မလေးရှားလေကြောင်းမှ လေယာဉ်တစ်စီး တာယာပေါက်နေ၍ ကွာလာလမ်ပူလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရ


လေယာဉ်အဆင်း တာယာပေါက်ပြီးနောက် ကွာလာလမ်ပူနိုင်ငံတကာလေ ဆိပ်သို့ ပြည်လည် ဆင်းသက် ခဲ့သော မလေးရှားလေကြောင်းမှMH 192 လေယာဉ်အား ဧပြီ ၂၁ ရက် နံနက်အစောပိုင်းက တွေ့ရစဉ် (AHMAD YUSNI/EPA)

ပျောက်ဆုံးနေ သည့် MH370 ကို ပိုင်ဆိုင်သည့် မလေးရှားလေကြောင်းလိုင်းမှ ခရီးသည် ၁၆၆ ဦး တင်ဆောင် လာသော MH192 လေယာဉ် သည် ဘီးတွင် တာယာပေါက်နေ ကြောင်း တွေ့ရ၍ အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့သို့ မပျံသန်းတော့ဘဲ ကွာလာလမ်ပူလေဆိပ်သို့ တနင်္လာနေ့နံနက်တွင် ပြန်လည် ဆင်းသက်ခဲ့ရသည်။

ထို MH192 လေယာဉ်သည် လေဆိပ်မှအတက်တွင် လေထဲ၌ တာယာပေါက်ပြဲနေကြောင်း တွေ့ ရ၍ မူလခရီးစဉ်အတိုင်း မသွား တော့ဘဲ ပြန်လှည့်ကာ ကွာလာ လမ်ပူသို့ ပြန်ဆင်းခဲ့ကြောင်း လေ ကြောင်း လိုင်းက ဆိုသည်။

‘‘လုံခြုံရေးကိစ္စဟာ မလေး ရှားလေကြောင်းလိုင်းရဲ့ ဦးစား ပေးကိစ္စဖြစ်တာကြောင့် လေ ယာဉ်ဟာ ကွာလာလမ်ပူလေဆိပ် ကို ပြန်လှည့်ခဲ့တာပါ’’ ဟု လေ ကြောင်းလိုင်း၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။ ထို့ပြင် ယာဉ်ပေါ်ပါ ခရီးသည် ၁၅၉ ဦး နှင့် ယာဉ်အမှုထမ်းခုနစ်ဦးတို့ သည်လေယာဉ်ထဲမှ ပြန် ထွက် ခဲ့ရသည်။

လေကြောင်းလိုင်းသည် လေယာဉ်ဘီးတွင် တာယာပေါက် နေကြောင်း သိရှိပြီးနောက် ပြန်လည်ဆင်းသက် ခိုင်းရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။

‘‘သူတို့ လုံခြုံစိတ်ချစွာ ဆင်း နိုင်ခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ရမှာပါ’’ ဟု ပျောက် ဆုံးလေယာဉ် MH370 ကို ရှာဖွေ ရေးကိစ္စများ ကြီးကြပ်နေသည့် မလေးရှားယာယီပို့ဆောင်ရေး ၀န်ကြီး ဟီရှန်မူဒင်ဟူစိန် က ပြော သည်။

MH192 လေယာဉ်ဘေး ကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး နောက် ယာဉ်ပေါ်ပါခရီးသည်များ ကို ကွာလာလမ်ပူမှ ဟိုတယ်များ တွင် နေရာချထားပေးခဲ့ပြီး တန င်္လာညနေပိုင်းတွင် ပြန်လည်ထွက် ခွာနိုင်အောင် လေယာဉ် ခရီးစဉ် များ စီစဉ်ပေးခဲ့ကြောင်း သိရ သည်။ ယခုလေယာဉ်သည် ဘိုး ရင်း ၇၇၇-၈၀၀ လေယာဉ်အမျိုး အစားဖြစ်ကြောင်း သတင်း တွင် ဖော်ပြသည်။

—Ref: AFP
7Day Daily
No.356 Tuesday, April 22,2014 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...