လိုင်ချီးသီးကြောင်း သိကောင်းစရာ



လိုင်ချီးပင်တို့ သည် အရွက်အလက်များ စိမ်းစိမ်းစိုစိုဖြင့် အပူပိုင်းဒေသတွင် ပေါက်ရောက်သော ရာသီစာ သီးနှံပင်ဖြစ်ပါသည်။ Sapindaceae မျိုးနွယ်ဝင်ဖြစ်သော လိုင်ချီးပင်တို့ ၏ပေါက်ေ ရာက်ရာ ဇာစ်မြစ်မှာ တရုပ်ပြည်တောင်ပိုင်းဖြစ်ပါသည်။ သမိုင်းရာဇ၀င်များ အရ တရုပ်ပြည် တွင် တန်-မင်းဆက် ကတည်းက လိုင်ချီးသီးကို စားသုံးလာခဲ့ကြပါသည်။ ၁၇-ရာစုနှစ်ရောက်ေ သာ အခါတွင် အာရှတိုက် တစ်တိုက်လုံးသို့  ပျံ့ နှံ့ လာခဲ့ပါသည်။ ၁၈-ရာစုနှစ်မှာတော့ ကာလီ ဖိုးနီးယား နှင့် ဖလော်ရီဒါ တို့ တွင် စမ်းသပ်စိုက်ပျိုး ရာ အောင်မြင်လာ ခဲ့ပြီး၊ ထိုမှတဆင့် ၁၉-ရာ စုနှစ်အစောပိုင်းမှစ၍ အနာက်နိုင်ငံတစ်ခွင်လုံးတွင် လိုင်ချီးသီး ကို ကျယ်ကျယ်ပြန့် ပြန့်  စိုက်ပျိုး စားသုံး လာခဲ့ကြပါတော့သည်။ ယနေ့ အမေရိကန်နိုင်ငံတွင် လိုင်ချီးသီးမှာ အထူးရေးပန်းစား လူကြိုက်များလျှက်ရှိပါသည်။ တရုပ်ပြည် တောင်ဘက်ပိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြောက်ဗီ ယက်နမ်၊ ထိုင်ဝမ်တောင်ဘက်ပိုင်း နှင့် အိန္ဒိယနိုင်ငံတို့ တွင် ရာသီစာ သီးနှံအဖြစ် လိုင်ချီးပင် များ ကို စီးပွားဖြစ် စိုက်ပျိုးအောင်မြင်လျှက်ရှိပါသည်။ မြန်မာပြည်မှာတော့ မုံရွာ၊ မန္တလေး နှင့် ကချင်ပြည်နယ်တို့ တွင် လိုင်ချီး သီးအထွက်များပါသည်။ ကလေးမြို့ ၏ နေရာအနှံ့ အပြားတွင်လည်း လိုင်ချီးသီး (ခေါ်) လေချူသီး ကို စီးပွားဖြစ်စိုက်ပျိုးကာ၊ အိန္ဒိယ နိုင်ငံသို့  ရောင်းချကြ ပါသည်။ လိုင်ချီးပင် တို့ သည် အပွင့်ပွင့်ပြီး ရက်ပေါင်း ၁၂၀ မှ ၁၄၀ ခန့် အကြာတွင် အသီးသီးပါသည်။ အပင်ပေါ်တွင်ရင့်မှည့် လွယ်သော သစ်သီးဖြစ်ပြီး၊ မှည့်သည်နှင့်တပြိုင်နက် ရနံ့ အလွန်ေ မွှးလာပါသည်။ အနီရောင် ရဲရဲတောက်လေ၊ အရသာပိုချိုလေဖြစ်ပါသည်။ ပန်းရောင်သန်းေ သာအနီရောင် ခပ်ကြမ်းကြမ်းအခွံလေးများ ၏ အောက်မှာတော့ အရည်ရွှမ်းပြီး အရသာရှိလှ သည့် အဖြူရောင်အသား စိုင်များပါရှိပါသည်။ ဘဲဥပုံ (သို့ မဟုတ်) အသည်းနှလုံးပုံရှိသော ထို အဖြူရောင်အသားစိုင်များသည် ဂျယ်လီ နှင့် ခပ်ဆင်ဆင်တူပါ သည်။ ထိုအဖြူရောင်အသား များက ပြောင်လက်တောက်ပသော အညိုရင့်ရောင်အစေ့တစ်လုံးကို ဖုံးအုပ် ထားပါသည်။ အစေ့ကိုတော့ စားလို့ မရပါ။ လိုင်ချီးသီး၏ အရသာမှာ စပျစ်သီးနှင့်ခပ်ဆင်ဆင်တူပါသည်။ သို့ သော်လိုင်ချီး က အရည်ပို၇ွှမ်းကာ၊ ရနံ့ လဲမွှေးပါသည်။ အရသာချိုမြိန်ရုံသာမက၊ ရေငတ် လည်းပြေစေ ပါသည်။

လတ်လတ်ဆတ်ဆတ် အဆာပြေသစ်သီးအဖြစ် စားသုံးကြသလို၊ ရေခဲမုန့် ၊ ကျောက်ကျော၊ ဂျယ်လီ၊ ယို၊ ဖျော်ရည်၊ သကြားလုံး၊ ပီကေ၊ လိုင်ချီးသီးသံဗူး၊ လိုင်ချီးသီင်္း ခြောက်၊ စသည်ြ ဖင့် နှစ်ခြိုက်စွာ စားသုံးကြ ပါသည်။ လတ်ဆတ်သော လိုင်ချီးသီးများကို အခန်းအပူအချိန် တွင် ထားပါက၊ ၅-ရက်ခန့်  ခံပါသည်။ လိုင်ချီးသီးကို ကြာကြာခံစေရန်အတွက် ရေခဲသေတ္တာ ထဲ ထဲ့သိမ်းပါက၊ ၂-ရက်ခန့် အကြာတွင် အညိုရောင်ပြောင်းသွားတတ် ပါသည်။ အရောင်ပြောင်းေ သ်ာလဲဘဲ၊ အနံ့ အရသာ ယိုယွင်းမှုမရှိသဖြင့် ယုံကြည်စိတ်ချစွာ စားလို့ ရပါသည်။ လိုင်ချီးသီးကို စားသုံးရုံ သာမက၊ ခေတ်မှီတိုးတက်သော နည်းပညာ များဖြင့် ဆန်းသစ်ကာ လိုင်ချီးသီးမှ ရေမွှေး၊ ဆပ်ပြာ၊ ဂျယ်လ်၊ lotion၊ ပေါင်ဒါ စသည့် အလှကုန်ပစ္စည်း အမျိုးမျိုး တို့ ကိုလဲ ထုတ်လုပ်လျှက်ရှိပါသည်။

လိုင်ချီးသီးထဲတွင် လူသားတို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အာဟာရ ဓာတ် အမြောက်အများပါရှိပါသည်။ ၁၉၀ ဂရမ် ရှိသော လိုင်ချီးသီးတစ်ခွက်ထဲတွင် Methionine ၀.၀၁၇ ဂရမ်၊ လိုင်ဇင်း ၀.၀၇၈ ဂရမ်၊ Tryptophan ၀.၀၁၃ ဂရမ်၊ polyunsaturated Fatty acids ၀.၂၅၁ ဂရမ်၊ monounsaturated Fatty acids ၀.၂၂၈ ဂရမ်၊ ဗိုက်တာမင်ကေ ၀.၈ မိုက်ခရိုဂရမ်၊ ဗိုက်တာမင်အီး ၀.၁၃ မီလီဂရမ်၊ Choline ၁၃.၅ မီလီဂရမ်၊ ဖောလိတ် ၂၇.၀ မိုက်ခရိုဂရမ်၊ ဗိုက်တာမင်ဘီ ၆၀.၁၉ မီလီဂရမ်၊ နီအာဆင်း ၁.၁၄၆ မီလီဂရမ်၊ Energy ၁၂၅ ကယ်လိုရီ၊ ရေဓာတ် ၁၅၅.၃၄ ဂရမ်၊ ပရိုတင်း ၁.၅၈ ဂရမ်၊ Ash ၀.၈၄ ဂရမ်၊ lipid ၀.၈၄ ဂရမ်၊ ကဆီဓာတ် ၃၁.၄၁ ဂရမ်၊ သကြားဓာတ် ၂၈.၉၄ ဂရမ်၊ ချေဖျက် လွယ်သော အမျှင်ဓာတ် ၂.၅ ဂရမ်၊ ကယ်လ်စီယမ် ၁၀.၀ မီလီဂရမ်၊ မဂနီစီယမ် ၁၉ မီလီဂရမ်၊ သံဓာတ် ၀.၅၉ မီလီဂရမ်၊ Riboflavin ၀.၁၂၄ မီလီဂရမ်၊ သီအာမင် ၀.၀၂၁ မီလီဂရမ်၊ ဗိုက်တာမင် စီ ၁၃၅.၉ မီလီဂရမ်၊ Selenium ၁.၁ မိုက်ခရိုဂရမ်၊ Manganese ၀.၁၀၅ မီလီဂရမ်၊ ကော့ပါး ၀.၂၈၁ မီလီဂရမ်၊ ဇင့် ၀.၁၃ မီလီဂရမ်၊ ဆိုဒီယမ် ၂.၀ မီလီဂရမ်၊ ပိုတက်စီယမ် ၃၂၅ မီလီဂရမ်၊ ဖော့စဖရက်စ် ၅၉.၀ မီလီဂရမ် နှင့် မဂနီစီယမ် ၁၉.၀ မီလီဂရမ် တို့ ပါရှိပါသည်။

1. ခန္ဓာကိုယ်အတွက် ခွန်အားများကို တိုးပွားစေနိုင်ပြီး၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့် မားစေပါသည်။
2. ခန္ဓာကိုယ်အတွက်လိုအပ်သော အရည်ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါသည်။
3. လိုင်ချီးထဲတွင် citrus ဆက်ဆစ်ကဲ့သို့ သော ဗီတာမင်စီ ၄၀% ခန့် ပါရှိရာ၊ လိမ္မော်သီး ထဲတွင် ပါဝင်မှု ပမာဏထက် ပိုများ ပါသည်။ ထို့ ကြောင့် ခန္ဓာကိုယ်တွင်း ကောင်းကျိုးမပြုသော free radicals များကို တိုက် ထုတ်ပေးပါသည်။ Natural Cancer Treatment ၏ သုတေသ နပြုချက်အရ ကင်ဆာဆဲလ်များ ကြီးထွား လာမှုကို ဟန့် တားပေးနိုင်ကြောင်း၊ အထူးသဖြင့် ရင်သား ကင်ဆာ ဖြစ်ပေါ်လာခြင်းမှ ကာကွယ်ပေးနိုင် ကြောင်း လေ့လာသိရှိရပါသည်။
4. လိုင်ချီးထဲတွင်ပါသော beta carotene ပမာဏသည် မုန်လာဥနီထက် ပိုပါသည်။
5. အစာကျေစေပြီး၊ ဆီးလဲရွှင်စေပါသည်။
6. လိုင်ချီးသီးတစ်ခွက်စာပမာဏထဲတွင် ပါရှိသောပိုတက်စီယမ်သည် လိမ္မော်သီး အသေး တစ်လုံးထဲတွင် ပါရှိမှု ထက်ပိုပါသည်။ ပိုတက်စီယမ်ဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးပါသော သတ္တုဓာတ်ဖြစ်ပြီး၊ သွေး ဖိအားနှင့် နှလုံးခုန်နှုန်းတို့ ကို ဟန်ချက် ညီညီထိန်းချုပ် ပေးပါသည်။ သွေးခဲခြင်း၊ ဆဲလ်များပျက်စီးခြင်းကို ကြိုတင် ကာကွယ်ပေးနိုင်ပါသည်။ ထို့ ပြင် နှလုံးကို ပုံမှန်ခုန် စေပြီး၊ နှလုံးကြွက်သားများ ကျုံ့ ခြင်း/ ချဲ့ ခြင်း နှင့် နှလုံးသွေးကြောစီးဆင်းလည်ပတ်မှု တို့ ကို ကောင်းစွာ အထောက်အပံ့ ပေးပါသည်။ နှလုံးရော ဂါဝေဒနာအမျိုးမျိုး တို့ ကို သက်သာေ စရုံသာမက၊ နှလုံးရောဂါဝေဒနာသည်များကိုလည်း၊ လေဖြတ်ခြင်းမှ ၅၀% သက်သာလျော့ နည်းစေနိုင်ပါသည်။
7. လိုင်ချီးသီးမှာ ကြေးနီ(Copper)များ အလုံအလောက်ပါရှိခြင်းကြောင့် သွေးနီဥများကို ထုတ်လုပ်ပေးနိုင် သဖြင့် သွေးအားကောင်း စေပြီး၊ ခွန်အားလဲတိုးပွားစေနိုင်သောကြောင့် သွေး အား နည်းသူများနှင့် သက်ကြီးရွယ်အိုများ စားသုံးသင့်ပါသည်။
8. ခန္ဓာကိုယ်အတွက်လိုအပ်သော အမျှင်ဓာတ်နှင့် ကစီဓာတ်တို့ ကြွယ်ဝစွာပါရှိပါသည်။
9. လိုင်ချီးသီးထဲတွင် ကယ်လ်စီယမ်၊ ဖော့စဖရက်နှင့် မဂနီစီယမ် စသည့်သတ္တုဓာတ်များ ပါရှိသောကြောင့် အရိုးနှင့်သွားများ ကြီးထွားမှုအတွက် အလွန်အရေးပါသဖြင့် ကြီးထွားဖွံ့ဖြိုးနေဆဲကလေးငယ်များကိုလည်း လိုင်ချီးသီးကျွေးမွေးသင့်ပါသည်။
10. ရာသီဥတုအပြောင်းအလဲတွင် ဖြစ်လေ့ရှိသော အအေးမိနှာစေး၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့် အပရိကရောဂါများအတွက် လိုင်ချီးသီးက အစွမ်းထက်မြက်လှပါသည်။ ဖျားနာနေသောသူများ လည်း လိုင်ချီးသီး စားပေးခြင်းဖြင့် သက်သာ စေနိုင်ပါသည်။
11. လိုင်ချီးသီး စားသုံးခြင်းက နာကျင်မှုကို လျော့ကျစေပြီး၊ ဂလင်းတွေရောင်ရမ်းမှုကို သက်သာစေနိုင်ပါ သည်။
12. လိုင်ချီးသည်အရသာအလွန်ချိုသော်လဲ၊ ၄င်းထဲတွင်ပါရှိသောသကြားဓာတ်သည် သဘာဝသစ်သီး သကြားဓာတ်ဖြစ်ပါသည်။ ကယ်လိုရီပါဝင်မှုနဲပြီး၊ မပြည့်ဝဆီနှင့် ကိုလက်စထရော လုံးဝမပါရှိ သည့်ပြင်၊ ကျေညက်လွယ်သော အမျှင်ဓာတ်ကြွယ်ဝစွာပါရှိ သည့်အတွက် ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းလိုသူများ စိတ်ကြိုက်စားသုံးနိုင်သော အသီးဖြစ်ပါသည်။ ကိုယ်အလေးချိန်ကိုလဲ ကျစေပါသည်။
13. လိုင်ချီးစားသုံးခြင်းကြောင့် အသားအရည်ကို ကောင်းမွန်တိုးတက်လှပစေပြီး၊ မျက်နှာပေါ် ရှိအစက် အပြောက်များကို သက်သာ လာစေနိုင်ပါသည်။
14. ဖက်ခွက်နာ၊ ပြည်တည်နာ..စသော ကိုယ်တွင်းကိုယ်ပ အနာများကို ကာကွယ်ပေးနိုင်ပါသည်။
15. ကာမအားကို တိုးပွားစေပါသည်။
16. အစာအိမ်ရောင်ရမ်းနာ ဝေဒနာအတွက် လိုင်ချီးက အလွန်ကောင်းကျိုးပြုပါသည်။
17. လိုင်ချီးသီးထဲတွင် အခြားအသီးများနှင့်မတူ oligonol(ခေါ်)ဓာတ်တိုးဆန့် ကျင်ပစ္စည်းတစ်မျိုး ပါရှိသည့် အတွက် တုပ်ကွေးဗိုင်း ရပ်စ်ပိုးများကို တွန်းလှန်ပေးနိုင်ပါသည်။ ထို့ ပြင် ခန္ဓာကိုယ်ထဲရှိ အင်္ဂါအဖွဲ့ အစည်း များထဲတွင် သွေးလည် ပတ်စီး ဆင်းမှုကို တိုးတက် ကောင်းမွန်စေပါသည်။
18. ဂျပန်နိုင်ငံရှိ Kyorin University က အရေပြားပေါ်တွင် ခရမ်းလွန်ရောင်ခြည် သက်ရောက်မှုကို လိုင်ချီးသီးက ကာကွယ်ပေးနိုင်သည်ဟု ဆိုပါသည်။
19. လိုင်ချီးသီးသည် thiamin, niacin နှင့် folates စသည့် B-complex ဗီတာမင်တို့ စုဝေးရာ အရင်း အမြစ်ဖြစ်သောကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်ပျက်မှုအလုံးစုံကို အထောက်အ ပံ့ဖြစ်စေပါသည်။
20. အရွယ်တင်နုပျိုစေရန်နှင့် အသက်ရှည်စေရန်အတွက် လိုင်ချီးသီးကို တရုပ်ရိုးရာ တိုင်းရင်းဆေးဝါး ကုထုံးများတွင် အသုံးပြု လေ့ ရှိပါသည်။

လိုင်ချီးသီးမှာ လူသားတို့ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါ။ သို့ သော် အမှည့် လွန်သော အသီးများတွင် အချဉ်ဓါတ် ပေါက်သည့် အရသာရှိကြပါသည်။ ဆေးသိပ္ပံပညာရှင် များကတော့ ရှုထောင့် အမျိုးမျိုးမှ လေ့လာစမ်းသပ်ကာ၊ လိုင်ချီးသီး၏ သူမတူအောင် ဆေးဘက်ဝင်ပုံကို ဖော်ထုတ်နိုင်ခဲ့ကြပါပြီ။ ထို့ ကြောင့် အရသာလဲရှိကာ ကောင်းမွန်လတ်ဆတ်သော လိုင်ချီးသီးတို့ ကို အဆာပြေ သွားရည်စာအဖြစ် သာမက၊ “ အစာ လဲဆေး၊ ဆေးလဲအစာ” အဖြစ် မှီဝဲစားသုံးစေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်… မျှဝေသည်)
မှီငြမ်း (Wikipedia:Health Benefits of Lychee)

Thanks to Promise Pauk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...