ပျောက်ဆုံးမလေးရှားလေယာဉ်ကို ရေငုပ်သင်္ဘောဖြင့် ရှာဖွေမှု တတိယအကြိမ် ပြီးစီး


ပျောက်ဆုံးမလေးရှားလေယာဉ် ရှာဖွေရာတွင်အသုံးပြုသော Bluefin-21 ရေအောက်ရှာဖွေရေးယာဉ်အား သြစတြေးလျရေတပ်သင်္ဘောပေါ်သို့ ကရိန်းဖြင့် မတင်နေသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ် (LSIS Bradley Darvill/EPA)

ပျောက်ဆုံးနေသည့် မ လေးရှားလေယာဉ်ကို ရေအောက် တွင် ရေငုပ်သင်္ဘောဖြင့် တတိယ အကြိမ်ရှာဖွေခဲ့မှုမှာ လုပ်ငန်းစဉ် အပြည့်အ၀ ဆောင်ရွက်ပြီးစီးခဲ့ ကြောင်း သိရသည်။

ယခုနှစ်ကြိမ်တွင် ထိုရေငုပ် သင်္ဘောငယ်ဖြင့် အိန္ဒိယသမုဒ္ဒရာ အောက်ခြေ၌ ရှာဖွေခဲ့မှုမှာ ရေ ယာဉ်၏ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြောင့် ခေတ္တသာ ရှာဖွေမှု လုပ်ခဲ့ရသည်။ ထိုရေငုပ် သင်္ဘောယာဉ်ငယ်မှ ရေအောက် တွင် ရှာဖွေစုဆောင်းလာခဲ့သော ဧရိယာတစ်ဝိုက်မှာ ပျောက်ဆုံး နေသည့် လေယာဉ်မှ ပျံသန်းမှု မှတ်တမ်း သေတ္တာနက်မှ ထုတ် လွှင့်သော အသံလှိုင်းအချက်ပြမှု များကို ဖမ်းယူရရှိခဲ့သည့်နေရာဟု ခန့်မှန်းရသည့်နေရာတစ်ဝိုက် တွင်ဖြစ်သည်။

သြစတြေးလျ စစ်သင်္ဘော အိုးရှင်းရှီးလ်ပေါ်မှ ရေချကာ အ မေရိကန်ရေတပ်က ထိန်းချုပ် မောင်းနှင်သော Bluefin-21 ရေ ငုပ်သင်္ဘောငယ်သည် ရေအောက် တွင် အလိုအလျောက်သွားနိုင် သည့် ရေငုပ်သင်္ဘောငယ်လည်း ဖြစ်သည်။

ထိုသင်္ဘောငယ်သည် ရေ အောက်အနက် မီတာ ၄,၅၀၀ (ပေ ၁၅,၀၀၀)ခန့်တွင် သွား ရောက်ရှာဖွေမှုများ လုပ်ခဲ့ပြီး ယ ခု တတိယအကြိမ်ရှာဖွေမှုတွင် စုစုပေါင်းအချိန် ၁၅ နာရီ ကြာမြင့် ခဲ့သည်။

‘‘Bluefin-21 ယာဉ်ဟာ ရှာ ဖွေရေးဧရိယာထဲမှာ သူ့မစ်ရှင်ကို အပြည့်အ၀ လုပ်ဆောင်ခဲ့ပြီး လက် ရှိမှာလည်း နောက်ထပ်ရှာ ဖွေရေးမစ်ရှင်ကို ဆောင်ရွက်ဖို့ ပြင်ဆင်နေပါပြီ’’ ဟု သြစတြေး လျ ဦးဆောင်သည့် ပူးပေါင်းရှာ ဖွေရေးအဖွဲ့ (JACC) မှ ထုတ်ပြန် သည့် ကြေညာချက်တွင်လည်း ဖော်ပြ ထားသည်။

အဖွဲ့က ရေငုပ်သင်္ဘောငယ် သည် ပင်လယ်ရေအောက် ကြမ်းပြင်တွင် အကျယ်အ၀န်း ကီလိုမီတာ ၉၀ ၀န်းကျင်နေရာကို ဆန်းစစ်ရှာ ဖွေခဲ့ကြောင်း ဆို သည်။

လက်ရှိတွင် ရေအောက် ကြမ်းပြင်၌ ထိုသို့ လေယာဉ်ပျက် မှဖြစ်နိုင်သည့် အပိုင်းအစများကို ရှာဖွေရေးမှာ ရက်သတ္တပတ်များ စွာမှ လနှင့်ချီသည်အထိ ကြာမြင့် နိုင်ကြောင်း တာဝန်ရှိသူများက သတိပေး ပြောကြားသည်။

—Ref: Channelnewsasia
7Day Daily
No.352 Friday, April 18, 2014 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...