မီးဖွားပြီးစမိခင်များအနေဖြင့် ကလေးအသက်တစ်နှစ်မရောက်မီ ကိုယ်အလေးချိန် ချနိုင်ရန် ကြိုးစားသင့်


Health Updates Journal No. 113

ကိုယ်ဝန်ဆောင်ပြီးနောက် အမျိုးသမီးများကြား၌ မည်သည့်အချိန်တွင် စတင်၍ ကိုယ်အလေးချိန် လျော့ရ မည်ဆိုသည့်အချက်မှာ အငြင်း ပွားဖွယ်ရာတစ်ခုဖြစ်နေပြီး အချို့က ကိုးလကြာပြီးမှ ကိုယ်အလေးချိန် ချသင့်သည်ဟုဆိုကြပြီး အချို့က ကလေးမွေးပြီးနောက် မိမိခန္ဓာကိုယ် အချိုးအစားကို အလျင်အမြန် ရလိုကြသည်။ အမျိုးသမီးအများစုမှာ ကိုယ်ဝန်ဆောင်ကာလပြီးသည့် နောက်၌ ကိုယ်အလေးချိန် ၂၀ ရာခိုင်နှုန်း ထက်ပို၍ တက်လေ့ရှိသည်။ ကလေးမွေးပြီးနောက် ကိုယ်အလေးချိန်ကျရန်မှာလည်း လေ့ ကျင့်ခန်းလုပ်ရန် အချိန်မရှိခြင်း အိပ်ရေးမ၀ခြင်းတို့ ကြောင့် ကြန့်ကြာလေ့ရှိသည်။ သို့ သော်လည်း Toronto’s Mount Sinai ဆေးရုံမှ လေ့လာသူ ဆရာဝန်များက အမျိုးသမီးများအနေဖြင့် ကလေးမမွေးမီ ခန္ဓာကိုယ်အချိုးအစားပြန်ရရန် ကိုယ်အလေးချိန်ချသင့်ပြီး ကလေးအသက် တစ်နှစ်မရောက်မီ ချသင့်ကြောင်း တွေ့ရှိခဲ့ကြသည်။ ယင်းအချက်ကို သိရရန် လေ့လာသူများက ကလေးမွေးပြီးနောက် ကိုယ်အလေးချိန်ချရန် ကြိုးစားနေသည့် ကျန်းမာသည့် အမျိုးသမီး ၃၀၀ ခန့် အား လေ့လာခဲ့သည်။ သွေးတိုး၊ ဆီး ချိုနှင့်နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ပိုများစေမည့် အချက်များကိုလည်း စောင့်ကြည့်ခဲ့ကြသည်။ ထိုအခါ ကိုယ်ဝန်ဆောင်ပြီးနောက် ကိုယ်အလေးချိန်ပြန်ချရန် အားစိုက်ထုတ်မှုနည်းသော အမျိုးသမီးများသည် အနာဂတ်တွင် အ၀လွန်ခြင်း၊ ဆီးချိုနှင့်နှလုံးရောဂါတို့ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း သိရသည်။

အ၀င်း
ref: Netdocotor.co.uk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...