Portrait ရိုက်ကူးရေးဆိုင်ရာ နည်းစနစ်များ (Inspirational Portrait Photography Techniques)

1. PHOTOSHOP
Portrait ရိုက်ပြီး ပါက Post Producton တွင် Photoshop ဖြင့် ပြင်ပါ။ ပုံကို နည်းပညာ ပေါင်းစပ်မှု များဖြင့် စိတ်ဝင်စားဘွယ်ရာ ဖြစ်လာအောင် ပြင်နိုင်လျှင် ပြင်ပါ။



2. TEXTURE
အရေးအကြောင်းဟု ဆိုရမည့် Texture သည် Portrait ပုံ တစ်ပုံ၏ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ် သည်။ Texture နှင့် နောက်ခံ Background တို့ လိုက်လျှော ညီထွေရှိရန် လိုသည်။ တစ်ပုံလုံးကို Texturizing အရေးအကြောင်း အကွက်အပြောက်တို့ဖြင့် ထုံမွန်းနိုင်လျှင် ပုံ၏အား ပိုတက်လာနိုင် သည်။ အောက်ပုံ၏ မျက်နှာပေါ်ရှိ Texture နှင့် အရောင် ၊ Background Texture နှင့် အရောင်တို့ Match up ဖြစ်နေသည်ကို ကြည့်ပါရန်။



3. OVEREXPOSE
Subject ကို Highlight ပေးထားလျှင် ဖြစ်စေ High-Key ပြုလုပ်ထားလျှင် Subject သည် soft portrait ဖြစ်လာကာ ကြည့်ရသည်မှာ ငြိမ့်ညောင်း လှပေမည်။ High-Key ပုံ မှာ အနုစိတ်ကလေးများကို ဖယ်ရှားလိုက်သည့်အတွက် ပုံသည် နူးညံ့ ချောမွေ့လာသည်။ အောက်ပုံကို ကြည့်ပါ။



4. UNDEREXPOSE
အကယ်၍ အမှောင်များများနှင့် Low-Key ရိုက်ထားသည့် ပုံတွင်မူ သဘာဝအရ ပုံ၏ လင်းနေသည့်အပိုင်း က ကြည့်သူ၏ မျက်လုံးကို ဆွဲခေါ်သွားလိမ့်မည်။ ကြည့်ရသည်မှာ High-Key ကိုကြည့်ရသည်နှင့် မတူ ဘဲ ကော်ဖီ ပြင်းပြင်း သောက်ရသကဲ့သို့ ခတ်မာမာ ကြည့်ရသည့် ပုံမျိုး ဖြစ်သည်။



5. BACK-LIGHT
Back-Light ဖြင့် ရိုက်သည်အခါတွင် အောက်ပုံကဲ့သို့ ဆံပင်သည် အဓိက ရောင်ပြန်နေရာ ဖြစ်လိုပါက ဆံပင် နေရာကို ရိုက်သူ နှင့် အလင်းရောင် အကြားတွင်ထားပါ။ Subject ကို အနည်းငယ် လှမ်းသော နေ ရာတွင် ထားခြင်းဖြင့် Silhouette ပုံလည်း ရနိုင်သည်။



6. POSING
ဟန်ပန် အနေအထားဟု ဆိုရမည့် Posing ကို အမြင်ဆန်းအောင် ထူးဆန်းသည့် ပုံစံမျိုး ဖြင့် Posing လုပ်ခြင်းသည် သက်တောင့် သက်ကာ မရှိစေကာမူ အမြင်ဆန်းသည်။ အောက်ပုံကို ကြည့်ပါ။ စင်စစ်အားဖြင့် Posing တစ်ခုထည်းသာမက ရိုက်သည့် ရှု ဒေါင့်အနေအထားလည်း လိုက်လျောညီထွေ ရှိရန် လိုအပ်သည်။



7. CULTURE
Culture ဆိုတာကတော့ နေရာတိုင်းတွင် ရှိသည့်အရာဖြစ်သည်။ နိုင်ငံအနှံ့အပြားတွင် မဆိုထားဘိ မိမိ ၏ မြို့ရွာ၌ပင် Culture ရှိသည်။ နေရာအနှံ့အပြား ခရီးထွက်စဉ် စိတ်ဝင်စားဘွယ်ရာ Cultural များကို ရှာဖွေပါ။



8. REFLECTIONS
ပြုတင်းပေါက်၊ မှန် ၊ ရေ တို့မှ ပြန်လာသည့် အလင်းတန်းများကို Subject အတွက် Reflection အဖြစ် သုံ နိုင်သည်။ အဆိုပါ Light source များမှ Result နှင့် texture အမျိုးမျိုး ရနိုင်သည်။



9. SHADOWS
အရိပ်ကိုပုံ၏ အရေးကြိးသည့် အစိတ်အပိုင်း အဖြစ်သုံးပါ။ တစ်ခါတစ်ရံတွင် အရိပ်သည် Main subject ထက် ပို၍ပင် ထင်ပေါ်သည့် အနေအထားရောက်လာ တတ်သည်။



10. GET CLOSE
Subject ၏ မျက်နှာကို မည်ကဲ့သို့ crop လုပ်ကာ ဖယ်ထုတ်လိုက်ရမည် ဆိုသည့် နည်းနိသယ မရှိပါ။ Crop လုပ်ပြိးနောင် ပုံတွင် ကျန်ရစ်ခဲ့မည့် အပိုင်းသည် ကြည့်သူ၏ အာရုံကို ဆွဲဆောင်နိုင်မည့် အစိတ် အပိုင်း ဖြစ်ရန်တော့လိုသည်။



11. (UN)FOCUS
Out-of -Focus ဖြစ်နေသည့် အပိုင်းသည် In-Focus ဖြစ်နေသည့် အပိုင်းထက်ပို၍ပင် စိတ်ဝင်စားဘွယ် ရာ ကောင်းတတ်သည်။ မသဲမကွဲ ဖြစ်နေသည့် အပိုင်းကို ကြည့်သူ၏ မသိစိတ်တွင် သိလိုသည့် စိတ် ဖြစ်ပေါ်စေအောင် ဆွဲဆောင် နိုင်သည်။



12. MOVEMENT
အောက်ပုံကဲ့သို့ ပုံတစ်လုံး ၀ါး (Blur) ဖြစ်နေပါစေ အဆိုပါ Blur သည် Movement ကို ပြနေပေ သည်။ အောက်ပုံကဲ့သို့ အနေအထားတွင် တကယ့် Subject အစစ် ကိုပြသည်ထက် ဤ Subject မည်ကဲ့ သို့ ဖြစ်နေပါလိမ့် ဟူသည့် အတွေးကိုပေးသည်။



13. CAPTURE THE MOMENT
တစ်စုံ တစ်ဦး၏ သူနှစ်သက်ရာကို လုပ်ဆောင် နေစဉ် ထို Moment ကို ဖမ်းထားလိုက်ခြင်း ဖြစ်သည်။ အမျိုးမျိုးသော ဟန်ပန်အနေအထားများ ဖြစ်နိုင်သည်။ Street Photography တွင် အဆိုပါ Moment များ ရနိုင်သည်။



14. COLORS
Subject အား အာရုံ စိုက်လာနိုင်ရေးအတွက် Vibrant and Contrasting Colour များသုံးရန် လိုသည် makeup, clothing, accessories တို့ အပြင် အခြားသင့်လျှော်ရာ များကိုလည်း သုံးနိုင်သည်။



15. GET SERIOUS
Portrait အာလုံးသည် အပြုံးတွေ ဝေ နေရမည်ဟု တသမတ်ထည်း မှတ်၍မရ။ မျက်နှာအသွင်အပြင်၏ Seriuos Emotion သည်လည်း အဓိကနေရာတွင် ရှိသည်ကို သတိပြုပါ။ အောက်ပုံ၏ မျက်နှာတွင် Highly Emotion ကို တွေ့ နိုင်သည်။



16. PROPS
ပတ်ဝန်ကျင်တွင်ရှိနေသည့် ပစ္စည်းပစ္စယများ၏ အထောက်အပံ့ ဖြင့်လည်း စတ်ဝင်စားဘွယ် ဖြစ်လာစေ ရန် ဆောင်ရွက်နိုင်သည်။ Subject ကို အဆိုပါ ပစ္စည်းများ၏ မည်သည့်နေရာတွင် - in, on, under, around, etc. ထား၍ အသုံးပြုလျှင် ကောင်းမည်ကို ကြည့်ပါ။



PDF file ကို ဒီနေရာမှာ ရယူပါ...

Credits: ဆရာဦးစိုးလှိုင် (Country Road)
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...