Google ၏ Project Tango အဖွဲ့ နှင့် NASA တို့ ပူးပေါင်းပြီး အာကာသ စက်ရုပ်များ တီထွင်မည်



Google က Project Tango ကို ပြုလုပ်နေကြောင်း ဖေဖော်ဝါရီလ တွင် ကြေညာခဲ့ပါသည်။ Project Tango မှာ စမတ်ဖုန်း တွင် 3D Sensor များ တပ်ဆင်ထားပြီး လှုပ်ရှားမှုများ နှင့် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို စမတ်ဖုန်း က သိရှိပုံဖော်နိုင်မည်ဖြစ်သည်။ အဆောက်အဦး အတွင်း တည်နေရာ ညွှန်ပြမှုများ ကို စမတ်ဖုန်း က ပြုလုပ်ပေးနိုင်ပါသည်။ ဂိမ်းများ ကစားရာတွင်လည်း အသုံးပြုနိုင်မည် ဖြစ် သည်။ စမတ်ဖုန်း ရှိ Myriad 1 Vision Processor Chip သည် 3D ပုံရိပ်များ ကို တစ်စက္ကန့်လျှင် အကြိမ် နှစ်သိန်းခွဲ တိုင်းတာပေးနိုင်ပါသည်။ အဆိုပါ တိုင်းတာမှုများ မှတစ်ဆင့် 3D မြေပုံများ ပြုလုပ်ပေးနို င်ပါသည်။

ယခုအခါ Project Tango အဖွဲ့ နှင့် NASA တို့ ပူးပေါင်းပြီး NASA ၏ SPHERES စက်ရုပ်များ တွင် Project Tango ၏ စမတ်ဖုန်းများ တပ်ဆင်မည်ဖြစ်သည်။ SPHERES စက်ရုပ်သည် ဘောလုံး ပုံသဏ္ဍာန် ရှိပါသည်။ စက်ရုပ်များသည် အာကာသစခန်းတွင် အလိုအလျှောက် သွားလာနိုင်ပြီး အာကာသယာဉ်မှူးများ မပြုလုပ်နိုင်သည့် အလုပ်များ ကို ပြုလုပ်ပေးနိုင်ပါသည်။ စက်ရုပ် တွင် စမတ်ဖုန်း တပ်ဆင်ပေးခြင်းဖြင့် စမတ်ဖုန်း က 3D မြေပုံများ ကို ပုံဖော်ပေးမည် ဖြစ်ပြီး စက်ရုပ်များ သွားလာရာတွင် ပိုမိုလွယ်ကူစေရန် အထောက်အကူ ပြုမည် ဖြစ်သည်။

Project Tango Smartphone တပ်ဆင်ထားသည့် SPHERES စက်ရုပ်များ ကို ယခုနှစ် နွေရာသီ အတွင်းတွင် အာကာသသို့ လွှတ်တင်မည်ဖြစ်သည်။ Project Tango နှင့် NASA တို့ရဲ့ စမ်းသပ်မှု ကို အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါသည်။

https://www.youtube.com/watch?feature=player_embedded&v=Vc5YyLl1Ksg

Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...