တက္ကသိုလ်ဝင်တန်းဖြေပြီးမှ ဇာတ်ကားပြန်ရိုက်မယ့် ယွန်းယွန်း
တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးမှသာ ဇာတ်ကားများ ပြန်လည်ရိုက်ကူးရန်ရည်ရွယ် ထားပြီး လက်တလော တွင် ကြော် ငြာနှင့် ဓာတ်ပုံများသာ လက်ခံ ရိုက်ကူးဖြစ်ကြောင်း သရုပ် ဆောင်ယွန်းယွန်း က ပြောသည်။
‘‘အခု လာကမ်းလှမ်းတဲ့ ဇာတ်လမ်းတွဲတွေ လက်မခံဖြစ် ဘူး။ ဗီဒီယိုလည်းမရိုက်ဖြစ်ဘူး။ တစ်ရက် တည်းနဲ့ပြီးမယ့် အနု ပညာလှုပ်ရှားမှုတွေလောက်ပဲ လုပ်ဖြစ်တယ်။ ဆယ်တန်းကျရင် လည်း ဘော်ဒါ သွားမှာဆိုတော့ ဆယ်တန်းပြီးမှပဲ ဇာတ်ကားတွေ ပြန်ရိုက်ဖြစ်မယ်ထင်တယ်’’ဟု ၎င်းက ပြောသည်။
လာမည့် ပညာသင်နှစ်တွင် ကိုးတန်းတက်ရောက်မည်ဖြစ်ပြီး ဆယ်တန်းပြီးသည့်အချိန်အထိ ၂ နှစ်ခန့်ကြာမြင့်မည်ဖြစ်သော ကြောင့် ပရိသတ်များ ၎င်းကို မေ့ နေပါကလည်း အသစ်ကနေ ပြန်လည် စတင်သွားမည်ဟု ယွန်းယွန်းကပြောသည်။
သို့သော် အမှတ်တရဖြစ်ကာ အဓိက ဇာတ်ဆောင်အနေဖြင့် ရိုက်ကူးရန် ကမ်းလှမ်းလာပါက အုပ်ထိန်းသူ များနှင့် တိုင်ပင်ကာ ရိုက်ကူးဖြစ်မည်ဟု ၎င်းကဆို သည်။ ရိုက်ကူးရေးများနားလိုက် သော်လည်း ရိုက်ကူးထားသည့် ဇာတ်ကားနှစ်ဆယ်ခန့်နှင့် ရုပ်ရှင် သုံးကားခန့်ထွက်ရှိရန် ကျန်ဦး မည်ဖြစ်ကြောင်း ယွန်းယွန်းက ပြောသည်။
စေတန်ရဲ့ ကချေသည်ရုပ် ရှင်နှင့် ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင် ထားပြီး ကိုယ်ကြိုက် သော အနုပညာရှင်များဖြစ်သည့် ဒါရိုက်တာဝိုင်းနှင့် စာရေးဆရာမ ပုညခင်တို့၏ ဇာတ်ကောင်ဖြစ်ခွင့် ရရုံဖြင့်ပင် ကျေနပ်ကြောင်း ယွန်းယွန်းကပြောသည်။
7Day Daily
No.356 Tuesday, April 22,2014