အင်္ဂလိပ်စာဆရာ၊ ဆရာမများ အွန်လိုင်းသင်ခန်းစာ အစီအစဉ် အမေရိကန်အစိုးရ ဖိတ်ခေါ်



အင်္ဂလိပ်စာ ဆရာ၊ ဆရာမများအတွက် အခမဲ့အွန်လိုင်းသင်ခန်းစာအစီအစဉ်ကို မြန်မာ၊ ကမ္ဘောဒီး ယား၊ လာအို၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ စိတ်ပါဝင်စားသူများအနေဖြင့် ဧပြီ ၁၀ ရက် နောက်ဆုံး စာရင်းပေးသွင်းနိုင်ကြောင်း အမေရိကန်အစိုးရက ဖိတ်ခေါ်ထားသည်။

အင်္ဂလိပ်ဘာသာသင်ကြားပို့ချနေသူများအတွက် အကြောင်းအရာအမျိုးမျိုးပါဝင်သော အွန်လိုင်းသင် ခန်းစာအစီအစဉ် ခြောက်ကြိမ်ဆွေးနွေးပို့ချမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အမေရိကန်အစိုးရ၏ အင်္ဂလိပ်ဘာသာစကား အစီအစဉ်ဌာနက လက်မှတ်ထုတ်ပေးမည်ဖြစ်သည်။

အွန်လိုင်းသင်ခန်းစာပါဝင်မည့်သူများအနေဖြင့် ကွန်ပျူတာတွင် Adobe Flash Player ထည့်သွင်းထား ရမည်ဖြစ်ပြီး အွန်လိုင်းမှဆွေးနွေးခြင်း၊ ဗီဒီယိုဒေါင်းလုတ်ဆွဲယူခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်သည်။ ပထမဆုံးအွန်လိုင်းသင်ခန်းစာကို ဧပြီ ၃၀ ရက်မြန်မာစံတော်ချိန် ည ၆ နာရီခွဲမှ ၈ နာရီထိ ဆွေးနွေးပို့ ချမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်အင်္ဂလိပ်စာလေ့လာခြင်း၊ လွယ်ကူသက်သာစာဖတ်မှု၊ စာသင်ခန်းတွင် ဟာသအသုံးပြု ခြင်း၊ ဘာသာစကား၏စွမ်းအားနှင့် လွတ်လပ်စွာ ဘာသာစကားလေ့လာရေး နည်းလမ်းများ ခေါင်းစဉ် ဖြင့် သင်ခန်းစာများကို မေလ ၁၄ ရက်၊ မေလ ၂၈ ရက်၊ ဇွန်လ ၁၁ ရက်၊ ဇွန်လ ၂၅ ရက်နှင့် ဇူလိုင် ၉ ရက်တို့တွင် ပို့ချမည်ဖြစ်သည်။

အင်္ဂလိပ်စာ ဆရာ၊ ဆရာမများအတွက် အွန်လိုင်းသင်ခန်းစာ အစီအစဉ်တွင် စိတ်ဝင်စားပါဝင်လိုသူ များအနေဖြင့် www.facebook.com/usermbassy.rangoon တွင်အသေးစိတ်ဝင်ရောက်ကြည့် ရှု လေ့လာနိုင်မည်ဖြစ်သည်။

7Day News Journal
Vol.13, No.6, April.9, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...