တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး K-pop အဖွဲ့ လာမည်

တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး K-pop အဖွဲ့ရဲ့ ဖျော်ဖြေပွဲတခုကို ရန်ကုန် သုဝဏ္ဏ အားကစားရုံမှာ ဧပြီ ၃၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး လက်မှတ်ခ တွေကိုတော့ ကျပ်ငွေ တစ်သိန်းကနေ စသတ်မှတ်ထား တယ်လို့ မန်းသီရိ တေးသံသွင်း အရောင်းကောင်တာက စုံစမ်းသိရပါတယ်။



ဒီပွဲကို မြန်မာနိုင်ငံ တိုက်ကွမ်ဒို ဥက္ကဋ္ဌဖလားနဲ့ ဥက္ကဋ္ဌရန်ပုံငွေပွဲ အဖြစ် ဖော်ကျွန် အင်တာနေရှင် ကုမ္ပဏီ (Fortune International)က ကျင်းပတာ ဖြစ်ပြီး လက်မှတ်ခအဖြစ် ကျပ် ၁ သိန်း၊ ၇ သောင်း၊ ၅ သောင်း၊ ၄ သောင်းကနေ ၁ သောင်း ၅ ထောင်အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

K-pop အဖွဲ့မှာ နာမည်ကျော် တင့်တ်(Tint)၊ ဒန်လ် ရှာလ်ဘက် (Dal Shabet)၊ မိန်းကလေးနေ့ (Girl Day) နဲ့ မြန်မာကြိုက် ကိုရီးယား ဂီတပညာရှင် တချို့ ပါဝင်မယ်လို့ သိရပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...