မျက်နှာသစ်နေချိန် အမှတ်မထင်ပြုမိတဲ့ အမှားကြီး(၇)ရပ်



နည်းစံနစ်မကျတဲ့ မျက်နှာသစ်ခြင်းက မျက်နှာအသားအရေကို ထိခိုက်ဒဏ်ရာ ရပြီး ခြောက်သွေ့ /တွဲကျ သွားစေသလို၊ အရွယ်မတိုင်မီ အရေးကြောင်းများလဲ ပေါ်လာစေနိုင်တာကြောင့်၊ အဲဒီလိုပြဿနာတွေ မဖြစ် ရအောင် အမေရိကန်နိုင်ငံ The Mount Sinai Medical Center မှ အရေပြားဆိုင်ရာ လက်ထောက် ပါရဂူဖြစ်သူ Dr. Jeannette Graf က အောက်ပါ နည်းလမ်း(၇)ရပ်ဖြင့် ပြင်ဆင်သင့်ပါကြောင်း အကြံပြု ထားပါတယ်။

(၁) မျက်နှာသစ်ဆပ်ပြာရွေးချယ်မှု မှန်ကန်ပါစေ။

မိမိအသား အရေအတွက် သင့်တော်မှန်ကန်တဲ့ မျက်နှာသစ် ဆပ်ပြာရွေးချယ်တတ်မှုက အင်မတန် အရေးကြီးပါတယ်။ အဆီပြန်တဲ့ အသားအရေအတွက် foaming (သို့ မ ဟုတ်) ဂျယ်လ်အမျိုးအစား မျက်နှာသစ်ဆပ်ပြာတွေသုံးသင့်ပြီး၊ ခြောက်သွေ့ တဲ့ အသား အရေအတွက် ကရင်မ်အမျိုးအစားကို သုံးသင့်ပါတယ်။

(၂) လက်ကို ဦးစွာ ဆင်ကြယ်အောင်ဆေးကြောပါ။

လူ ၁၀-ဦး မှာ ၇-ဦးလောက်က မျက်နှာမဆေးကြောခင် လက်ကိုဦးစွာဆေးကြောဖို့ မေ့ နေတတ်ကြပါ တယ်။ မျက်နှာသစ်နည်း အမှန်က ဦးစွာလက်ကို ကိုယ်တိုက် ဆပ်ပြာတခုခုနဲ့  စင်ကြယ်စွာဆေးကြော ၍ ရေစင်အောင်လောင်းရပါမယ်။ ဒုတိအဆင့် အနေ ဖြင့် မျက်နှာကိုရေနဲ့ အရင်သစ်ပါ။ ပြီးမှ လက်ထဲကို မျက်နှာသစ်ဆပ်ပြာ လို သလောက်ထဲ့၍ အမြှုပ်ထအောင်လက်ထဲမှာ ပွတ်ပြီးမှသာ၊ မျက်နှာကို အသာ အယာ ပွတ်ဆေးပေးရပါမယ်။

(၃) ရေစိုမျက်နှာသစ် ပုဝါကို လျှော်ဖွပ်ဖို့ မမေ့ပါနဲ့ ။

တချို့ သူတွေက မျက်နှာသစ်ပုဝါ ခပ်သေးသေးလေးမှာ ရေ-ဆပ်ပြာပွတ်၍ မျက်နှာသစ်လေ့ ရှိပါတယ်။ မျက်နှာသစ်ပြီးတဲ့ အခါတိုင်း၊ အဲဒီမျက်နှာသစ်ပုဝါလေးကို ဆပ်ပြာနဲ့  စင်အောင်လျှော်ဖွတ်ရ မှာဖြစ်ပြီး၊ နောက်ထပ် တစ်ကြိမ်ထပ်မသုံးခင်မှာ အဲဒီပုဝါလေး ခြောက်သွေ့ နေရပါမယ်။ မျက်နှာသစ်ပုဝါ စိုထိုင်းထိုင်းတွေမှာ မျက်စေ့ဖြင့် မမြင်နိုင်တဲ့ မှိုပိုးတွေရှိစေသလို၊ ပုဝါက အလွန် ခြောက်သွေ့ နေခဲ့ရင်လည်း မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်မိတဲ့အခါ အသားအရေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လက်ဖြင့် သာ မျက်နှာသစ်ကြရန် Dr. Graf က အကြံပြုထားပါတယ်။

(၄) ပူလွန်း အေးလွန်းတဲ့ ရေတွေဖြင့် မျက်နှာမသစ်ပါနဲ့ ။

အကယ်၍ ဆောင်းကာလလိုမျိုး အလွန်အေးတဲ့ ရာသီဥတုမှာတောင် ပုံမှန်ရေအေးဖြင့်သာ မျက်နှာသစ်ပေး သင့်ပါတယ်။ မဖြစ်မ နေ ရေနွေးသုံးဖို့ လိုအပ်လာတဲ့အခါ၊ မျက်နှာ အသားအရေ အစိုဓာတ်မပျက်စီး ရလေအောင် မိမိခံနိုင်ရုံလောက်သာ ရေခပ်နွေး နွေးကို သုံးပေးပါ။ နွေခေါင်ခေါင် ဘယ်လိုဘဲ ရာသီဥတု ပူပြင်းပါစေ ရေခဲရေဖြင့် မျက်နှာ(လုံးဝ)မသစ်ပါနဲ့ ။

(၅) scrubs နည်းတွေ လွန်ကဲစွာမသုံးပါနဲ့ ။

မျက်နှာသန့် စင်နည်းတမျိုးဖြစ်တဲ့ scrubs(ခေါ်)ညစ်နေတဲ့အသားအရေကို အလွှာလိုက် ကွာကျစေတဲ့ နည်း က မျက်နှာအသားအရေကို နူးညံ့ချောမွေ့ သွားစေတာ မှန်သော်လည်း၊ မကြာခဏ လွန်ကဲစွာပြုခြင်းက အသားအရေကို ပျက်စီးစေပါတယ်။

(၆) မျက်နှာပေါ်ကဆပ်ပြာတွေကို ကုန်စင်အောင်ဆေးကြောပါ။

ဘယ်ဆပ်ပြာမျိုးနဲ့ မဆို မျက်နှာကိုသန့် စင်တဲ့အခါ၊ အဲဒီဆပ်ပြာတွေ (လုံးဝ) ကုန်စင်သန့် စင်သွားတဲ့ အထိ ရေနိုင်နိုင်လောင်း ပေးဖို့ မမေ့ပါနဲ့ ။ ထို့ ဆပ်ပြာ အကြွင်းအကျန်တွေက မျက်နှာအသားအရေ ကိုခြောက်သွေ့ ပျက်စီးစေပါတယ်။

(၇) တနေ့  ၂-ကြိမ် မျက်နှာသစ်ပါ။

တညလုံးအိပ်စက်ထားချိန်မှာ သာမန်မျက်စေဖြင့်မမြင်နိင်တဲ့ ဘက်တီးရီးယားပိုးတွေနဲ့  မျက်နှာပေါ်က အဆီတွေပေါင်းစပ်ပြီး ညစ်ပေလေ့ရှိတာမို့  နံက်အိပ်ယာထ မျက်နှာသစ်ရပါမယ်။ တစ်နေကုန် ဖီးလိမ်းပြင် ဆင်ထားတဲ့ မိတ်ကပ်တွေနဲ့ ပြင်ပမှ ဖုန်မှုန့် တွေအတွက် ညအိပ်ယာဝင်ခါနီး တစ်ကြိမ်မျက်နှာသစ်ပါ။ (မိတ်ကပ် လိမ်းခြယ်ပြီး ချိန်မှစ၍ အလွန်ဆုံး နောက်ထပ် ၁၀-နာရီ လောက်ကြာအောင် အဲဒီမိတ်ကပ်တွေ ကို မျက်နှာပေါ်မှာ မထားသင့်တော့ပါဘူးလို့  Dr. Graf က ထပ်လောင်းအကြံပြုထားပါတယ်)

(ပေါက်ပေါက်….မျှဝေသည်)
(ကိုးကား… Dr. Jeannette Graf by The Mount Sinai Medical Center)

promise.pauk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...