သင်္ကြန်ကာလအတွင်း ထိုင်းမှ တရားမ၀င်သွင်းသော ဘီယာများဖမ်းမိ
သင်္ကြန်ကာလအတွင်း ထိုင်းနိုင်ငံမှ တရားမ၀င် တင်သွင်းလာသော ဘီယာနှင့် အဖျော်ယမကာ ကျပ်သိန်း ၇၀ ဖိုးခန့် ဖမ်းဆီးရမိခဲ့ကြောင်း တရားမ၀င်ထိန်းချုပ်ရေး ဗဟိုကော်မတီထံမှ သတင်းရရှိ သည်။
‘‘Chang အမှတ်တံဆိပ် ဘီ ယာတွေ များပါတယ်။ သင်္ကြန်မ တိုင်မီနဲ့ သင်္ကြန်ကာလတွင်း ဖမ်း မိတာပါ။ တစ်ရက်တည်းမဟုတ်ဘဲ တစ်နေ့နည်းနည်းစီ သွင်းလာတာ တွေပါ’’ ဟု တရားမ၀င်ကုန်သွယ်မှု တားဆီးရေးအဖွဲ့ခွဲမှ အဖွဲ့ ခေါင်းဆောင် ဦးသန်းဝင်းက ပြောသည်။
ဧပြီ ၁၀ ရက်မှစတင်ကာ သင်္ကြန်ကာလလေးရက်အပါအ ၀င် ဧပြီ ၂၀ ရက်အထိ ဆယ်ရက် ဆက်တိုက် ဖမ်းဆီးအရေးယူခဲ့ ခြင်းဖြစ်ပြီး အများစုမှာ မဟာ သင်္ကြန်ကာလအတွင်း ရောင်းချ ရန် ဘီယာနှင့် အဖျော် ယမကာ များတရားမ၀င်တင်သွင်းခဲ့ကြပြီး အသေးစားလျှပ်စစ်ပစ္စည်းများ လည်း အနည်းငယ်ပါဝင်သည်ဟု ဆိုသည်။
‘‘သင်္ကြန် ကာလဆိုတော့ အခြားရက်တွေထက်တော့ တရားမ၀င်ကုန်သွင်းတာ နည်းနည်းများတယ်။ Mobile Team မစစ်ဘူးအထင်နဲ့ပေါ့။ အများဆုံး မိတာက ဘီယာတွေပါ’’ဟု ဝေါ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးယဉ် ထွေးကပြောသည်။
ဆယ်ရက်အတွင်း ဖမ်းဆီး ရမိခဲ့သော တရားမ၀င်ကုန်သွယ် မှု ခြောက်မှုတွင် တရားမ၀င် တင်ဆောင် လာသော ဘီယာနှင့် အဖျော်ယမကာ ဖမ်းဆီးရမှု လေးမှုထိ ပါဝင်နေပြီး အဆိုပါ လေးမှုတွင် ၂၄ လုံးပါ Chang အမှတ်တံဆိပ် ဘီယာ ၁၆၁ ဖာ ဖမ်းဆီးရမိခဲ့သည်။
ထိုင်းနိုင်ငံမှ တရားမ၀င် တင်သွင်းလာသော ကုန်ပစ္စည်း များကို ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၄ ဇန်န၀ါရီမှ စတင်ကာ သုံး လအတွင်း တရားမ၀င်ကုန်သွယ် မှု တန်ဖိုးစုစုပေါင်း ၇၀ ရာခိုင် နှုန်းခန့်လျော့ကျသွားပြီး လစဉ် ပုံမှန်ဖမ်းဆီးရမိသော တရားမ ၀င်ကုန်ပစ္စည်းအရေအတွက်၏ လေးပုံတစ်ပုံခန့်မှာ အရက်၊ ဘီ ယာများဖြစ်ကြောင်း သိရသည်။
7 Day News Daily