စီးရီးအတွက် ခင်ပွန်းပေးမယ့် နာမည်ကိုစောင့်နေတဲ့ ချမ်းချမ်း


ဓာတ်ပုံ − ကျော်ဇင်သန်း

ခင်ပွန်းဖြစ်သူ ရွေးချယ် ပေးမည့် အမည်ကို တတိယတစ် ကိုယ်တော်စီးရီးခွေအမည်ပေး မည်ဖြစ်ကြောင်း အဆိုတော် ချမ်းချမ်းက ပြောသည်။

‘‘အခွေတိုင်တယ် (Title)က အစ်မယောက်ျားစိတ်တိုင်းကျ ရွေးချယ်ပေးမယ်ဆိုလို့ သူရွေး ပေးတာကို စောင့်နေတာနဲ့ တတိယ တစ်ကိုယ်တော်ခွေ နာမည်ကအတည်တကျတော့ မဖြစ်သေးဘူး’’ဟု ချမ်းချမ်းကပြောသည်။

ထို့အပြင် ယင်းစီးရီးအမ်တီ ဗီများကို ဘုဏ်းသိုက်က ရိုက်ကူး ပေးမည်ဖြစ်ကြောင်း သိရသည်။

တတိယအခွေတွင် မြင့်မိုး အောင်၊ စည်သူလွင်၊ ဟဲလေး၊ မိုးမိုး၊ ရယ်ဂျီ၊ လင်းမြိုင် စသည့် တေးရေးဆရာများ ပါဝင်ပြီး ချမ်းချမ်းကိုယ်တိုင် သီချင်းသုံးပုဒ် ခန့်ရေးသားကာ ဟန်ထွန်း၊ ဇော်ပိုင်၊ ဂျီလတ်တို့နှင့် စုံတွဲသုံး ပုဒ်သီဆိုထားကြောင်း သိရသည်။

‘‘အစ်မတော့ မေလ ၄ ရက် လောက်ထွက်ဖို့ ပြင်ထားတယ်။ အခွေက ပြီးသလောက်တော့ရှိ ပြီ။ဘေလ်ဘုတ်တွေလုပ်ဖို့ကျန် သေးတယ်။ Music ပုံစံက အစ်မဆိုနေကျပုံစံတွေလည်းပါတယ်။ ကန်းထရီးပုံစံလေးရော၊ ဂျက်ဇ်ပုံစံတစ်ပုဒ်ပါတယ်’’ဟု အဆိုတော်ချမ်းချမ်းက ပြောသည်။

ကြွေရုပ်ဟု ချစ်စနိုးခေါ်ကြ သော လသားအရွယ်သမီးလေး အသက်သုံးလပြည့်ပါက အမည် ပေးကင်ပွန်းတပ်နှင့် သန်လျင်ခြံ ၌ အိမ်တက်အလှူလုပ်ရန်ရှိ ကြောင်း ချမ်းချမ်းက ပြောသည်။

‘‘အခုလောလောဆယ် အစ်မတို့မိသားစု သန်လျင်ခြံထဲ မှာပဲ နွေရာသီတစ်နွေလုံးနေနေ ကြတာ။ အလုပ်ရှိမှ မြို့ထဲအိမ်ကို ပြန်ကြတယ်။ဟိုမှာက ခြံနဲ့ဘာနဲ့ ဆို တော့ သမီးလေးလည်း ပျော်နေတယ်။ သင်္ကြန်တွင်းတည်းက သမီး လေးနဲ့ အတူတူနေပေးနေတာ ဒီလကုန်ပြီး မေလကျရင် အလုပ် ပြန်လုပ်ရမှာ’’ဟု အဆိုတော် ချမ်းချမ်းက ပြောသည်။

နှစ်လအချိန်ကြာမြင့်သော ခရီးစဉ်ဖြစ်မည့် အမေရိကသို့ ဖျော်ဖြေရေးသွားရန် ယခင်က စီစဉ်ထားသော်လည်း သမီးလေး ငယ်သေးသောကြောင့် ယင်းခရီး စဉ် ဖျက်လိုက်ရကြောင်း ချမ်းချမ်း က ပြောသည်။

7Day Daily
No.355 Monday, April 21,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...