စွယ်တော်စေတီကန်ပေါင်လမ်းအတိုင်း မောင်းနှင်လာသည့် အငှားယာဉ်မှာ ပြန်ကွေ့စဉ် အရှိန်လွန်ကာ ကန်အတွင်းသို့ကျ
ရန်ကုန်၊ ဧပြီ ၂၂
၂၁.၄.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စွယ်တော်စေတီ ကန်ပေါင်မြေနီလမ်း အတိုင်း တောင်မှ မြောက်သို့ ယာဉ်မောင်း ကျော်မင်းလွင်၊ (၃၄)နှစ်၊ (ဘ)ဦးဖြိုး၊ ရန်ကင်းမြို့နယ်နေသူ မောင်းနှင်လာသော AA —- Probox အပြာရောင်အငှားယာဉ်သည် ကန်ပေါင် လမ်းအလယ်အရောက် နောက်ဘက်သို့ “ဂ” ကွေ့ ပြန်ကွေ့စဉ် အရှိန်လွန်ကာ စွယ်တော်မင်္ဂလာကန်ထဲ သို့ ကျသွားခဲ့ပါသည်။
ထိုသို့ကျသွားချိန်တွင် ယာဉ်ပေါ်၌ ခရီးသည်များမပါရှိကြောင်း၊ ယာဉ်မောင်း မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်းနှင့် ယာဉ်ကို ၁၈၀၀ အချိန်တွင် ပြန်လည်ဆယ်ယူ ခဲ့ပြီးကြောင်း သိရှိရပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း ကျော်မင်းလွင်အား မရမ်းကုန်းမြို့မ ရဲစခန်းယာဉ်(ပ)၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ၂၇၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိ
ကြောင်း သတင်းရရှိပါသည်။
Yangon Police