ပညာသင်ထောက်ပံ့ကြေးရသူများနှင့် ရွှေဇေယျာတက္ကသိုလ် ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ရေး အဖွဲ့တို့တွေ့ဆုံပွဲကျင်းပ



ရွှေဇေယျာတက္ကသိုလ် ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ရေးအဖွဲ့နှင့် ထောက်ပံ့ကြေးရရှိသူ ကျောင်း သား၊ ကျောင်းသူများတွေ့ဆုံပွဲကို ဧပြီ ၂၀ ရက်က စစ်ကိုင်းမြို့ ထူပါရုံကျောင်းတိုက် ဓမ္မဗိမာန်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

“ဒီကနေ့အထိဘွဲ့ရပြီး ကျောင်းသား၊ ကျောင်းသူ ၃၁ ဦးရှိပါပြီ။ တက္ကသိုလ်များမှာ ပထမနှစ်ကနေ ပဉ္စမနှစ်အထိ ထောက်ပံ့ကြေးပေးနေသူ ၇၅ ဦးရှိပါတယ်။ တစ်လသိန်း ၂၀ ရှိပါတယ်။ လစဉ်ထောက် ပံ့ငွေအနေနဲ့ ဆေးတက္ကသိုလ်နဲ့ ရေကြောင်းပညာတက္ကသိုလ်တစ်ဦး ကျပ် ၄၀၀၀၀၊ ကျန်တက္ကသိုလ် ကျောင်းသားတွေကို တစ်လကျပ် ၃၀၀၀၀ နဲ့စစ်ကိုင်းမြို့မှာရှိတဲ့ တက္ကသိုလ်များမှာ တက်တဲ့ကျောင်း သားတွေကို တစ်လကျပ် ၂၀၀၀၀ ထောက်ပံ့ပါတယ်။ စတုတ္ထနှစ်နှင့် အထက် ကျောင်း သား၊ ကျောင်း သူများကိုလစဉ် ကျပ် ၁၀၀၀၀ အပိုထောက်ပံ့နေပါတယ်” ဟုအသင်းအတွင်းရေးမှူး ဦးဇော်ဝင်းက ပြောသည်။

အဆိုပါ ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ရေးအဖွဲ့သည် စစ်ကိုင်းမြို့မှ စေတနာတူ၊ ဝါသနာတူသူများ စုပေါင်း၍ ၁၉၈၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Democracy Today Daily
အတွဲ(၁)၊ အမှတ်(၄၅)၊ ဧပြီ(၂၃) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...