ကိုလက်စထရောပမာဏမှာ ရာသီအလိုက် အပြောင်းအလဲရှိ


Health Updates Journal No. 113

လေ့လာမှု အသစ်တစ်ခုအရ သွေးတွင်း အဆီဓာတ်ပမာဏမှာ အေးချမ်းသည့် လများတွင် ပို၍များနေ တတ်ပြီး ယင်းအချက်မှာ ပြောင်းလဲလာသော အမူအကျင့်များနှင့် ဆက်စပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် John Hopkins Centre မှ ပြု လုပ်ခဲ့သည့် လေ့လာမှု၌ ဆောင်းရာ သီတွင် နှလုံးရောဂါနှင့် ဆက်စပ်သည့်ရောဂါ များကြောင့် အသေအပျောက် ပိုများကြောင်း တွေ့ရှိခဲ့သည်။ ယခုကောက်နှုတ် ချက်အား ရရှိရန် အတွက် US မှ အရွယ်ရောက်ပြီးသူ ၂.၃ သန်းခန့်၏ သွေးတွင်းအဆီပမာဏအား စစ်ဆေးခဲ့ ရခြင်းဖြစ်သည်။

လေ့လာသူများက ယခုတွေ့ရှိချက်ကြောင့် လေ့လာသူများအနေဖြင့် ဆောင်းရာသီတွင် သွေးတွင်းအဆီ မကြာခဏစစ်သင့်သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ဆောင်းရာသီ၌ နှလုံး ရောဂါမဆိုးရွားရန် မိမိ၏အပြုအမူ အလေ့အကျင့်များအား ဂရုစိုက်ရန်လိုသည်ဟု သတိပေးလိုခြင်းသာ ဖြစ်ကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

လေ့လာမှုတွင် မကောင်းသည့် ကိုလက်စထရော LDL ၊ နည်းနည်းဆိုးသည့်ကိုလက်စထရော Non HDL နှင့် ကောင်းသည့်ကိုလက်စထရော HDL တို့အား စစ်ဆေးခဲ့ကြသည်။ ရလဒ်များအရ စုစုပေါင်းကို လက်စထရောပမာဏမှာ ဆောင်းရာသီ တွင် နွေရာသီထက်ပိုများကြောင်း တွေ့ခဲ့ရပြီး LDL နှင့် Non HDL ပမာဏမှာ ယောကျာ်းတွင် 4mgldl နှင့်မိန်းမတွင် 2mgldl ပိုများကြောင်း တွေ့ခဲ့ရသည်။ HDL ပမာဏမှာ ရာသီဥတုများကြောင့် ပြောင်းလဲခြင်း သိပ်မရှိကြောင်းတွေ့ခဲ့ရသည်။

အ၀င်း
ref:Medindic

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...