ပြည်ပမှာ မိသားစု ၃ ယောက် ကြော်ငြာသွားရိုက်မယ့် အကြောင်း ဇူးမြတ်ထက်ပြော



အနုပညာအလုပ်ကို ဇောက်ချ ပြန်လုပ်ကိုင်လာတဲ့ ဇူး မြတ်ထက်က ဇမ္ဗူထိပ် ကုမ္ပ ဏီနဲ့ ဇာတ်ကား ၁ဝကား စာချုပ်ချုပ်ထားပါတယ်။ အခုဆိုရင် ၄ ကားမြောက် ရိုက်ကူးခဲ့ပြီးပြီ ဖြစ်ပါတယ်။

“ကမ္ဘာ တည်မည့်သစ္စာ” ဇာတ်ကားမှာတော့ ဇူးမြတ်ထက်က ကြေးစားလူသတ် သမားတစ်ဦး အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကား နဲ့ ပတ်သက်ပြီး ဇူးမြတ်ထက်က

“အရင်က ဖိုက်တင် ကားတွေ ရိုက်ပါတယ်။ ဒီကားလောက် မပင်ပန်းဘူး။ ဒီကားဆို သာကေတ မြို့က ကားမှတ်တိုင် တစ်ခုမှာ ရိုက် ရင်း မိုးတောင် လင်းသွားရတယ်။ ကိုယ် က ကြေးစား လူသတ်သမား ကာရိုက် တာဆိုတော့ ပီပြင်အောင် ကြိုးစား ရတယ်။ အဝတ်အစား ကအစပေါ့။ ဒီကားအက်ရှင် ကို ဒရာမာ ဆန်ဆန် ပြန်ပြီး လုပ်ရတဲ့ အခန်းပါတယ်။ အပြစ် မရှိတဲ့လူကို မှားသတ်မိပြီး ကျန်ခဲ့ တဲ့သူ့ သမီးကို နောက် ကနေ လိုက်ပြီး စောင့်ရှောက် တဲ့အခါမှာ ဖြစ်တတ် တဲ့ အလွဲတွေကို ရိုက်ကူးထားတာပါ” လို့ ပြောပြခဲ့ ပါတယ်။

ဇာတ်ကားတွေ တောက် လျှောက် ပြန်ရိုက်ကူးလာတဲ့ အခါမှာ မိသားစု လိုက်ကြော်ငြာ ဖြစ် ဖြစ်၊ ဇာတ် ကားဖြစ်ဖြစ် ပရိသတ် တွေကို ရိုက် ပြဖို့ အစီ အစဉ် ရှိလားမေး ကြည့်တော့

“လော လော ဆယ် ဒီနှစ်ထဲမှာ နိုင်ငံခြားမှာ နိုင်ငံခြား ဒါရိုက်တာ နဲ့ မိသားစုကြော် ငြာတစ်ခု ရိုက်မှာ ပါ။ ကြော်ငြာနဲ့ ပတ်သက်လာရင် မထက်ကပဲ ကြည့် စီစဉ်တာပါ။ ပြီးတော့ ဒီကြော်ငြာလေးက သမီးလေး စစ်လွန်း ၃နှစ်ပြည့် အိုက်တင်နဲ့ ပထမဆုံး မိသားစု ကြော်ငြာ လေးပါ။ မြန်မာပြည်မှာက မထက်နဲ့ သမီးနှစ်ယောက် ရိုက်ဖို့ ရှိတယ်။ သမီး လေးတစ်ယောက် တည်းလည်း ရှိတယ်” လို့ ပြောပြခဲ့ပါတယ်။ ဇာတ်ကားတွေ ပြန်ရိုက်နေတဲ့အချိန်မှာ စီးပွားရေးဘက်ကရော ဘယ်လို စီစဉ်ထားလဲလို့ ဇူးမြတ်ထက် ကိုမေးတော့

“မျှပြီးလုပ်ပါတယ်။ စီးပွားရေးလည်း အရေးကြီးသလို အနုပညာလည်း ကျွန်တော်အတွက် အရေးကြီး တယ်လေ။ မထက်ကတော့ သမီးလေးကို သူကိုယ်တိုင်ပဲ ပြုစု စောင့်ရှောက်ချင်တဲ့အတွက် ကလေး ဘက်ကို အချိန်ပြည့်ပေးတာပါ။ သူအားရင် အားသလို ပရိသတ်တွေအတွက် ရိုက်ကူးရေး တွေလုပ်မှာပါ” လို့ပြောပြခဲ့ပါတယ်။

ကျွန်တော် ဇာတ်ကားတွေတောက် လျှောက်ပြန်ရိုက် နေပါတယ်။ ဇာတ်ကားတွေ ထွက်လာ ရင်လည်းဝေ ဖန် အားပေးစေချင် ပါ တယ်။ ကျွန်တော့်ရဲ့”တစ်ဖက်သတ်” စီးရီး ဗီစီဒီခွေ ကိုလည်း အတတ်နိုင်ဆုံး အမြန် ဆုံး ပရိသတ်တွေ လက်ထဲထည့်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး
Popular Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...