ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခဏ်းလုပ်ခြင်းသည် နှလုံးနှင့်သွေးကြောရောဂါများအတွက် ဆေးသောက်သလောက် ထိရောက်သည် (ဟားဗတ်နှင့် စတန်းဖို့ဒ်တက္ကသိုလ်)

Source of picture-Olympic Pictures
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခဏ်း လုပ်ခြင်းဟာ နှလုံးနှင့်သွေးကြောရောဂါများအတွက် ဆေးသောက် သလောက် ထိရောက်ပြီး နောက်ထပ်ဆေးအသစ်တွေ ရှာဖွေတဲ့အခါမှာ ဒီအချက်ကို ထည့်သွင်း စဉ်းစားသင့်တယ်လို့ ဒီအပါတ်ထုတ် ဗြိတိန်နိုင်ငံဆေးဘက်ဆိုင်ရာဂျာနယ်ထဲမှာ ဖေါ်ပြထားပါတယ်။
လူနာပေါင်း ၃ သိန်းကျော်ပါတဲ့ သုတေသနပေါင်း ၃၀၀ ကျော်ကို စုပေါင်းခြုံငုံလေ့လာမှုကြီးတစ်ခုအရ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခဏ်းလုပ်ခြင်းသည် နှလုံးနှင့်သွေးကြောရောဂါများ၊ ဆီးချိုဖြစ်လု လူနာများ အတွက် ဆေးသောက်သလောက် ထိရောက်ပြီး၊ လေ့ကျင့်ခဏ်းလုပ်မှုဟာ လေဖြတ်ထားသူတွေမှာ ပိုပြီးထိရောက်တယ်လို့ ဆိုပါတယ်။ အဲဒီ လေ့လာမှုကို ဟားဗတ်နဲ့ စတန်းဖို့ဒ် တက္ကသိုလ် တွေမှာလုပ်ခဲ့ကြ တာ ဖြစ်ပါတယ်။
အဲဒီလေ့လာမှုအရ ဆေးကုသရာမှာ လူ့အပြုအမူနဲ့ နေပုံထိုင်ပဲတွေ အရေးကြီးပြီး သက်ရောက်မှုရှိတဲ့ အကြောင်းကိုလည်း ပိုပြီးတော့ အသားပေးစဉ်းစား သင့်ပါတယ်။
ဆေးဝါးတွေက ငွေကုန်ကြေးကျများတဲ့ အတွက်လည်း နောက်နောင်မှာ ဆေးအသစ်တွေအတွက် သုသေသန လုပ်ကြရင်တော့ လေ့ကျင့်ခဏ်းလုပ်ခြင်းကိုလည်း ထည့်ပြီး သုသေသနလုပ်ဖို့ စာရေးသူတွေ က ပြောထားပါတယ်။ ဆေးသောက်လို့ အကျိုးအနည်းငယ်ပဲ ရှိရင်တော့ လူနာတွေကို လေ့ကျင့်ခဏ်းလုပ် လို့ အကျိုးရှိတဲ့အကြောင်းကို ရှင်းပြသင့်တယ်လို့ ဆောင်းပါးထဲမှာ ရေးထားပါ တယ်။ လေ့ကျင့်ခဏ်း လုပ်ခြင်းကို ဆေးပေးခြင်းနဲ့အတူ သို့မဟုတ် ဆေးပေးခြင်းအစား လုပ်သင့်တယ်လို့လည်း ပြောပါတယ်။“
ဘယ်လိုလေ့ကျင့်ခဏ်းမျိုး ဘယ်လောက်လုပ်သင့်သလည်းဆိုပြီး တိတိကျကျပြောဖို့ ကတော့ခက်တဲ့ အကြောင်း ဆောင်းပါးရှင်တွေက ပြောပါတယ်။ ဘာပဲပြောပြော လေ့ကျင့်ခဏ်းလုပ်တဲ့ အကျိုးကျေးဇူးတွေ ကတော့ သေချာပါတယ်။
လေ့လာမှုလုပ်တဲ့ ဆေးတွေထဲမှာ နှလုံးသွေးကြောရောဂါအတွက်သောက်တဲ့ statins and beta blockers၊ လေဖြတ်ခြင်းအတွက် သွေးကျဲဆေးနှင့် သွေးခဲကာကွယ်ဆေး၊ နှလုံးညှစ်အားနည်းရောဂါအတွက် ဆီးဆေးနဲ့ beta blockers တွေပါပါတယ်။ အဆီလျှော့၍ ဟင်းသီးဟင်းရွက်စားခြင်း၊ လေ့ကျင့်ခဏ်း ပိုလုပ်ခြင်းနဲ့ သောနည်းအောင်နေခြင်းတို့က ဆေးသောက်ခြင်းထက် ပိုပြီးထိရောက်တယ်လို့ the Preventive Medicine Research Institute တည်ထောင်သူ Dean Ornish ကပြောပါတယ်။
နှလုံးနှင့်သွေးကြောရောဂါများဟာ တကမ္ဘာလုံးမှာ လူအသေအပျောက်များဆုံးရောဂါဖြစ်ပြီး တစ်နှစ်ကို လူ ၁၇ သန်းလောက်သေကြပါတယ်။ ၂၀၃၀ ခုနှစ်မှာတော့ နှလုံးနှင့်သွေးကြောရောဂါများကြောင့် တစ်နှစ်ကို လူ၂၃ သန်းထိလောက်ရှိမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။ဆေးလိပ်ဖြတ်ခြင်း၊ ဆားလျှော့စားခြင်းနဲ့ ကျန်းမာရေး လိုက်စားခြင်းတွေလုပ်ရင်နှလုံးနှင့် သွေးကြောရောဂါ များကြောင့်သေဆုံး သူတွေရဲ့ ၂၅%အထိနည်းသွားနိုင်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ခြင်းနှင့်ကာကွယ်ရေးအဖွဲ့က လွန်ခဲ့တဲ့လကပဲ ပြောသွားခဲ့ပါတယ်။
လူနာတွေမှန်သမျှ ဆေးသောက်စရာမလိုဘူးတော့ မဟုတ်ပါဘူး။ နှလုံးညှစ်အားနည်းရောဂါ မှာတော့ ဆေးသောက်မှုရဲ့ ပိုပြီးထိရောက်မှုကို တွေ့နိုင်ပါတယ်။
ကျန်းမာရွှင်လန်းကြပါစေ
မြန်မာနှလုံးဖောင်ဒေးရှင်း
- (အရှေ့သို့) ဆေးမသောက်ပဲ သွေးတိုးကျနိုင်တဲ့ နည်းလမ်း ၁၀ မျိုး လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး လက်ပတ်နာရီ ကဲ့သို့သုံးနိုင်သော Cherry Mobile G1 Watch Phone ဝင်ရောက်
- (အနောကျသို့) မိခင်က စိတ်ဝေဒနာသည်သားကို လွှစက်နဲ့ အပိုင်းပိုင်းဖြတ်ပြီး အလောင်းဖျောက် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး လက်ပတ်နာရီ ကဲ့သို့သုံးနိုင်သော Cherry Mobile G1 Watch Phone ဝင်ရောက်