Sewol ကူးတို့သင်္ဘော ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ကိုရီးယားဝမ်သန်းတစ်ရာစီ လှူဒါန်းတဲ့ ဆောင်းဆောင်ဟွန်းနဲ့ ရူဟွန်ဂျင်း



တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ဆောင်းဆောင် ဟွန်းနှင့် LA Dodger ကြေးစား ဘေ့စ်ဘော အသင်းမှ နာမည် ကျော်ကစားသမား ရူဟွန်ဂျင်းတို့ သည် Sewol ကူးတို့သင်္ဘော ကယ်ဆယ်ရေး လုပ်ငန်းများအ တွက် ကိုရီးယားဝမ်သန်းတစ်ရာ (အမေရိကန်ဒေါ်လာ ၉၆,၃၀၀) စီ လှူဒါန်းခဲ့သည်။

လက်ရှိတွင် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသော ကေဒရာမာစ တားဆောင်းဆောင်ဟွန်းသည် Sewol ကူးတို့သင်္ဘောကယ်ဆယ် ရေးလုပ်သားများနှင့် စေတနာ့ဝန် ထမ်းများအတွက် ကိုရီးယား ၀မ် သန်းတစ်ရာလှူဒါန်းခဲ့ကြောင်း နှင့် ယင်းသို့လှူဒါန်းခြင်းသည် ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါ ၀င်နိုင်သော အကောင်းဆုံးနည်း လမ်းဖြစ်သည်ဟု ယူဆကြောင်း ဆောင်းဆောင်ဟွန်း၏ အေဂျင်စီ ကပြောကြားခဲ့သည်။

ကေဒရာမာစတား ဆောင်း ဆောင်ဟွန်းက ‘‘Sewol ကူးတို့ သင်္ဘောနစ်မြုပ်မှုအတွက် အရမ်း စိတ်မကောင်းဖြစ်ရပါတယ်။ ပျောက်ဆုံးနေသူအားလုံးကို ဘေးအန္တရာယ်ကင်းစွာ ရှာတွေ့ နိုင်ပါစေလို့ ဆုတောင်းပါတယ်’’ ဟု ဧပြီ ၁၆ ရက်တွင် တွစ်တာ စာမျက်နှာ၌ ရေးသားခဲ့သည်။

သရုပ်ဆောင် ဆောင်း ဆောင်ဟွန်းအပြင် အမေရိကန် ဘေ့စ်ဘောအသင်း LA Dodger မှ ကြေးစား ကစားသမား ရူဟွန် ဂျင်းကလည်း ကူးတို့သင်္ဘော ကယ်ဆယ်ရေးလုပ်ငန်းအတွက် ကိုရီးယားဝမ် သန်းတစ်ရာ လှူ ဒါန်းခဲ့သည်ဟု သိရသည်။

Ref:Allkpop
7Day Daily
No.354 Sunday, April 20,2014 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...