ဂျပန်နိုင်ငံ၏ စမတ်ဖုန်းဂိမ်းဈေးကွက် တန်ဖိုးဒေါ်လာ ၅.၄ ဘီလီယံရှိလာ

အတွဲ (၁၅)၊ အမှတ် (၁၄)


ဂျပန်နိုင်ငံ၏ ပြည်တွင်းစမတ်ဖုန်း ဂိမ်းဈေးကွက်သည် ၂၀၁၃ ခုနှစ်တွင် ဂျပန်ယန်း ၅၄၆.၈ ဘီလျံ (ဒေါ်လာ ၅.၄ သန်း) ရှိပြီး ၂၀၁၂ ခုနှစ်ကထက် ၁၇၈ ရာခိုင်နှုန်းမြင့်တက် လာကြောင်းသိရသည်။

အဆိုပါ တင်ပြချက်ကို CyberZ မှပြုလုပ်ခဲ့ပြီး တိုကျိုအခြေစိုက် အင်တာနက်ကော်ပိုရေးရှင်း ကုမ္ပဏီ CyberAgent ၏လက်အောက်ခံ ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ CyberZ အနေဖြင့် ကမ္ဘာပေါ်တွင် ဂျပန်တစ်နိုင်ငံတည်းသာ ကြီးမားသည့် feature ဖုန်းဂိမ်းဈေးကွက် ရှိခြင်းကြောင့်အာရုံစိုက် လေ့လာခဲ့ သည်။ ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် Mobile Content Forum (MCF) တွင် CyberZ က ၂၀၁၂ ခုနှစ်က feature ဖုန်းဂိမ်းဈေးကွက် တန်ဖိုးသည် ၂.၁ ဘီလျံရှိခဲ့သည်။ MCF က ၂၀၁၂ ခုနှစ်က ဂျပန်နိုင်ငံ၏ စမတ်ဖုန်းဂိမ်းဈေးကွက် ဒေါ်လာ ၂.၇ ဘီလျံတိုးတက်လာပုံကို နှိုင်းယှဉ်လေ့လာခဲ့သည်။

Browser ပေါ်အခြေခံသည့် စမတ်ဖုန်းဂိမ်းများသည်လည်း စမတ်ဖုန်းဂိမ်းများအဖြစ် သတ်မှတ်နိုင်ပြီး ၎င်းဂိမ်းများအသုံးပြုမှု မြင့်တက်သောကြောင့် CyberZ က ၂၀၁၃ ခုနှစ်ကဒေါ်လာ ၅.၄ ဘီလျံမှ ယခုနှစ်အတွင်းဒေါ်လာ ၆.၅ ဘီလျံအထိ တိုးတက်လာဖွယ်ရှိကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။

-စိုးထက်
Ref: Techinasia
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...