အာရှ နိုင်ငံသားများအတွက် Asian Peacebuilders Scholarship ပေးအပ်မည်



ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ကျွမ်းကျင်သည့် လူငယ်များ ဖြစ်လာစေရန်နှင့် ကမ္ဘာ တစ်ဝန်းရှိ အဖွဲ့အစည်းများ တွင် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်စေဖို့ အသင့် ရှိစေရန် ရည်ရွယ်၍ Nippon Foundation မှ The Asian Peacebuilders Scholarship ကို ပေးအပ်မည် ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ပညာသင်ဆုကို မြန်မာ၊ ဂျပန်၊လာအို၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ဖိလစ်ပိုင် နိုင်ငံများမှ နိုင်ငံသူ၊ နိုင်ငံသားများ လျှောက်ထားနိုင်မည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထား သူ၊ သက်ဆိုင်ရာ နယ်ပယ်များတွင် လုပ်ငန်း အတွေ့အကြုံ နှစ်နှစ်ရှိသူများ လျှောက်ထား တက်ရောက်နိုင် မည်ဖြစ်သည်။ Programme တွင် အင်္ဂလိပ်စာ သင်တန်းပါရှိသည့် အတွက် လျှောက်ထားသူများ အနေဖြင့်အင်္ဂလိပ်စာ အရည်အချင်း သိပ်မရှိသူများလည်း လျှောက်ထားနိုင်သော ပညာသင်ဆုဖြစ် သည်။

ပညာသင်ဆု ရရှိသူများသည် Master of Arts Programmes ကို University of Peace (UPEACE) နှင့် Ateneo de Manila University (AdMU) များတွင် တက်ရောက်ရမည်ဖစ်ပြီး သင်တန်းကာလမှာ သင်တန်းသားများ၏ အင်္ဂလိပ်စာ အရည်အချင်း ပေါ်မူတည်ပြီး ၁၈ လ (သို့) ၂၁ လအထိ ကြာမြင့် မည်ဖြစ် သည်။ အင်္ဂလိပ်စာသင်တန်းကို ဖိလစ်ပိုင်ရှိ AdMU တွင် ၉ လ တက်ရောက်ရမည်ဖြစ်ပြီး Intermediate English ကို ၆ လ၊ Advanced English ကို ၃လ တက်ရောက်ရမည် ဖြစ်သည်။ ၂၀၁၅ ခုနှစ်၊ မတ်လမှ စတင်ကာ အင်္ဂလိပ်စာ သင်တန်းကို စတင်တက်ရောက်ရမည်ဖြစ်ပြီး ၎င်းတို့ သတ်မှတ်ထားသော အင်္ဂလိပ်စာ အရည်အချင်းများကို ရရှိအောင် ကြိုးစားရမည်ဖြစ်သည်။ Programmes တွင် International Law and Human Rights, International Law and the Settlement of Disputes, Gender and Peace Building, International Peace Studies, Peace Education, Media, Peace and Conflict Studies, Urban Governance and Peace, Responsible Management and Sustaionable Economic Development, Environment, Development, and Peace with possible specialisation in: Sustainable Food Systems (SFS), Climate Change Policy (CCP), Environmental Security and Governance (ESG) Sustainable Natural Resource Management (SNRM) များကို သင်ကြားရမည်ဖြစ်သည်။

သင်တန်းသားများသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှ ၂၀၁၆ ခုနှစ် မေလအထိ အမေရိကန်နိုင်ငံ Costa Rica ရှိ UPEACE တွင် အထက်ပါ ဘာသာရပ်များထဲမှ အထူးပြု ဘာသာရပ်တစ်ခုကို စတင် တက်ရောက်ရ မည်ဖြစ်ပြီး၂၀၁၆ ခုနှစ် ဇွန်လမှ ဇူလိုင်လ အထိ ဖိလစ်ပိုင်ရှိ AdMU တွင် အာရှတွင် ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပတ်သက်သည့် အထူးပြုဘာသာရပ်နှစ်ခုကို ဆက်လက် တက်ရောက်ရ မည်ဖြစ်သည်။ ပြီးဆုံးပါက ဇူလိုင်လမှ စက်တင်ဘာလအထိ ဖိလစ်ပိုင်တွင် Field Project တစ်ခုကို ပြုလုပ်ရမည်ပြီး စက်တင်ဘာလမှ နိုဝင်ဘာလအထိ ဖိလစ်ပိုင် AdMU တွင် ဆက်လက်၍ အထူးပြု ဘာသာရပ် နှစ်ခုကို ထပ်မံတက်ရောက်ရမည်ဖြစ်သည်။

သင်ကြားမှုအားလုံးပြီးဆုံး ပါက ဖိလစ်ပိုင်တွင် ဘွဲ့ဒီဂရီကို ချီးမြှင့်မည်ဖြစ်ပြီး လျှောက်ထားလိုသူများသည် သြဂုတ်လ ၂၈ ရက်နောက်ဆုံးထားကာ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ပညာသင်ဆု လျှောက် ထားလိုသူများသည် http://www.upeace.org/admissions/partnership-programmes/asian-peacebuild... တွင် အသေးစိတ် အချက်အလက်များကို လေ့လာနိုင်မည်ဖြစ်သည်။

Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၀)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...