တောင်တက်သမား...
ဧ၀ရက်တောင် ရေခဲတောင် ပြိုဆင်းမှုကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးနေသူ နီပေါတောင်တက် သမား များအား ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် (Photo:AFP)
‘တောင်တက်သမား’ တစ်ယောက်ရဲ့အကြောင်း ရေးထားတဲ့ ၀တ္ထုတိုတစ်ပုဒ်ကို ဖတ်ပြီးချိန်မှာတော့ တောင် တက်သမားတစ်ယောက်ရဲ့ ဘ၀နဲ့ ကျွန်မတို့ သာမန်လူတစ်ယောက်ချင်းစီရဲ့ အသက်ရှင်နေစဉ် ကာလ တစ်လျှောက် ရုန်းကန်လှုပ်ရှားရတဲ့အချိန်မှာ ထားရှိသင့်တဲ့ ခံယူချက် စိတ်ဓာတ်တွေအကြောင်း ဆက်စပ် စဉ်းစားမိခဲ့ပါတယ်။ စာတစ်ပုဒ်ဖတ်ပြီးတိုင်း အတွေးနယ်ချဲ့တတ်တဲ့ ကျွန်မအတွက် တောင်တက်သမား တစ်ယောက်ရဲ့ သူလိုချင်တဲ့ တောင်ရဲ့ထိပ်ဆုံးကို ကြိုးစားတက်ရောက် နေစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲ ရုန်းကန်မှုတွေ၊ ထားရှိရတဲ့ ခံယူချက် စိတ်ဓာတ်တွေဟာ ကျွန်မတို့ သာမန်နေ့စဉ် ရုန်းကန်လှုပ်ရှားမှုတွေနဲ့ သိပ်တော့မကွာလှပေမဲ့ ကျွန်မတို့ကိုယ်တိုင်သာ တောင်တက်သမား တစ်ယောက်ရဲ့ ခံယူချက်စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှုမျိုး ထားရှိမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မယ် ဆိုတာကိုပါ ဆက်စပ်မိတဲ့ အခါမှာတော့ ....။
တောင်တက်သမားအကြောင်း ၀တ္ထုကို ဖတ်ပြီးချိန်မှာ ကျွန်မပထမဆုံး စဉ်းစားမိတာက သူတို့ဘာကြောင့် အပင်ပန်းခံ တောင်တက်နေကြသလဲ။ တခြားရွေးချယ်စရာ အလုပ်တွေ အများကြီး ရှိနေပါရက်နဲ့ ကိုယ့် အတွက် ဘာမှရေရေရာရာ အကျိုးအမြတ်ရရှိဖို့ မသေချာတဲ့ တောင်တက်တဲ့အလုပ်ကို သက်စွန့်ဆံဖြားနဲ့ လုပ်နေကြတာလဲ ဆိုတာပါပဲ။ အဲဒီလို ဝေခွဲမရမှုတွေနဲ့ ကျွန်မအဖေကို မေးတဲ့အခါမှာ အဖေက ကျွန်မ ကို မေးခွန်းတစ်ခု ပြန်မေးခဲ့ပါတယ်။ ကျွန်မလက်ရှိလုပ်နေတဲ့ အလုပ်ကိုရော ဘာကြောင့်လုပ်နေတာလဲ တဲ့လေ။ ကျွန်မ၀ါသနာပါတဲ့ အလုပ်မို့လို့ ကျွန်မလုပ်နေတာလို့ ပြန်ဖြေခဲ့ပါတယ်။ အဲ့ဒါဟာ ကျွန်မသိချင် တဲ့ မေးခွန်းရဲ့ အဖြေပဲတဲ့လေ။ အဲ့ဒီနောက်မှာ အဖေက နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးပြန်ပါတယ်။ အဲ့ဒီအလုပ်ကနေ ကျွန်မဘာအကျိုးအမြတ်ကို မျှော်လင့်ပြီး လုပ်နေတာလဲတဲ့။ ၀ါသနာပါလို့ဆိုပြီး အပျော် သက်သက် ၀င်လုပ်တာလား၊ ငွေအတွက်၊ ဂုဏ်အတွက်၊ အောင်မြင်ကျော်ကြားလိုတာ သက်သက်အတွက် လားတဲ့လေ။ ကျွန်မဘာအတွက် ဒီအလုပ်ကို လုပ်နေသလဲဆိုတာ ကျွန်မကိုယ်တိုင် ဖြေဖို့ကျတော့ အတော်လေး ဖြေရခက်တဲ့ မေးခွန်းပါ။ နေရေးထိုင်ရေး၊ ၀မ်းရေးအတွက် ခက်ခဲတဲ့သူတွေ အနေနဲ့ ကိုယ်ဝါ သနာ ပါသည်ဖြစ်စေ၊ မပါဘူးဖြစ်စေ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုကို ငွေကြေးအတွက် ရွေးချယ် လုပ် ကိုင် နေကြရသူတွေ ရှိသလို၊ မိဘကတတ်နိုင်လို့ နေထိုင်စားသောက်ရေး ဘာမှပူပင်စရာ အခက်အခဲ မရှိတဲ့သူတွေ အနေနဲ့လည်း ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ရွေးချယ်ပြီး ကိုယ်လုပ်တဲ့အလုပ် မှာ အောင်မြင်ကျော်ကြားဖို့ လူသိများ ထင်ရှားဖို့ လုပ်ကိုင်နေကြသူတွေလည်း ရှိပါတယ်။ တချို့သော လူနည်းစုကတော့ မိသားစုအရေးအတွက် ငွေရှာဖို့သက်သက် အလုပ်လုပ်တာမျိုး မဟုတ်သ လို၊ အောင်မြင်ကျော်ကြားလိုတာ သက်သက်အတွက်လည်း အလုပ်လုပ်ကြတာ မဟုတ်ပါဘူး။ အသက်အရွယ်တစ်ခု ရောက်ရှိလာတဲ့ လူတစ်ယောက်အတွက် ပတ်ဝန်းကျင် အမြင်တင့်တယ်အောင် အလုပ်လုပ်ကြရမယ်ဆိုတဲ့စိတ်နဲ့ လုပ်နေကြတဲ့သူတွေလည်း ရှိသလို တချို့သော လူနည်းစုကတော့ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်နေကြရတာကိုက ပျော်စရာကောင်းလို့ဆိုပြီး လုပ်နေတဲ့သူတွေလည်း ရှိပါတယ်။
လူသားပီသစွာ လူသားဆန်တဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ဝါသနာ ကိုယ့်ယုံကြည်ချက်အတွက် ကြုံလာသမျှဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တောင်တက်သမားတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုးနဲ့သာ ကြိုးစားကြမယ်ဆို ရင်ဖြင့် အောင်မြင်မှုဆိုတဲ့ အမြင့်ဆုံးနေရာကို မရောက်ရှိသေးလို့ တခြားသူတွေရဲ့ ချီးကျူးအသိအမှတ် ပြု မှုတွေကို မရရှိရင်တောင်မှ ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံစွာနဲ့ ဂုဏ်ယူကျေနပ်စွာ ဖြတ်သန်းနိုင် မှာပဲ ဖြစ်ပါတယ် . . . . .
ဒါပေမဲ့ တောင်တက်သမားတစ်ယောက် အတွက်ကတော့ တကယ်ကို ၀ါသနာအရင်းခံပြီး လုပ်ရတဲ့ အလုပ်မျိုးပါ။ သူလုပ်တဲ့ တောင်တက်တဲ့အလုပ်ရဲ့ အဓိကပစ်မှတ်က သူတက်နေတဲ့တောင်ရဲ့ အမြင့်ဆုံး ထိပ်ကို အောင်မြင်စွာ ရောက်ရှိနိုင်ဖို့ပါ။ ဒါဟာ တောင်တက်သမားတစ်ယောက်ရဲ့ အောင်မြင်မှုဖြစ်ပါတယ်။ ၀ါသနာပါလို့ လုပ်တယ်။ အဲ့ဒီအလုပ်ကို အကောင်းဆုံး ကြိုးစားလုပ်ပြီး သူလိုချင်တဲ့ နေရာတစ်ခု ကို ရောက်အောင်သွားနိုင်ခြင်းကလည်း တောင်တက်သမားရဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်ပါပဲ။ တောင် တက်နေစဉ် အတွင်းမှာလည်း အရာရာကို ကြံ့ကြံ့ခံပြီး တောင်ရဲ့ထိပ်ဆုံးကို ရောက်ရှိအောင် သွားမယ် ဆိုတဲ့ အကောင်းဆုံး ကြိုးစားတဲ့စိတ်ထား ရှိရပါတယ်။ တောင်ထိပ်ကိုရောက်ဖို့ ကြိုးစားနေစဉ် အတွင်းမှာပဲ အခက်အခဲတွေ၊ စိတ်ဓာတ်ကျစရာတွေကို တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ လွယ်လွယ်ကူကူနဲ့တော့ တောင် တက်သမားတစ်ယောက်ဟာ တောင်ထိပ်ကို မတက်လှမ်းနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကြံ့ခိုင်အောင် အကာအကွယ်တွေ၊ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့ ကြားကနေ အခန့်မသင့်ရင် အသက်ဆုံးရှုံးရတဲ့ အထိ ကြုံတွေ့ရတဲ့ တောင်တက်သမားတွေလည်း ဒုနဲ့ဒေးပါပဲ။ သတ်မှတ်ထားတဲ့ တောင်ရဲ့ထိပ်ဆုံး ကို အောင်မြင်စွာ တက်နိုင်တဲ့သူကိုတော့ လူတွေက အသိအမှတ်ပြု ဂုဏ်ယူကြသလို တော်လိုက်တာ၊ သူကံကောင်းလိုက်တာဆိုပြီး အားရ၀မ်းသာ ချီးကျူးစရာ ဆိုကြတာမျိုးကိုတော့ ကြားဖူးကြမှာပါ။ ဒါပေမဲ့ တောင်တက်သမားတစ်ယောက်ဟာ ကံကောင်းလို့ အဲဒီလို အောင်မြင်မှုကို ရရှိခဲ့တာ မဟုတ်ပါဘူး။ သူကိုယ်တိုင် စိတ်ဓာတ်ရှိပြီး ကြံ့ကြံ့ခံ ယုံကြည်စိတ်နဲ့ ကြိုးစားခဲ့လို့သာ အဲ့ဒီနေရာကို ရောက်ရှိခဲ့တာပါ။ တချို့သော တောင်တက်သမားတွေကတော့ အဲ့ဒီတောင်ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိဖို့ ကြိုးစားရင်းကနေ လူမသိသူမသိ အသက်ပေးသွားခဲ့ရတဲ့ သူတွေလည်း ရှိပါတယ်။ ထိပ်ဆုံးရောက်ရှိ အောင်မြင်သွားတဲ့ သူတွေကိုသာ လူတွေက အသိအမှတ်ပြု ဂုဏ်ယူကြတာ အရေးယူချင်ကြတာပါ။ ဒါပေမဲ့ တောင်တက် သမား တစ်ယောက်ကတော့ ကိုယ်တက်လှမ်းချင်တဲ့တောင်ရဲ့ ထိပ်ဆုံးကိုရောက်အောင် ၀ါသနာနဲ့ ဇွဲလုံ့လ၀ီရိယနဲ့ ကြိုးစားတက်လှမ်း နေရတာကိုက တောင်တက်သမား တစ်ယောက်ရဲ့ အောင်မြင်မှုပါ။ သူအရှုံးမပေး၊ အလျှော့မပေးသေးသရွေ့ သူဟာ ရှုံးနိမ့်သူ မဟုတ်ပါဘူး။ သူတို့ဟာ နောက်ဆုံး အချိန်ထိ တိုင်အောင် သူတို့ ၀ါသနာပါတဲ့ အလုပ်ပေါ်မှာ အကောင်းဆုံးကြိုးစား လုပ်ဆောင်သွား သူတွေ ဖြစ်ပါတယ်။ လူအများက အသိအမှတ် မပြုခဲ့ရင်တောင်မှ သူတို့ဘ၀မှာ သူတို့ဝါသနာပါတဲ့ အလုပ်အတွက်၊ သူတို့ရဲ့ ယုံကြည်ချက်အတွက် သူတို့ဘယ်လောက်ထိ အပင်ပန်းဆင်းရဲဒဏ်ကို ကြံ့ကြံ့ခံပြီး ကြိုးစားအားထုတ်ခဲ့ သလဲ ဆိုတဲ့အသိက သူတို့ကိုယ်သူတို့ တစ်သက်လုံး အသိအမှတ်ပြု ဂုဏ်ယူနိုင်စေမှာပါ။
လတ်တလောမှာလည်း ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ကို ကျွန်မတို့ မြန်မာလူမျိုးတွေလည်း ပထမဆုံး အကြိမ် စတင်တက်ရောက်နေကြပြီပဲ ဖြစ်ပါတယ်။ အခြားနိုင်ငံများမှ တောင်တက်သမားတွေလိုမျိုးပဲ ကျွန်မတို့တွေလည်း အမြင့်ဆုံးတောင်ထိပ်ကို ရောက်ရှိနိုင်ဖို့ ကြိုးစားတက်ရောက် နေကြပါပြီ။ ဒါပေမဲ့ ဧပြီ ၁၇ ရက်မှာတော့ ရေခဲပြင် ရာသီဥတု တစ်နာရီ မိုင် ၄၀ နဲ့ တိုက်ခတ်ခဲ့တဲ့အတွက် ရေခဲတောင်ကြီး ပြိုကျခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း တောင်တက်လမ်းညွှန်များသာ မကဘဲ တောင်တက်သမား အချို့ သေကျေကြပြီး ပျောက်ဆုံးနေကြသူများလည်း ရှိနေပြန်ပါတယ်။
တောင်တက်သမားတစ်ယောက်က သူတက်လှမ်းချင်တဲ့ နေရာကိုရောက်ဖို့ အားကြိုးမာန်တက် ကြိုးစားနေ ချိန်မှာ ကိုယ်တိုင်စိတ်ဓာတ်ကျ အရှုံးပေးရတာမျိုးတွေကို ရင်ဆိုင်ရတာတင် မကဘဲ ကိုယ်ရွေးချယ် တက်ရောက်နေတဲ့ တောင်ဟာ ရာသီဥတုကြောင့်သော် လည်းကောင်း၊ အခြားသော အခြေအနေ အမျိုးမျိုးကြောင့်လည်း ထိခိုက်ပြိုပျက်မှုတွေကြောင့် ကြိုးစားအားထုတ်နေရတဲ့သူတွေ စိတ်ဓာတ်ကျဆင်းစေမှု ကိုသော် လည်းကောင်း၊ အသက်ဆုံးရှုံးမှုကိုသော် လည်းကောင်း ဖြစ်စေနိုင်တာကိုလည်း ကျွန်မတို့ မမေ့လျော့ထားသင့်ပါဘူး။ ဒါကြောင့်လည်း ကျွန်မတို့ နေ့စဉ်ဘ၀တွေမှာလည်း ကိုယ့်ရည်မှန်းချက် ကိုယ်ယုံကြည်တဲ့ လမ်းတစ်ခုကို သွားတဲ့အခါမှာ ကျွန်မတို့ကိုယ်တိုင်က ကြိုးစားအားထုတ်မှုနဲ့ ယုံကြည် ချက် ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်ကြဖို့သာ လိုပါတယ်။ အခြားသော ကျွန်မတို့ကိုယ်တိုင် အားလျော့မှုကြောင့် မဟုတ်တဲ့ အခက်အခဲ၊ အတားအဆီးတွေ ကျွန်မတို့ စိတ်ဓာတ်ကို လဲပြိုစေမဲ့ အခြားသော အကြောင်း တရားတွေ အတွက်လည်း ကြိုတင်ပြင်ဆင် သိထားပြီး ကိုယ့်တာဝန်ကိုသာ အကောင်းဆုံး ကြိုးစားနေထိုင် သွားဖို့ လိုပါတယ်။
ဒီလိုပါပဲ။ ကျွန်မတို့ သာမန်လူသားတွေရဲ့ နေ့စဉ်ဘ၀တွေကလည်း ဒီအတိုင်း ဖြစ်သလို ဖြတ်သန်းနေတဲ့ သူတွေအတွက်တော့ သာမန်လောက်ပဲ ဖြစ်နေမှာပါ။ မတော်လောဘနဲ့ ကြိုးစားအားထုတ်တာမျိုး မဟုတ်ဘဲ လူသားပီသစွာ လူသားဆန်တဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ဝါသနာ ကိုယ့်ယုံကြည်ချက်အတွက် ကြုံလာသမျှဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တောင်တက်သမားတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုးနဲ့သာ ကြိုးစားကြမယ်ဆို ရင်ဖြင့် အောင်မြင်မှုဆိုတဲ့ အမြင့်ဆုံးနေရာကို မရောက်ရှိသေးလို့ တခြားသူတွေရဲ့ ချီးကျူးအသိ အမှတ် ပြုမှုတွေကို မရရှိရင်တောင်မှ ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံစွာနဲ့ ဂုဏ်ယူကျေနပ်စွာ ဖြတ် သန်းနိုင်မှာပဲ ဖြစ်ပါတယ်။
Eleven Daily News