Edinburgh Napier University မှ ပညာသင်ဆု ပေးအပ်မည်

အတွဲ (၁၅)၊ အမှတ် (၁၄)

Photo: www.thedrum.com

စင်ကာပူနိုင်ငံရှိ PSB Academy တွင် အင်္ဂလန်နိုင်ငံ Edinburgh Napier University ၏ ပညာသင် ဆုဖြစ်သော စင်ကာပူ ဒေါ်လာ ၂၀၀၀ ကို မြန်မာကျောင်းသားများ အတွက် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆု စင်ကာပူဒေါ် လာ ၂၀၀၀ ကို Bachelorတန်း နှင့် Master တန်းတို့၏ ဖေဖော်ဝါရီလနှင့် ဇွန်လ ကျောင်းဖွင့်ချိန်များ အတွက် မြန်မာနိုင်ငံမှ ကျောင်းသားများအား ချီးမြှင့်မည်ဖြစ်သည်။ ၎င်း Edinburgh Napier University သည် အရှေ့တောင် အာရှရှိ စင်ကာပူနိုင်ငံ PSB Academy နှင့် ချိတ်ဆက်ထားပြီး Edinburgh Napier University မှ ဘွဲ့လက်မှတ်များကို PSB Academy တွင် ကုန်ကျစရိတ်သက် သာစွာဖြင့် သင်ယူ ရရှိနိုင်မည်ဖြစ်သည်။

ဘွဲ့ဒီဂရီတန်း အတွက် ဝင်ခွင့် သတ်မှတ်ချက်များမှာ (ပညာသင်နှစ် ကင်းလွတ်ခွင့် လျှောက်ထားချင် သူများ အတွက်) မြန်မာနိုင်ငံမှ စီးပွားရေး ဆိုင်ရာ ဘာသာရပ် နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာ၊ အဆင့်မြင့် ဒီပလိုမာ အောင်မြင်ပြီး ထားသော ကျောင်းသားများ၊ မြန်မာနိုင်ငံမှ စီးပွားရေးဆိုင်ရာ ပညာရပ်များကို သင်ကြားနေသော အစိုးရ တက္ကသိုလ်များနှင့် ပုဂ္ဂလိက ကျောင်းသားများ၊ မြန်မာနိုင်ငံမှ စီးပွားရေးဆိုင်ရာ ပညာရပ်များကို သင်ကြားနေသော အစိုးရ တက္ကသိုလ်နှင့် ပုဂ္ဂလိက သင်တန်း ကျောင်း များမှ ကျောင်းသားများသည် ပညာသင်နှစ် ကင်းလွတ်ခွင့်များဖြင့် Edinburgh Napier University ၏ ဘွဲ့ဒီဂရီတန်း ကို လျှောက်ထားခွင့် ရှိသည်။

အင်္ဂလိပ်စာ ဝင်ခွင့်သတ်မှတ်ချက်များမှာ Overall Band Score IELTS 6.0 with no sub-band less than 5.5 ရှိရမည်။ Master တန်းအတွက် ဝင်ခွင့် သတ်မှတ်ချက်များမှာ မြန်မာနိုင်ငံမှ ဘွဲ့ရပြီးသူများ မည်သူမဆို လျှောက်ထားခွင့်ရှိသည်။ အင်္ဂလိပ်စာဝင်ခွင့် သတ်မှတ်ချက်မှာ IELTs Score of 6.0 with no sub-band less than 5.5 ရှိရမည်ဖြစ်ပြီး လုပ်ငန်းခွင် အတွေ့အကြုံ သက်တမ်းမှာ ၂ နှစ်မှ ၅ နှစ် ဝန်းကျင်ဖြစ်သည်။

ပညာသင်ဆု လျှောက်ထားလိုသူများ အနေဖြင့် Myanmar Search International (MSI) နိုင်ငံခြား ပညာရေး ဝန်ဆောင်မှု၊ ဖုန်း-၀၁-၃၈၉၉၁၅၊ ၂၅၀၉ ၂၉၊ ၀၉-၅၁၀၃၉၁၅ နှင့်www. facebook.com/ Myanmarsear chinternational သို့ ဆက်သွယ် စုံစမ်းမေးမြန်း လျှောက်ထားနိုင်သည်။

သန္တာ
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...