ဟောင်ကောင် အိမ်အကူ ဈေးကွက် ခက်၊ မခက်



စင်ကာပူနိုင်ငံ သည် မြန်မာ အိမ်အကူ အမျိုးသမီးတို့၏ အဓိကဈေးကွက် အဖြစ် ရပ်တည်ခဲ့သည် မှာ နှစ်ပေါင်း ကြာခဲ့ပြီ။ ယခင်က စင်ကာပူ သို့ အိမ်အကူ အဖြစ် သွားရောက် အလုပ်လုပ်ခြင်းကို အစိုးရက ပိတ်ပင်ခဲ့ရာမှ လက်ရှိတွင် စနစ်တကျ သင်တန်းတက်ကာ သွားရောက် အလုပ်လုပ် ခွင့်ပြုထားပြီ ဖြစ်သည်။ ထို့ အတူ ဟောင်ကောင် ကလည်း မြန်မာအိမ်အကူ များကို ခေါ်ယူရန် ကမ်းလှမ်းလျက် ရှိရာ အစိုးရက မူလက ခွင့်ပြုထားသော် လည်း လက်ရှိတွင် မူ ဟောင်ကောင် သို့ မြန်မာအိမ် အကူပို့သင့်၊ မသင့်ကို ပြန် လည်သုံး သပ်နေဆဲဖြစ်သည်။ တစ်လငါးသိန်း ဟူသောနှုန်းသည် မြန်မာတို့ အတွက် မက်လောက် စရာဖြစ်သော်လည်း အနှိပ် စက်ခံရမှု၊ လူ့ အခွင့်အရေး ချိုးဖောက် ခံရမှုများ ဖြစ်ပွားနိုင်ကြောင်း ထောက်ပြ ကာ မပို့သင့်ကြောင်း ဝေဖန်မှု များလည်းရှိနေသည်။ ဤသို့သော အခြေအနေ တွင် ဟောင်ကောင်သို့ အိမ်အကူ ပို့ဆောင်ခြင်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

ဦးမြင့်အေး(အမှုဆောင်ဒါရိုက်တာ)

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

အိမ်အကူ စေလွှတ်တဲ့ကိစ္စ ပြောရ ရင် နှစ်ပိုင်းရှိတယ်။ အမျိုးသားရေး အ မြင်၊ လူ့အခွင့်အရေး အမြင်ပေါ့၊ လူ့အခွင့် အရေးအမြင် အရတော့ သူ့အလုပ် သူသွား လုပ် တာ၊ အေဂျင်စီက တာဝန်ယူနိုင်ရဲ့ လားပေါ့။ ကျွန် တော်တို့တွေ့နေ ရတာက ကြားရတာက နှိပ်စက်ခံ ရတယ်။ အဲဒီလို ကိစ္စ အတွက် လုံခြုံမှု အတွက် ဘာတာဝန် ယူနိုင် မလဲ။ ဒါတွေက လူ့အခွင့်အရေး ချိုး ဖောက်မှုဖြစ်တယ်။ သူများနိုင်ငံမှာ နှိပ် စက် ခံရတာကို စီစဉ်သူတွေ ထည့်စဉ်း စားရမယ်။ ဒါ လူ့အခွင့်အရေး ရှုထောင့် က ကြည့် တာပေါ့။ ကျွန်တော် တို့ရုံးကို ရောက်လာတဲ့ Case တွေမှာ နှိပ်စက်တာ၊ အိမ်ရှင်က ပါးရိုက်တာတွေ ရှိတယ်။ အနိုင်ကျင့် ဗိုလ်ကျခံရတာ အများစုဖြစ် တယ်။ အမျိုး သားရေး အမြင်နဲ့ ကြည့်ရင် တော့ ဒါသူ့ အလုပ် သူသွားလုပ်တဲ့ ကိစ္စပဲ။ အိမ်ဖော် ဆိုတာ နိမ့်ကျတဲ့ အလုပ်လို့ ကာ တွန်းတွေ၊ ဘာတွေမှာ ပါတယ်။ ဖိလစ်ပိုင် မှာ လည်း နိုင်ငံခြားငွေ အများစုကို အိမ် ဖော်အလုပ် ကနေပဲပြန်ပို့တာလေ။ အမျိုး သား ရေးအမြင် အရတော့ ကျွန်တော်တို့ ဆင်းရဲလို့ အဲဒီလိုတွေ သွားလုပ်နေရ တာ။ ကျွန်တော် လွန်ခဲ့တဲ့ တစ်ပတ်က အညာဘက် ကို ရောက်တော့ တစ်ရွာ လုံးနီးပါး လူငယ်တွေ မရှိကြဘူး။ ရွာရဲ့ စီး ပွားရေးက ဘာလဲမေးကြည့်တော့ လယ် လည်း မရှိဘူး။ လူတွေ က မလေးရှား၊ ယိုး ဒယား၊ စင်ကာပူ တို့မှာ အလုပ် သွားလုပ် ကြတယ်။ ဘဝ လုံခြုံမှု လူ့အခွင့်အရေး စံညွှန်းတွေ ထည့်မစဉ်းစားဘူး။ ကျွန်တော် တို့ငတ်လို့ ကြုံရာ လုပ်စားရတဲ့ အဖြေ ထွက်နေတယ်။ ကျွန်တော် တို့ရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အနာကို မကုစားနိုင် သရွေ့တော့ ဒီ အလုပ်တွေ လုပ်ရမှာပေါ့။ ဒါလုပ်အားယိုစီးမှုပဲ။ ကျွန်တော်တို့နိုင်ငံ မှာ စီမံကိန်းတွေ ဘာတွေအလုပ်အကိုင် အခွင့်အလမ်းတွေ ရှိရင်တော့ ဒါတွေ ပျောက်သွားမှာပေါ့။

ဦးကျော်ထင်ကျော်

(မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF အတွင်းရေးမှူး)

ဟောင်ကောင် အိမ်အကူက ပေး ထားတဲ့ လစာကျတော့ တကယ် လိုအပ် နေတဲ့ မိသားစု အတွက် ပြည့်စုံတယ်။ ဒေါ်လာငါးရာ၊ ငါးသိန်းလောက် ရှိတယ်။ နိုင်ငံခြားမှာ စက်ရုံ၊ အလုပ်ရုံ အလုပ်မှာ မိန်းကလေး တစ်ဦးက ငါးသိန်းရဖို့ မလွယ် ဘူးလေ။ ဂျပန်တို့ ဘာတို့ ဆိုတာကလည်း လိုအပ်ချက်က အဲဒီလောက် မဟုတ်ဘူး။ တစ်ခုတော့ ရှိတယ်။ မှန်ကန် ဖို့တော့ လို တယ်။ ဟိုဘက်မှာ ရှိတဲ့ အလုပ်ရှင်တိုင်း လုပ်ငန်းရဲ့ သဘာဝ ကိုက လူနဲ့အလုပ် လုပ်ရတာဖြစ်လို့ အနည်းနဲ့အများ ပြဿ နာရှိတယ်။ အိမ် တစ်အိမ်တည်းမှာ အမိုး အောက်မှာ နေရတဲ့သူမို့ ပြဿနာဖြစ် မယ်လို့ ပြောလို့ရသလို စက်ရုံ အလုပ်ရုံမှာ လည်း ပြဿနာ တက်နိုင်တာပဲ။ ဒါကို သဘာဝ ကျကျ ကြည့် ရင်တော့ ဒီဟာက အလုပ်လက်မဲ့ ပြဿနာကို အတတ်နိုင် ဆုံးဖြေရှင်းတာ။ သူတို့ ဘက်က စဉ်းစား ကြည့်ရင် ဟောင်ကောင်မှာ တကယ့်ကို အလုပ် အကိုင် အခွင့် အလမ်း ကောင်း တယ်။ လုံခြုံ စိတ်ချရမယ် ဆိုရင် အလုပ် လက်မဲ့ပြဿနာကို ဖြေရှင်းတာ။ သူတို့ လစာက မိသားစု အတွက် အထောက်အပံ့ ဖြစ်တယ်။ တစ်ခုပဲ ရှိတယ်။ စီမံမှု မှန်ကန် ဖို့ လိုတယ်။ အိမ်ဖော် ဆိုတာ ကလေး ထိန်းရတယ်။ ဘာညာ ဆိုပြီး မြင်ကြတယ်။ တစ်ချို့ကြတော့ အဖိုးကြီး အဖွားကြီးတွေ ကိုဂရုစိုက် ရတာတွေ ရှိ တယ်။ နေတာ ကြာလာတဲ့ အခါ တစ်ဦးနဲ့တစ်ဦး မေတ္တာ စေတနာ ရှိရင် မိသားစုလို့ ဖြစ်သွားတာပဲ။ ဗမာပြည် မှာလည်း အိမ်အကူ ရှိတာပဲ။ တစ်လမှ သုံးလေးသောင်း ပဲရတာ။ ဟိုကျ တော့ မိသားစု တစ်ခုလုံးကို ထောက်ပံ့ပေး နိုင်တယ်။ တကယ့်တမ်း မှန်မှန်ကန်ကန် နဲ့ တိကျတဲ့ ဥပဒေနဲ့ လုပ်ပေးနိုင်ရင် ဒါ ဟာ အလုပ်လက်မဲ့ပြဿနာ ကိုဖြေရှင်း နည်းတစ်ခုပဲ။ မိန်းကလေး ဆိုတော့ ဒီဟာ က တကယ့်ကို ထိလွယ် ရှလွယ်ပဲ။ တရုတ် တို့၊ ဘင်္ဂလားဒေ့ရှ် တို့ဆိုရင် ဒါဂရုစိုက် ရမှာ။ ဟောင်ကောင် ကတော့ လူနေမှု အဆင့်အတန်း မြင့်မားတယ်။ Case ကြီးကြီး မားမားတော့ စင်ကာပူ၊ မလေးရှား လောက် မဖြစ်ဘူး။ ဒါကြောင့် ဟိုဘက်နဲ့ အလုပ်လုပ်ရင် အလုပ်သမား အခွင့် အရေး ဥပဒေ ဒါတွေ အကုန်လုံး တိတိကျကျ လုပ်မယ်။ မှားရင် တရားစွဲမယ်။ တစ်ခု တော့ ရှိတာပေါ့။ အိမ်မှာ စားစရာမရှိဘဲ ရဲရဲတောက်ပြော တာတော့ စဉ်းစားပေးဖို့ လို တယ်။ အလုပ် လက်မဲ့ ပြဿနာကို အစိုးရ က မဖြေရှင်းနိုင်လို့ နိုင်ငံခြား ထွက် ကြတာ။

ဦးဇုန်လှယ်ထန်း

(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ကျွန်တော်တို့ရဲ့ အခြေခံ ဥပဒေ မှာ လူတစ်ယောက်ရဲ့ လူ့အခွင့်အရေး ကို အပြည့်အဝ ပေးထားတယ်။ အဲဒီမှာ အလုပ် အကိုင်နဲ့ ပတ်သက်ပြီး အခွင့်အရေး အပြည့် အဝ ပေးရမယ် ပြောထားတယ်။ လူတစ်ယောက်က သူလုပ်ချင်တာကို လုပ် နိုင်ရမယ်။ အမျိုးသမီးရော၊ အမျိုးသား ရော အစိုးရ ကလည်း မပိတ်ပင်ရဘူး။ မီဒီယာ ကလည်း မပိတ်ပင် ရဘူး။ ဘယ်သူ ကမှ ပိတ်ပင်လို့ မရဘူး။ မြန်မာ အမျိုးသမီး တွေရဲ့အခွင့် အရေးကို ဘယ်သူမှ ပိတ်ပင် လို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ ဒါ အခြေခံ ဥပဒေ ကပေးထားတဲ့ အခွင့်အရေး၊ ကုလ သမဂ္ဂရဲ့ လူ့အခွင့် အရေး ကြေညာစာ တမ်းမှာ ဘယ်လို ထုတ်လဲ ဆိုတော့ ပုဒ်မ (၂၁) မှာ လူတိုင်းသည် သူ့အလုပ် နဲ့ ပတ် သက်ပြီး သူလုပ်ချင် တာတွေ ရွေးချယ်ခွင့် ရှိတယ်။ ကျွန်တော် တို့နိုင်ငံ က UN ရဲ့ လူ့အခွင့်အရေး ကြေညာ စာတမ်းကို ကျင့် သုံးမယ် ဆိုပြီး လက်ခံမယ် လို့ ဥပဒေ က ပြဋ္ဌာန်း ထားတယ်။ ဘွဲ့ရမြန်မာ အမျိုးသမီး တစ်ယောက်ဟာ ငါးသောင်း ရဖို့ ပင်ပင်ပန်းပန်း ရှာဖို့လုပ်နေချိန် မှာ တစ်လ ငါးသိန်း ရမယ်။ ဒါသူ့အတွက် အခွင့် အလမ်း ပဲ လေ။ ဥပဒေ အရလည်း ဘယ်ဥပဒေကမှ မပိတ်ပင်ရဘူး။ အမျိုးသမီးတွေ ကို အရင် က နိုင်ငံခြား အလုပ်လုပ်ခွင့် မပြုဘူးလေ။ အဲဒါ ကျွန်တော် လွှတ်တော် မှာပြောတယ်။ အလုပ် သမားပို့ဖို့ စီစဉ်ကြပ်မတ် ဖို့က အလုပ်သမား ဝန်ကြီးဌာနရှိတယ်။ MOEAF (ပြည်ပ အလုပ်အကိုင် အေဂျင်စီအဖွဲ့ ချုပ်) ရှိတယ်။ အလုပ် သမား အခွင့် အ ရေးကို အပြည့်အဝ ကာကွယ်ပေးထား တယ်။ နိုင်ငံခြား သွားတယ်။ တိုးတက် တဲ့ နိုင်ငံတွေရဲ့ အလေ့အကျင့် တွေကို သင်ယူ ရင်းမိသားစု ကိုလည်း ဝင်ငွေတွေ ကို ပြန် ပို့နိုင် မယ်လေ။ မြန်မာ အမျိုးသမီးတွေ သူ ရွေးချင်တာ ရွေးပါစေ။

Andy Hall

(နိုင်ငံခြားရေးရာ အတိုင်ပင်ခံ၊ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် -MWRN)

ယေဘုယျ အားဖြင့် အိမ်ထောင်စု တစ်ခုမှာ အိမ်အကူ တစ်ဦး ရှိပါတယ်။ ဥပဒေ သက်ရောက်မှု ရှိဖို့နဲ့ အလုပ်သမား အခွင့်အရေးတွေ ကို ကာကွယ်ပေးဖို့ မသေ ချာတဲ့ အခြေ အနေမှာ လူ့အခွင့်အရေး အကြမ်း ဖက်မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဟောင်ကောင် လိုမျိုး၊ စင်ကာပူလို နိုင်ငံ မျိုးတွေမှာ အဲဒီလို ပြဿနာတွေဟာ မကြာ ခဏ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် စည်းကမ်း မလိုက်နာတဲ့ အေဂျင်စီတွေကို ထိန်း ချုပ်ဖို့ သင့်တော်တဲ့ စည်းမျဉ်းတွေ ချမှတ် ဖို့ အစိုးရက ဆောင်ရွက်နေဆဲ ကာလပဲ ရှိသေးတယ်။ တကယ်တမ်း မြန်မာ အိမ် အကူတွေ ကို အကာအကွယ် ပေးဖို့က လူ သစ် စုဆောင်းပြီး ပို့တဲ့ အေဂျင်စီတွေ ရဲ့ ကျင့်ဝတ် အရ လုပ်ကိုင်မှု ရှိမရှိနဲ့ မျှတစွာ လုပ်ဆောင်မှု ရှိမရှိ ဆိုတာနဲ့ သက်ဆိုင် ပါတယ်။ကျွန်တော့် အမြင်အရတော့ တချို့ အေဂျင်စီတွေဟာ အိမ်အကူတွေ ကို ပို့ဖို့ အဆင်သင့် ဖြစ်ရင်တောင်မှ ကာကွယ်ပေး ဖို့ အရည် အသွေး မလုံလောက်သေးဘူး လို့ မြင်တယ်။ အထူးသဖြင့် စင်ကာပူ ကို အိမ် အကူပို့တာမှာ အေဂျင်စီ နဲ့အစိုးရ ဝန်ထမ်း တွေရဲ့ အကျင့်ပျက် ခြစားမှု၊ မစေ့စပ် မသေ ချာမှုတွေ တွေ့နေရတုန်းပဲ။ အိမ်အကူ ပို့မယ် ဆိုရင် ဆက်စပ်နေတဲ့ အဖွဲ့အစည်း အားလုံးနဲ့ ဆွေးနွေးပြီးမှ တိုင်းပြည်နဲ့ ပြည်သူတွေ ရဲ့ ရေရှည် ဖွံ့ဖြိုးမှုကို ရှေး ရှု ပြီးတော့ ရှင်းလင်းပြတ်သား တဲ့ မူဝါဒ ချတာမျိုး လုပ်သင့်တယ်။ ကျွန်တော့် အမြင်ပြော ရရင် မြန်မာ အစိုးရက အိမ် အကူတွေကို နိုင်ငံခြား ပို့ဖို့ ဆုံးဖြတ်တာ အချိန် မတန်သေး ဘူးလို့ ထင်တယ်။ ပြီးတော့ နိုင်ငံမှာ ရှိတဲ့ အဖွဲ့အစည်းတွေ ပါတီတွေ ကလည်း ဒီမူဝါဒ ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီး အကြံပြုခွင့် မရကြဘူး။ တကယ် လို့သာ အိမ်အကူတွေ ကို ပြည်ပပို့မယ် ဆိုရင် ဆက်စပ်နေတဲ့ အဖွဲ့ အစည်း တွေက အလုပ်သမား အခွင့်အရေး ကို ကာကွယ်ပေးဖို့ သေချာတဲ့ စနစ် တစ်ခု ဖြစ် အောင် ဝိုင်း ကူညီသင့်တယ်။ အဖွဲ့အစည်း တွေ အကုန်လုံးက ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးတာ မျိုး မရှိဘူး။ မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ နေရာမှာ သုံးလို့ ရနိုင်တဲ့ စွမ်းရည်မြင့် လုပ်သားတွေ ဟာ ဝင်ငွေ အတွက် နိုင်ငံခြားကို ထွက် သွားတဲ့ ကိစ္စကပိုပြီး စိုးရိမ်စရာ ကောင်း တယ်။ အဲဒီလို လူတွေကို မြန်မာပြည် မှာ ဆက်နေ ချင် လာအောင် အစိုးရအနေ နဲ့ စီမံပေးဖို့ စဉ်းစားသင့်တယ်။ ဟောင်ကောင် ကိုသွား မယ့် မြန်မာအိမ်အကူ တွေဟာ ဘာသာစကား စိန်ခေါ်မှု နဲ့ရင်ဆိုင်ရလိမ့် မယ်။ ဘာသာ စကား ဆိုတာ ညတွင်းချင်း သင်လို့ရတာ မဟုတ်ဘူးလေ။ နှစ်ပေါင်း များစွာ သင်ယူပြီး နည်းလမ်းတကျ အသုံး ပြုမှ တတ်တာ။ တကယ်လို့ အိမ်အကူတွေ ဟာ အင်္ဂလိပ် စကားနဲ့ တရုတ်စကား ကို မပြောနိုင်ခဲ့ရင် သူတို့ရပ် တည်ဖို့ အရမ်း ခက်လိမ့်မယ်။ အလုပ်ရှင်တွေ က သူတို့ ပြောတဲ့ စကားကို အလုပ်သမား နားမ လည် ရင် ဒေါသထွက်ပြီး အကြမ်း ဖက်တာ တွေ ဖြစ်နိုင်တယ်။ ဒါ့အပြင် ဟောင် ကောင်မှာ မြန်မာ အလုပ်သမား အရေးကို ကွန်ရက် ဖွဲ့ပြီး ကူညီပေးနိုင်မယ့် လူနည်း နည်းပဲ ရှိ တယ်။ မြန်မာ သံအရာရှိ နဲ့ သံရုံးဝန် ထမ်းတွေ ကလည်း ပြည်ပရောက် မြန်မာ လုပ်သားတွေကို ကာကွယ်ပေး ဖို့ ဆန္ဒ မရှိတာကို ထပ်ခါ တလဲလဲ ပြနေတယ်။

မေဇင်ဝင်း
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...