အခြေခံပညာကျောင်းများ ဖွံ့ဖြိုးရေးအမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိ တိုးမြှင့်အသုံးပြုမည်



အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အစီအစဉ်များဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ သန်း ၁၀၀ အထိတိုးမြှင့်သုံးစွဲရန် စီစဉ်နေကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီး ဌာနမှ သတင်းရရှိသည်။

ကမ္ဘာ့ဘဏ်ချေးငွေနှင့် သြစတြေးလျကူညီရေးအဖွဲ့ (Aus Aid) ၏ ကူညီပံ့ပိုးမှုဖြင့် အခြေခံပညာ ကျောင်း များ၏ အထွေထွေကျောင်းသုံးစရိတ်၊ ကျောင်းသားများအတွက် ပညာသင်ထောက်ပံ့ကြေးငွေ နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့များ၏ အရည်အသွေးမြှင့်သင်တန်းများအတွက် ယင်းငွေကြေးကို သုံးစွဲသွားမည်ဖြစ်သည်။

“ကမ္ဘာ့ဘဏ်က သန်း ၈၀ ကိုလွှတ်တော်တင်ထားတယ်။ အစိုးရဝန်ကြီးအဖွဲ့ကတော့ ဆုံးဖြတ်ပြီးပြီ။ AusAid က သန်း ၂၀ ကူညီထောက်ပံ့မယ်။ အရင်ကပညာသင်နှစ် သုံးနှစ်စာစီစဉ်ထားပြီး အခုပညာ သင်လေးနှစ်စာဖြစ်သွားပါတယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူ က ပြောသည်။

ယခင်က ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ကို ၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်များတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀ စီဖြင့် ပညာရေးဝန် ကြီးဌာန အသုံးစရိတ်သို့ ထည့်ဝင်သုံးစွဲရန် စီစဉ်ခဲ့သည်။

ယခုအခါ ကမ္ဘာ့ဘဏ်ချေးငွေကို အမေရိကန်ဒေါ်လာသန်း ၈၀ အထိ တိုးမြှင့်မည်ဖြစ်ပြီး သြစတြေးလျ အကူအညီပေးရေးအဖွဲ့ (AusAid) က အမေရိကန်ဒေါ်လာသန်း ၂၀ ကူညီထောက်ပံ့မည်ဖြစ်၍ ပညာ သင်နှစ်လေးနှစ်တာအတွက် ကူညီခြင်းဖြစ်ကြောင်းသတင်းရရှိသည်။

ဦးသိန်းစိန်အစိုးရသည် အဘက်ဘက်မှနိမ့်ကျနေသော ပညာရေးကိုပြန်လည်မြှင့်တင်ရန် အဆင့်မြင့် ပညာကဏ္ဍတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေပြီး အခြေခံပညာ ကဏ္ဍတွင်လည်း နိုင်ငံတကာ၏ ပူးပေါင်းပံ့ပိုးကူညီမှုများ ရယူလျက်ရှိသည်။

7Day News Journal
Vol.13, No.6, April.9, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...