ဂျပန်ခရီးစဉ်အတွင်း Honda စက်ရုပ်နဲ့ ဘောလုံးကစားခဲ့တဲ့ အိုဘားမား


Angel on 2014-04-28 17:43

အမေရိကန်သမ္မတ အိုဘားမားဟာ ဂျပန်အလည် အပတ်ခရီးစဉ်မှာ ဟွန်ဒါကုမ္ပဏီရဲ့ ASIMO လူသား စက်ရုပ်နဲ့  တွေ့ ဆုံခဲ့ကြောင်း The Wall Street ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ASIMO စက်ရုပ်ဟာ ရွေ့ လျားစွမ်းဆောင်နိုင်မှု နည်းပညာသစ်အတွက် အဆင့်မြင့်ခြေလှမ်းတစ်ရပ် လို့  ခေါ်ဆိုနိုင်ပြီး အမေရိကန်သမ္မတ အိုဘားမားနဲ့ အတူ ပရိတ်သတ်တွေရှေ့ မှာ ဘောလုံး အပေးအယူ ကစားပြခဲ့ပါတယ်။ ဒီစက်ရုပ်ရဲ့ ဘောလုံးစွမ်းရည်တွေကို အိုဘားမားကိုယ်တိုင် တော်တော်အကြိုက်တွေ့  ခဲ့တယ်လို့  ပြောကြားခဲ့ပါတယ်။

အိုဘားမားဟာ ASIMO စက်ရုပ်နဲ့ ဦးညွှတ်နှုတ်ဆက်ပြီး အင်္ဂလိပ်လို စကားအနည်းငယ်ပြောဆိုခဲ့ ပါသေး ယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အိုဘားမားက ဒီပြပွဲက စက်ရုပ်တွေဟာ လူနဲ့ အရမ်းတူပြီး သူ့ အတွက် နည်းနည်းလန့် ဖို့  ကောင်းတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Honda ဟာ သူ့ ရဲ့ လူသားစက်ရုပ်စီမံကိန်းမှာ ၁၄ နှစ်နီးပါး အချိန်၊ငွေတွေ မြှပ်နှံခဲ့ပြီးနောက် ၂၀၀၀ ခုနှစ် အောက်တိုဘာက ပထမဆုံးချပြခဲ့တဲ့ စက်ရုပ်ထက်စာရင် အများကြီး တိုးတက်လာတာ ကို တွေ့ မြင်နိုင်ပါတယ်။ အခုစက်ရုပ်ဟာ လှေကားထစ်တွေ အတက်အဆင်းပြုလုပ်နိုင်၊ ဖျော်ရည်ကို ခွက်ထဲထည့်ပြီး ဧည့်ခံ နိုင်တဲ့ အပြင် ပြေးနိုင်၊ မျက်နှာတွေ မှတ်သားထားနိုင်သလို စကားပါ ပြောဆိုနိုင် ပါတယ်။

အိုဘားမားဟာ ကျောင်းသားတွေကို မိန့် ခွန်းပြောကြားခဲ့ရာမှာ သိပ္ပံပညာနဲ့ သင်္ချာပညာတို့ ရဲ့ အရေးကြီး ပုံကို ထည့်သွင်းပြောကြားခဲ့ပြီး ဂျပန်နဲ့ အမေရိကန်လူငယ်တွေအပေါ် ချီးကျုးစကားပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။



Ref: mashable.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...