နေတိုး၏ အိမ်ထောင်ဖက် ရွေးချယ်မှုအပေါ် ကြည်ဖြူစွာ လက်ခံမည်ဟု မိခင် ဒေါ်သန်းမြိုင် ပြောကြား



နေတိုးရဲ့ အနုပညာ အလုပ်တွေကို နောက်ကနေ အမြဲပံ့ပိုးပေးနေတဲ့ မိခင်ဖြစ်သူ ဒေါ်သန်းမြိုင်က ဇာတ်ကားတွေအတွက် ဝတ္ထုတွေဖတ်ပြီး သားဖြစ်သူကို ပြောပြလေ့ ရှိပါတယ်။ သားဖြစ်သူ ငိုတဲ့ ဇာတ်ဝင် ခန်းတွေ သရုပ်ဆောင်တဲ့အခါ ကိုယ်တိုင် မျက်ရည်ကျမိတယ်လို့ ပြောပြတာ ကြောင့်

” ဇာတ်ကားတွေ ရိုက်တဲ့အခါ ငိုတဲ့အခန်းတွေ ရိုက်ရင် ရိုက်ကွင်းနားမှာ မနေတော့ဘူး။ အဝေးမှာပဲ သွားနေတော့တယ်။ သူငိုရင် ကိုယ်ပါ လိုက်ငိုချင်တော့တာ။ ကားရိုက်အတွက် ဇာတ်တွေကို ဖတ်ပြီး ဘယ် လိုမျိုးဆိုတာ ပြောပြပေးတယ်။ အလုပ်များတော့ ဘေးကနေ သူ့ကို ဝတ္ထုတွေ ဖတ်ပေးရတာပေါ့။ သူ့ကို ပရိသတ်တွေ ပို့ထားတဲ့ ဝတ္ထုတွေလည်း ဝိုင်းပြီး ဖတ်ပေးနေတယ်။ အခု သူဝယ်လာတဲ့ ကင်မရာတွေနဲ့ ရိုက်တော့ အဲဒီစက်တွေကိုလည်း ရိုက်ပြီး ပြန်လုပ်နေရတာ။ ကားရိုက်လိုက်၊ ဒါတွေ လုပ်လိုက် နဲ့ဆိုတော့ သူ့မှာ အချိန်ကမရှိဘူးဖြစ်နေတာလေ” လို့ ပြောပြပါတယ်။

၂ဝ၁၄ မှာ နေတိုးရဲ့ မင်္ဂလာ သတင်းကြားရ တော့မလား ဆိုတဲ့ လတ်တလော သတင်းတွေ ကြောင့် နေတိုးရဲ့ မိခင် ဒေါ်သန်းမြိုင် ကိုမေးကြည့်ဖြစ်တော့

” အိမ်ထောင်ပြု တာက သူဆန္ဒရှိတဲ့သူ ဆိုရင် အရီးတို့က ကြည်ဖြူစွာ လက်ခံမှာပါပဲ။ အရီးတို့ကတော့ ဘယ်အချိန် ယူရ မယ်ဆိုပြီး သတ်မှတ် ထားတာ မရှိပါဘူး။ သူလည်း ကလေးမှ မဟုတ် တော့တာ။ ကိုယ့်ဘာသာ ကိုယ် ဆုံးဖြတ် တတ်တဲ့ အရွယ်လည်းရောက် နေပြီပဲ။ အခုအချိန် မှာတော့ အနု ပညာ အလုပ်တွေ ပဲ လုပ်နေတော့ ယူမယ့်သူ ရှိ ရင်တောင် မယူနိုင်သေးပါဘူး” လို့ ပြောပြခဲ့ပါတယ်။

Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...