ကောလိပ်နှင့် အထက်တန်းကျောင်းသားများသို့ အခြေပြုရောင်းချသည့် မူးယစ်ဂိုဏ်းအား ဖော်ထုတ်



အမေရိကန်နိုင်ငံ ပန်ဆဲလ်ဗေးနီးယားပြည်နယ်မှ အာဏာပိုင်များသည် ကောလိပ်များ အထက် တန်း ကျောင်းများတွင် မူးယစ်ဆေးဝါးရောင်းချသည့် ဂိုဏ်းတစ်ခုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

“The Main Line Takeover Project” ဟု အမည်ရသည့် မူးယစ်ဆေးဂိုဏ်းအား အသက် ၂၅ နှစ် အရွယ် နေးလ်စကော့နှင့် အသက် ၁၈ နှစ်အရွယ် တမ်မိုသီဘရွတ်တို့က ဦးဆောင်သည်။ ၎င်းတို့သည် Main Line ဒေသရှိ ကောလိပ်သုံးခုနှင့် အထက်တန်းကျောင်းများသို့ ကျောင်းသားများအား တစ်ဆင့်ခံ ရောင်းချသူများအဖြစ် ငှားရမ်းကာမူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်သည့် ကော့နှင့် ဘရွတ်တို့ သည် ၎င်းတို့မူးယစ်ဆေးရောင်းချရာ The Haverford ကျောင်းထွက်များဖြစ်ပြီး ယင်းတွင်ပင် အား ကစားနည်းပြများဖြင့် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ ၎င်းတို့၏ဂိုဏ်းသည် ကျောင်းသားများထံသို့ ကိုကင်း၊ ဆေးခြောက်၊ ဆေးခြောက်ဆီနှင့် စိတ်ကြွဆေးများရောင်းချနိုင်ရန် တစ်ဆင့်ခံအရောင်းသမား များကိုအသုံးပြုသည်။ သတင်းရရှိခဲ့ပြီးနောက် အာဏာပိုင်များက လေးလကြာထောက်လှမ်းပြီး စကော့ နှင့် ဘရွတ်တို့၏ မူးယစ်ဆေးဂိုဏ်းအား ခြေရာခံမိကာ ဝင်ရောက်စီးနင်းမှုပြုလုပ်ရာ ဆေးခြောက် ရှစ် ပေါင်၊ ဆေးခြောက်ဆီသုံးဂရမ်၊ ကိုကင်း ၂၃ ဂရမ်နှင့် စိတ်ကြွဆေး ၁၁ ဂရမ်တို့အား တွေ့ရှိခဲ့ရသည်။

ထို့အပြင် ကျည်ဖြည့်ထားသည့် ရိုင်ဖယ်တစ်လက် ပစ္စတိုတစ်လက်နှင့် .22 AR-15 ရိုင်ဖယ်နှင့် ဒေါ်လာ ၁၁,၀၀၀ တို့ကိုလည်း တွေ့ရှိခဲ့ရသည်။ ၎င်းတို့မှအများစုသည် စကော့နေထိုင်ရာ တိုက်ခန်းမှ ဖြစ်သည်။ စကော့နှင့်ဘရွတ်တို့အပြင် ၎င်းတို့ငှားရမ်းထားသည့် အသက် ၁၇ နှစ်မှ ၂၉ နှစ်အတွင်း တစ်ဆင့်ခံရောင်း ချသူ ကျောင်းသားကိုးဦးအား ရဲတပ်ဖွဲ့မှဖမ်းဆီးကာ တရားစွဲထားပြီးအနည်းဆုံး အခြားသုံးဦးမှာ လွတ်မြောက်နေဆဲဟု အစိုးရအရာရှိများက ဆိုသည်။ စကော့သည် ဒေါ်လာတစ်သန်း အာမခံဖြင့် လည်းကောင်း၊ ဘရွတ်သည် ဒေါ်လာ ၂၅,၀၀၀ အာမခံဖြင့်လည်းကောင်းပြန်၍ လွှတ်ပေး ခဲ့ပြီး၎င်း တို့၏ ရှေ့နေနှစ်ဦးက တရားစွဲဆိုမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာမှတ်ချက်ပေး ပြောကြား ခဲ့ခြင်းမရှိပေ။

Ref:Mail Online

Democracy Today Daily
အတွဲ(၁)၊ အမှတ်(၄၅)၊ ဧပြီ(၂၃) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...