့်ပါသည်။ ကျွေးရမည်အစားအစာများမှာ အစိမ်းရောင် ရှိသော အရွက်များ ၊ ဆန်ပြုတ် ၊ ကြက်ဥနှစ် ၊ အသား နှင့် အဝါရောင်ရှိသော အသီးအနှံများကို ကျွေးပေးရ ပါမည် ။

တစ်ကိုယ်ရေသန့် ရှင်းခြင်းလည်း အထူးသတိထားရပါမည် ။ ဝမ်းသွားထားသော အဝတ်အထည် များ နေ၇ာများတွင် ကိုင်တွယ်ထားပါက လက်ကို ချက်ခြင်း ဆပ်ပြာဖြင့် နှစ်ကြိမ်ထက်မနည်း စင်ကြင်အောင်ဆေးကြောပါ ။ကလေးသူများနှင့် လူကြီးများတွင် အစားအသောက်မစားခင် လက်ကို စင်ကြယ်စွာဆပ်ပြာဖြင့် ဆေးကြောပြီးမှာ ကျွေးခြင်း စားသောက်စေခြင်း နှင့် အစားသောက်များကို ယင်နားမှု့ မရှိစေရန် ဂရုစိုက်ပါ ။

ဝမ်းသွားခြင်းကြောင့် ကလေးငယ်များတွင် ပျော့ခွေနေခြင်း ၊ အပြင်းအထန်ဖျားနေခြင်း ၊ မကြာခဏ အန်ခြင်း ၊ ကလေးငယ်တွင် မှေးနေခြင်း ၊ နှိုးရခက်ခြင်း ၊ အစားသောက်မစားခြင်း နှင့် သတိလစ်မှု့ ဖြစ်နေခဲ့ ပါက နီးစပ်ရာ ဆေးခန်းနှင့် ဆေးရုံများတွင် ချက်ချင်းပြသ ကုသမှု့ ခံယူသင့်ပါကြောင်း ကလေးငယ်များ ဝမ်းသွားလျှင် အသိပေးစာဖြင့် တင်ပြလိုက်ရပါသည် ။

အသက်ရာကျော် ရှည်ပါစေ
Mg Mandalay

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...