Heat Stroke အဖြစ်များနေ ကာကွယ်မနှေး အထူးသတိပေး
ယနေ့ မြန်မာနိုင်ငံတွင်းရှိ တစ်ချို့ ကျေးလက်ဒေသနှင့် မြို့ ပြများတွင် အပူချိန်အလွန်ပြင်းထန်း လာနေခြင်းကြောင့် နောက်ဆက်တွဲအဖြစ် လူအများအပြားတွင် အပူရှပ်ရှြော့ဖစ်သည့် Heat stroke များအဖြစ်များနေပါသည်။
သက်ကြီးရွယ်အိုများ လူလတ်ပိုင်းများ ကလေးသူငယ်များ အရွယ်မရွေးဖြစ်ပေါ်နေပါသည် အခုလို့ ရာသီ ဥတုပူပြင်းသော အချိန်တွင် ကျန်းမာရေးအတွက် အရေးကြီးသောအချိန်အခါလို့ လည်း သတ်မှတ်လို့  ရနိုင်ပါသည်။
အဝလွန်သောသူများ အရက်သောက်သုံးသူများ နေ့ ခင်းပိုင်း နေပူထဲတွင် အလုပ်လုပ်နေသော သူများ အထူးသတိထားကြပါ ။ သက်ကြီးရွယ်အိုများကို အရိပ်ကောင်းပြိး အေးသောနေရာတွင် သွားရောက်နေ ထိုင်ပါ သည်လိုအပူရှိန်ပြင်းထန်သည့်ဥတုရာသီတွင် အရေးကြီးပါသည်။
Heat stroke သည် လူ့ ခန္ဓာကိုယ်တွင် အပူဒဏ်ခံရသော ဖြစ်စဉ်ခံစားမှု့ တွင် အဆိုးဝါးဆုံးဖြစ်ပြီး လူ့ အသက်ပင် အန္တရာယ်ပြု့ နိုင်ပါသည်။
အပူရှိန်မြင့်မားသည့် အရှိန်ကြောင့် လူခန္ဓာကိုယ့်ရေဓာတ်များဆုံးရှုံးခြင်းများလာလို့  အာခေါင်တွေခြောက် ကပ်လာမယ် ချွေးများစွာထွက်ပေါ်လာခြင်းကြောင့် ထပ်မံပြီးတော့ ဓာတ်ဆားတွေပါ ဆုံးရှုံးလာသည့် အတွက် လူ့ ခန္ဓာကိုယ်သည် မလှုပ်ချင်ဖြစ်ပြီး အင်အားများချည်းနဲ့ လာပါသည် သည်လို့ အချိန်တွင် လူခန္ဓာကိုယ်အရေပြားတွေက ခြောက်သွေ့ လာကာ ကိုယ့်အပူရှိန်မြင့်တက်လာပြီး သတိမေ့ခြင်း အဖြစ်ရောက်ရှိလာနိုင်ပါသည် အလွန်ပင်အရေးကြီးသည်အခြေအနေလည်းဖြစ်ပါသည် ။ အချိန်မီကုသဖို လိုအပ်ပါသည် ။ အချိန်မီကုသခြင်း မပြု့ လုပ်လျှင် အပူရှိန်မြင့်မားအပူရှပ်ခြင်းကြောင့် ကိုယ့်တွင်းအင်္ဂါ အစိတ်အပိုင်းများဖြစ်သော နှလုံး ၊ အသည်း ၊ ကျောက်ကပ် များ ပျက်ဆီးလာသည့်အပြင် ကြွက်သား များ နှင့် ဦးနှောဏ်ကိုပါ ပျက်ဆီးပြီး အသက်ပင်ဆုံးရှုံးနိုင်ပါသည်။ အရေးပေါ်အခြေအနေတွင် အချိန်မီ ကုသခြင်း မခံယူနိုင်ပါ နာရီပိုင်းအတွင်းတွင် ကမ္ဘာ ကမ္ဘာဟာ အဝေးသို့ရောက်နိုင်သည့်အတွက် အရေးကြီးသော အပူရှပ် ရှော့ဖြစ်ခြင်း Heat stroke ဖြစ်လို့ ပေါ့ပေါ့ဆဆ မနေသင့်ပါ။ နီးစပ်ရာဆေးရုံး သို့ အချိန်နဲ့ အညီအမြန်ဆုံးသွားရောက်ကုသပါလို့ ထပ်လောင်းပြောကြားလိုပါသည်။
ကြိုတင်ကာကွယ်မှု့ အနေဖြင့် အလွန်ပုပြင်းသည့် ရာသီဥတုအချိန်တွင် ပုံမှန်ထက် အရည်များ ဆုံး ရှုံးခြင်းကြောင်း အဓိကတော့ ရေများများသောက်ပေးပါ ။ သောက်လည်းသောက်သုံးသင့်ပါတယ်။
အရည်ဆိုတဲ့နေရာမှာ အရက်ကိုလုံးဝမသောက်သင့်ပါဘူး။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ကို ရေဓာတ် ခမ်းခြောက်မှု ပိုဖြစ်စေလို့ပါ။
သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည်စတဲ့ အရည်တွေကိုတော့ သောက်နိုင်ပါတယ်။ ဓာတ်ဆားဖျော်ရည်ကို အချိုးကျ အထုပ်ကြီး တစ်ထုပ်ကို ရေတစ်လီတာ ပုလင်းနဲ့ ဖျော်ပြီး ရက်ခြားသောက်ပေးပါ ချွေးထွက်များခဲ့ရင် တစ်နေ့ တစ်ကြိမ်သောက်သင့်ပါသည်။
ပူပြီး အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပါ။ ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးနဲ့ ဟင်းရွက် သုပ်တွေလို အစာတွေကို များများစားပေးပါလို့  အမျိုးသားကျန်းမာရေး အနေဖြင့် လေးလေးနက်နက် အသိပေး တင်ပြလိုက်ရပါသည်။
အပူဒဏ်ဘေးမှ ကင်းဝေးပြီး အသက်ရာကျော် ရှည်ပါစေ....
Mg Mandalay