ခုံ မရရင်လည်း ဗြိတိန် ဝန်ကြီးချုပ် မတ်တပ် ရပ်စီး
ပုံမှာ မြင်တွေ့ နေရတာ ကတေ့ ဗြိတိန် ဝန်းကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) ဖြစ်ပါတယ်။ လန်ဒန်က မြေအောက် ရထားကို လိုက်ပါ စီးနင်းနေမှု ဖြစ်ပါတယ်။ ရထားစီးဖို့ အတွက် သွားတဲ့အခါ သာမန် လူတစ်ယောက်လိုပါပဲ။ ထိုင်စရာ ခုံမရရင် သူက မတ်တပ် ရပ်စီးတတ်ပါတယ်။
အကယ်၍ ကြပ်လွန်နေပြီး အသက်ကြီးသူ၊ အားနည်းသူများက နေရာ မရရတောင် သူက နေရာ ပေးတတ် ပါသေးတယ်။ အသက် ၄၃ နှစ်ပဲ ရှိသေးတဲ့ ကင်မရွန်းဟာ ဗြိတိန်မှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်တစ်ဦး လည်း ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် နောင်းပိုင်း ကတည်းက ဗြိတိန် နိုင်ငံရေး လောကတည်းကို ဝင်ရောက်ခဲ့ပြီး လူကြိုက်များ တဲ့ ဗြိတိန် ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
အောင်ခမ်း (ရိုးရာလေး)