ယောက်ျားလေး ပုံစံ သရုပ်ဆောင်ရတာ ခက်တယ်ဆိုသူ


(ရန်ကုန်၊ မတ် ၃၁)

”ယောက်ျားလေး ပုံစံ သရုပ်ဆောင်ရတာ ခက်ပါတယ်။ ကိုယ်က မိန်းကလေး စစ်စစ် ဆိုတော့လေ”ဟု ခိုင်သဇင်ဦးက ဆိုသည်။ ‘ထပ်တူခြင်း မဟုတ်သော’ ဇာတ်ကားမှာ သရုပ်ဆောင် ချင်ခဲ့တဲ့ ရဲမေ ကာရိုက်တာနဲ့ သရုပ်ဆောင် ထားကြောင်း ခိုင်သဇင်ဦး ကပြောသည်။ ”အပြင် ဗီဒီယိုဇာတ်ကား စရိုက်တာ နှစ်ကားလောက်ပဲ ရှိသေးတယ်။ ပထမကားက ‘လူလိမ်’ ဇာတ်ကားဖြစ်ပြီး စကားမပြောတတ်တဲ့ ကာရိုက်တာပါ” ဟု ခိုင်သဇင်ဦးက ပြောသည်။

ခိုင်သဇင်ဦးသည် Flowers & Butterflies ဇာတ်လမ်းတွဲမှာ ယောက်ျားလေး စိတ်ပေါက်နေသော ကောင်မလေး တစ်ဦး အဖြစ် သရုပ်ဆောင် ထားပြီး ပရိသတ်တွေ အားပေးသည့် ‘ဆာကူရာ’ ဖြစ် ကြောင်းလည်း သိရသည်။ အဆိုပါ ဇာတ်လမ်းတွဲသည် ပရိသတ်ကြားမှာ အောင်မြင် ပြီး Season (1) နှင့် (2)ကို ရိုက်ကူး ထုတ်လွှင့်ပြီး Season (၃) ကိုလည်း မကြာခင်စတင် ရိုက်ကူး မှာဖြစ်ကြောင်း ခိုင်သဇင်ဦး ထံမှ သိရသည်။ ”အပိုင်းသုံးကို ငါးလပိုင်းမှာ ပြန် စရိုက်မှာပါ။ အားလုံး စီစဉ်ထားပါတယ်” ဟု ၄င်းကဆိုသည်။

အဖွဲ့အစည်း တစ်ခု နဲ့ အလုပ်လုပ်ရတာ တက်ညီ လက်ညီ ရှိဖို့ လုပ်ရတယ် ဆိုတော့ အခက်အခဲတော့ ရှိတယ်။ ဗီဒီယိုက ကျတော့ အပြင်လောကကို ရောက်သွားတော့ အခက်အခဲ သိပ်တော့ မရှိပါဘူး”ဟု ၄င်းက ဆက်ပြောသည်။ လတ်တလော မှာ ခိုင်သဇင်ဦးက Flowers & Butterflies ဇာတ်လမ်းတွဲ Season (3) ရိုက်ကူးမှု အတွက် စီစဉ်နေကြောင်း သိရသည်။

Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...