Google နဲ့ HTC တို့ပေါင်းပြီး ၈လက်မအရွယ် Nexus 8 tablet နှစ်ကုန်ပိုင်းလောက် ထုတ်ဖို့အလားအလာရှိ


သီဟနိုင် on 2014-04-28 12:32

Google နည်းပညာကုမ္ပဏီကြီးနဲ့ ထိုင်ဝမ် ကုမ္ပဏီ HTC တို့ ပူးပေါင်းဖို့ ကြိုးစားနေကြတယ်လို့ ကောလာ ဟလ တွေ ထွက်ရှိလာပါတယ်။ ဒီကုမ္ပဏီနှစ်ခု ပေါင်းပြီး ထုတ်လုပ်ဖို့ရှိတဲ့ Nexus 8 tabletရဲ့ မျက်နှာပြင် ဟာ ၈လက်မ ရှိမှာဖြစ်ပြီး ၈ ဒဿမ ၉လက်မထိ ကြီးသွားနိုင်တဲ့ အလားအလာလည်း ရှိပါတယ်။

စက်တင်ဘာလ လောက်မှာ ထွက်ရှိမယ်လို့ မျှော်လင့်ရပြီး ကန်ဒေါ်လာ ၂၉၉ ကျသင့်ပါလိမ့်မယ်။

Googleဟာ သူ့ရဲ့ tablet ထုတ်လုပ်မှု ချဲ့ထွင်ဖို့အတွက် HTC ကို ချဉ်းကပ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင် ကတိတွေအရ Google ဟာ Asus နဲ့ ပူးပေါင်းခဲ့တာဆိုတော့ ခုလို HTC နဲ့ ပူးပေါင်းပြီး Nexus 8 table ထုတ်ဖို့ရှိတယ်ဆိုတဲ့ သတင်းဟာ ယုံကြည်နိုင်ဖွယ်ရှိပါတယ်။

Ref:dailymail.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...