အရှေ့တောင်အာရှ အာဟာရချို့တဲ့နှုန်း အမြင့်ဆုံး စာရင်းတွင် မြန်မာတတိယ

photo:google

အရှေ့တောင်အာရှ၏ အာဟာရချို့တဲ့မှု နှုန်း အမြင့်ဆုံးနိုင်ငံစာ ရင်းတွင် မြန်မာနိုင်ငံသည် တတိယနေရာ တွင် ရပ်တည်လျက်ရှိနေကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)၏ ထုတ်ပြန်ချက် အရ သိရသည်။ အာဟာရချို့တဲ့မှု ပြဿနာသည် မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကြုံတွေ့နေ ရသည့် အကြီးမား ဆုံးပြဿနာများထဲမှ တစ်ခု ဖြစ်သည်။ ယင်းကြောင့် မြန်မာနိုင်ငံရှိ အသက် ငါးနှစ်အောက် ကလေး သူငယ်စုစုပေါင်း ၏ သုံး ပုံတစ်ပုံမှာ ပုညှက်နေပြီး ၎င်းတို့ထဲမှ ရှစ် ရာခိုင် နှုန်းခန့်သည် အသက်အရွယ်နှင့် မလိုက်အောင် ဆိုးဆိုးရွားရွား စိုးရိမ်ဖွယ် ပိန်သေးနေကြောင်း ယူနီဆက်ဖ်မှ သိရသည်။

စားနပ်ရိက္ခာမလုံလောက်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအလေ့အထ အားနည်းခြင်း၊ ရေ ကောင်းရေသန့်နှင့် အခြေခံကျန်း မာရေးစောင့်ရှောက် မှုကို အကန့်အ သတ်ဖြင့် သာ ရရှိခြင်း၊ ကလေးသူငယ်များကို အစားအစာကျွေးသည့် ပုံစံမှာမမှန်ကန်ခြင်း စသည်တို့ကြောင့် ကမ္ဘောဒီးယားနှင့် အရှေ့တီမောတို့နောက် တတိယနေ ရာ တွင် ရပ်တည်နေရခြင်းဖြစ်သည်။

”ကလေးသူငယ်တွေနှင့် အမျိုးသမီးတွေ ကြား ဗီတာမင်နှင့် သတ္တုဓာတ်တွေ ချို့တဲ့နေ ခြင်းတွေကို သိပ်ပြီး သတိမထားမိတတ်ကြပါဘူး။ ဒါကြောင့်”ဖုံးကွယ်နေတဲ့ ဆာလောင်ခြင်း” လို့ ပြောလို့ရပြီး အာဟာရချို့တဲ့ မှုကို ပိုမိုဆိုး ရွားသွားစေပါတယ်”ဟု FAO ၏မြန်မာဌာနေ ကိုယ်စားလှယ် ဘူသီလန်က ပြော သည်။ ကိုယ်ဝန်ေ ဆာင်နှင့် နို့တိုက်မိခင်များ၊ ငါး နှစ်အောက်ကလေးသူငယ်များသည် အာဟာရ ချို့တဲ့မှု အန္တရာယ် ကို အများဆုံးကြုံတွေ့ရ သူများဖြစ်သည်။ အာဟာရချို့တဲ့သော ကလေး သူငယ်သည် အာဟာရပြည့် ဝသော ကလေးသူငယ် ထက် သေဆုံးနိုင်ခြေ ကိုးဆပိုများကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပရိုတင်းအင်အားဓာတ် ချို့တဲ့ရောဂါ၊ သံဓာတ်ချို့တဲ့သွေး အားနည်း ရောဂါ၊ ဗီတာမင်အေ ချို့တဲ့ ရောဂါ၊ အိုင်အိုဒင်း ချို့တဲ့ရောဂါနှင့် ဗီတာမင်ဘီဝမ်းချို့တဲ့ (ဘယ် ရီဘယ်ရီ)ရောဂါတို့သည် အဖြစ် အများဆုံး အာဟာရချို့တဲ့မှုဆိုင်ရာ ပြဿနာငါးရပ်ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များ၊ ငါးနှစ်အောက် ကလေးသူငယ်များ အာဟာရ မျှတပြည့်ဝစွာ စားသုံးတတ်သည့် ဓလေ့ထွန်းကား လာရေးမှာ ရေရှည် အကျိုး သက်ရောက်စေသည့် နည်းလမ်းဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်းယခုနှစ်တွင်”ကမ္ဘာ့ အာဟာရမြှင့်တင်ရေးလှုပ်ရှားမှု” အကောင်အ ထည်ဖော်ရေး စီမံ ကိန်းများရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်းယူနီဆက်မှ သိရသည်။

မြတ်စုငြိမ်း
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...