Samsung Galaxy Gio GT-S5660 ကို Root ပြီး CWM သွင်းမယ်

ဖုန်း ဘက်ထရီဟာ ၇၀% ခန့် အားပြည့်နေရပါမယ်။ Root မလုပ်ပဲ CWM (Clock Work Mod) Recovery သွင်းလို့မရပါဘူး။ ဒါ့ကြောင့် Root အရင် လုပ်ရပါမယ်။



၁။ Root လုပ်ဖို့အတွက် Update.zip

ဖိုင်လေးကို ဒီလင့်ကနေ ဒေါင်းပါ။

၂။ ဖုန်းဘက်ထရီဖြုတ်။ ၁၀ စက္ကန့်ကြာမှ ဘက်ထရီ ပြန်တပ်ပါ။ ပြီး Home Button နဲ့ Power Button ကို တွဲဖိပြီး Recovery Mode ကိုဝင်ပါ။

၃။ Apply update zip from sd ကနေ စောစောက ဒေါင်းထားတဲ့ Update.zip ဖိုင်လေးကို ရွေးပေးလိုက် ပါ။

၎။ Reboot system now
Root လုပ်တာပြီးပါပြီ။

CWM Recovery သွင်းမယ်

အောက်ကဟာလေးတွေ ဒေါင်းပါ။

CWM ကို ဒီလင့်ကနေဒေါင်းပါ။

Odin နဲ့ Ops ကို ဒီလင့်ကနေဒေါင်းပါ။
Samsung Kies ကို ဒီလင့်ကနေဒေါင်းပါ။
Samsung Driver ကို ဒီလင့်ကနေ ဒေါင်းပါ။
Kies, Driver နဲ့ Odin ကို Computer မှာ Run ထားလိုက်ပါ။

၁။ ဖုန်းကို ပါဝါပိတ်ပါ။ Vol Down Button ရယ် Home Button နဲ့ Power Button ကို တွဲနှိပ်ပီး Download Mode ကို ဝင်ပါ။

Vol Up Button ကို နှိပ်ပြီး ဖုန်းကို Computer မှာ ချိတ်ပါ။
Odin ကို ဖွင့်ပါ။ Odin ပထမ အကွက်မှာ အောက်ကပုံ လိုပြပါမယ်။




၂။ Odin ရဲ့ OPS button ကိုနှိပ်ပီး GIO_
v1.0.ops file ကိုထည့်ပါ။ အောက်က ပုံကို ကြည့်ပါ။


၃။ One Package , Auto Reboot , Protect OPS ကို အမှန်ခြစ်ပေးပါ။ အောက်က ပုံကို ကြည့်ပါ။



၎။ Odin ရဲ့ One
Package button မှာ cwm-5.0.2.7-
ext4only-
odin.tar.md5 ကို ထည့်ပါ။ အောက်က ပုံကို ကြည့်ပါ။


၅။ Start button ကိုနှိပ်ပါ။ Odin က CWM သွင်းနေပါလိမ့်မယ်။ Odin ရဲ့ အပေါ်ဆုံး ပထမအကွက်မှာ
PASS! message ပြပီး Auto Reboot ကျသွားရင် CWM သွင်းခြင်း ပြီးဆုံးပါပြီ။


Power ပိတ်ပီး Recovery Mode ကို ဝင်ကြည့်လိုက်ပါ။ အောက်ကပုံ လို CWM Recovery Mode ကို ရောက်ကို တွေ့ရပါမယ်။



FAIL message ပြရင်တော့ ဖုန်းကို ကွန်ပြူတာကနေ ဖြုတ်ပီး အစကနေ ပြန်လုပ်ပါ။

အဆင်ပြေပါစေ။

Source: MMSD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...