အမေရိကန် Bangerz ဖျော်ဖြေပွဲအားလုံးကို သြဂုတ်လ ရွှေ့လိုက်တဲ့ မိုင်လေဆိုင်းရပ်စ်



ပဋိဇီဝဆေး ဓာတ်မတည့်မှုကြောင့် ဆေးရုံ တက်နေရသော ပေါ့ပ်အဆိုတော် မိုင်လေဆိုင်းရပ်စ်သည် ၎င်း၏ အမေရိကန် Bangerz ဖျော်ဖြေ ပွဲများအားလုံးကို လာမည့် သြဂုတ်လသို့ ရွှေ့ဆိုင်းလိုက်သည်။

မိုင်လေဆိုင်းရပ်စ်သည် ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်တွင် ဖျော် ဖြေရမည့်ပွဲများကို မဖျော်ဖြေနိုင် ကြောင်းနှင့် ယခုဧပြီလအတွင်း ကျင်းပရန် ကျန်ရှိနေသေးသော Bangerz ဖျော်ဖြေပွဲများအားလုံး ကို သြဂုတ်လသို့ ရွှေ့ဆိုင်း ကြောင်း မိုင်လေဆိုင်းရပ်စ်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ကြေ ညာခဲ့သည်။

အမေရိကန်အဆိုတော် မိုင် လေဆိုင်းရပ်စ်သည် ဧပြီ ၁၅ ရက် နောက်ပိုင်း အမေရိကန် Bangerzဖျော်ဖြေပွဲ များအားလုံးကို ရွှေ့ ဆိုင်းလိုက်သော်လည်း လာမည့် မေလ ၂ ရက်တွင် စတင်မည့် ဥရောပ တိုက်ဖျော်ဖြေပွဲများကိုမူ ယခင်စီစဉ်ထားသည့်အတိုင်း ပြု လုပ်သွားမည်ဟု သိရသည်။

မိုင်လေဆိုင်းရပ်စ်သည် ပြီး ခဲ့သည့် သီတင်းပတ် Bangerz ဖျော်ဖြေပွဲအတွင်း အအေးမိ၍ နှာ ခေါင်း ပိတ်သောကြောင့် Ceph-alexin ပဋိဇီဝဆေး သောက်ခဲ့ ရာမှ ဓာတ်မတည့်မှုဖြစ်ပြီး ဆေးရုံ တက်နေရ သည်။ ထို့ကြောင့်၎င်း သည် ဧပြီ ၁၅ ရက်မှစ၍ အမေရိကန်နိုင်ငံ၌ ပြုလုပ်ရ မည့်ဖျော်ဖြေပွဲ များအားလုံး ဖျက်သိမ်း ခဲ့ပြီး သြဂုတ်လသို့ ရွှေ့ဆိုင်း လိုက်သည်။ မိုင်လေဆိုင်းရပ်စ် သည် သြဂုတ်လတွင် အမေရိကန် Bangerz ဖျော်ဖြေပွဲ ၁၁ ပွဲ ပြု လုပ်သွားမည်ဖြစ်သည်။

Ref:MTV
7Day Daily
No.354 Sunday, April 20,2014 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...