မိခင်က စိတ်ဝေဒနာသည်သားကို လွှစက်နဲ့ အပိုင်းပိုင်းဖြတ်ပြီး အလောင်းဖျောက်
ဒွန်နာ(၆ဝနှစ်)နဲ့ သားဖြစ်သူရမ်ဆေးတို့မှာ ကောင်းမွန်တဲ့ ချစ်ခင်ရင်းနှီးမှု ဆက်ဆံရေးရှိခဲ့ကြပါတယ်။ မိခင်ဒွန်နာကို သက်ဆိုင်ရာက လူသတ်အလောင်းဖျောက် မှုနဲ့ အရေးယူဖမ်းဆီးခဲ့ချိန်မှာတော့ ဒွန်နာတို့နေထိုင်တဲ့ မြို့တစ်ခုကို အံ့သြထိတ်လန့်စရာ သတင်းစကားတစ်ပုဒ်ဖြစ်စေခဲ့ပါတယ်။
အသက် ၃၂နှစ်အရွယ်ရှိ သားဖြစ်သူရမ်ဆေးကို သတ်ဖြတ်ပြီး အလောင်းကို လွှစက်နဲ့အပိုင်းပိုင်းဖြတ်ကာ အိတ်ငါးအိတ်ထဲထည့် စွန့်ပစ်ဖို့ကြံစည်ခဲ့တဲ့ ဒွန်နာရဲ့လုပ် ရပ်အတွက် အိမ်နီးချင်းတွေက စကား မပြောနိုင်လောက်အောင် ဆွံ့အတုန်လှုပ်နေခဲ့ကြ ပါတယ်။
ရမ်ဆေးဟာ စိတ်ဝေဒနာသည်တစ်ဦးဖြစ်ပြီး ဒွန်နာက ဆေးရုံကခေါ်ယူ စောင့်ရှောက်ဖို့ တရားရုံး ကိုလျှောက်လဲခဲ့တာရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရားရုံးက ငြင်းဆိုခဲ့ပြီး မိမိကိုယ်ကိုယ် အသက်အန္တရာယ်ပြုနိုင်တဲ့ သားဖြစ်သူအခြေအနေကြောင့် မိခင်ဖြစ်သူက ထိန်းသိမ်းစောင့်ရှောက်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒွန်နာရဲ့လူသတ်မှုကို ကားမောင်းသူအမျိုးသမီးက စပ်စုရာကနေ အိတ်ငါး အိတ်ထဲထည့်ထားတဲ့ လူခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ရာက ရဲဌာနက လူသတ်မှု ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
အိမ်နီးချင်းတစ်ဦးက ဒွန်နာနေထိုင်တဲ့ ကွန်ဒိုတိုက်ခန်းက အိတ်များကို သူမ ကားထဲ ထည့်သွင်းနေ တာ တွေ့မြင်ခဲ့တယ်လို့ ထွက်ဆိုထားခဲ့ပြီး ဇန်နဝါရီ ၃၁ရက်မှာ ရဲဌာနက ဒွန်နာကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Ref: The Enquirer
Flower News Journal အတွဲ (၁၀) အမှတ် (၁၄)
Yangon Media Group